၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်

ရွှေမန်း

၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်
ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ
၁၁ လတာအတွင်း ပြည်ပဝယ်
လက် နိုင်ငံများထံ ဆန်နှင့် ဆန်
ကွဲတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ
အမေရိကန် ဒေါ်လာ ၁ဝ၈၇ သန်း
ရရှိထားကြောင်း မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်က မတ် ၅
ရက်က ထုတ်ပြန်ထားသည်။

ဆန်၊ ဆန်ကွဲမက်ထရစ်တန်
ချိန် ၂၃၇၃၇ဝ၇ ဒသမ ၅ တန်
တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ
၁ဝ၈၇ သန်း ရရှိထားပြီး ဘင်္ဂလား
ဒေ့ရှ်နိုင်ငံက အများဆုံး ဝယ်ယူ
တာဖြစ်ကြောင်း MRF ထုတ်
ပြန်ချက်စာရင်းတွင် ဖော်ပြထား
သည်။

လအလိုက် တင်ပို့မှုကို
ကြည့်ရင် အောက်တိုဘာလမှာ
အများဆုံး တင်ပို့နိုင်ခဲ့ပြီး ဖေဖော်
ဝါရီလမှာ ဆန်၊ ဆန်ကွဲ တန်
ချိန် ၁၂၉၄၅၂ တန် တင်ပို့မှုမှ
အမေရိကန်ဒေါ်လာ ၅၂ သန်း
ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်း ဆန်
တန်ချိန် ၁၃၁၃၈ တန်၊ ဆန်ကွဲ
တန်ချိန် ၅၆၇၁ တန်ကို ပင်လယ်
ရေကြောင်းကုန်သွယ်မှုမှ တန်ချိန်
၁၂၉၄၅၂ ဒသမ ၉ တန် တင်ပို့
ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ တင်ပို့
နိုင်ခြင်းမရှိကြောင်း သိရသည်။

ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ၁၉၇ သန်း၊ စက်တင်ဘာလမှာ
၁ဝ၄ သန်း၊ အောက်တိုဘာလမှာ
၁၈၉သန်း၊ နိုဝင်ဘာလမှာ ၁၅၆
သန်း၊ ဒီဇင်ဘာလမှာ ၁၄၅ သန်း၊
ဇန်နဝါရီလမှာ ၈၇ သန်း၊ ဖေဖော်
ဝါရီလမှာ ၅၂ သန်းရရှိထား
ကြောင်းကိုလည်း MRF ၏
အချက်အလက်တွေအရ သိရသည်။

ဆန်နှင့်ဆန်ကွဲ အမျိုးအစား
နှစ်ခုထဲက ဆန်တင်ပို့မှုကိုကြည့်
ရင် ပြည်ပနိုင်ငံ ၂၁ နိုင်ငံက
အဓိက ဝယ်လိုအားရှိပြီး အဲဒီ
အထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက
အများဆုံးဝယ်ယူထားပြီး ဒုတိယ
အများဆုံးမှာ တရုတ်နိုင်ငံနှင့်
တတိယအများဆုံးမှာ ပိုလန်နိုင်ငံ
က အများဆုံးဝယ်ယူသူတွေ
အဖြစ် ရှိနေသည်။

ဆန်ကွဲကိုတော့ ပြည်ပနိုင်ငံ
ကိုးခုကနေ အများအပြား ဝယ်ယူ
လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဘယ်လ်
ဂျီယံနိုင်ငံတွေကနေ အများဆုံး
ဝယ်ယူလျက်ရှိသည်ကို စာရင်း
တွေမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
အနေဖြင့် ၂၀၂၄ ဧပြီလမှ ၂၀၂၅
မတ်လအထိ ဘဏ္ဍာနှစ်အတွင်း
ဆန်၊ ဆန်ကွဲတန်ချိန် ၂ ဒသမ
၅ သန်း တင်ပို့နိုင်ရန် ရည်မှန်း
ထားပြီး လက်ရှိအချိန်ထိ တန်ချိန်
၂ ဒသမ ၃ သန်းကျော် တင်ပို့ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.