၁၀ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၁၀၄၉ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

ရွှေမန်း

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ၁၀ လတာအတွင်း ပြည်ပဝယ်လက် နိုင်ငံတွေထံ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ကနေ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၀၄၉ သန်း ရရှိထား ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ဖေဖော်ဝါရီ ၁၀ ရက် က ထုတ်ပြန်ထားသည်။

ဆန်၊ဆန်ကွဲမက်ထရစ်တန် ချိန် ၂၂၄၄၂၅၅ တန် တင်ပို့မှု ကနေ အမေရိကန်ဒေါ်လာ ၁၀၄၉ သန်း ရရှိထားပြီး ဘယ်ဂျီယံ နိုင်ငံက အများဆုံး ဝယ်ယူတာဖြစ် ကြောင်း MRF ထုတ်ပြန်ချက် စာရင်းတွင် ဖော်ပြထားသည်။

လအလိုက် တင်ပို့မှုကိုကြည့် ရင် အောက်တိုဘာလမှာ အများ ဆုံး တင်ပို့နိုင်ခဲ့ပြီး ဇန်နဝါလ တွင် ဆန်၊ ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂၂၄၄၂၅၅ တန် တင်ပို့မှုမှ  ဒေါ်လာ ၁၀၁ သန်း ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ လအတွင်း ဆန် တန်ချိန် ၁၂၈၆၇ တန်၊ ဆန်ကွဲတန်ချိန် ၄၃၂၅ တန်ချိန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ၂၀၉၅၉၈ ဒသမ ၅ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ တင်ပို့နိုင် ခြင်း မရှိကြောင်း သိရသည်။

ဧပြီလမှာ ဒေါ်လာ ၅၅  သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန် လမှာ ၈၄ သန်းနဲ့ ဩဂုတ်လမှာ ၉၇ သန်း၊ စက်တင်ဘာလမှာ ၁၀၄ သန်း၊ အောက်တိုဘာလမှာ ၁၈၉သန်း၊ နိုဝင်ဘာလမှာ ၁၅၆ သန်း၊ ဒီဇင်ဘာလမှာ  ၁၄၅ သန်း၊ ဇန်နဝါရီလမှာ ၁၀၁သန်း ရရှိထားကြောင်းကိုလည်း MRF ၏ အချက်အလက်တွေအရ သိရ သည်။

ဆန်နှင့် ဆန်ကွဲ အမျိုးအစား နှစ်ခုထဲက ဆန်တင်ပို့မှုကိုကြည့် ရင် ပြည်ပနိုင်ငံ ၂၁ နိုင်ငံက အဓိက ဝယ်လိုအားရှိပြီး အဲဒီအထဲ မှာ ဘဂ်လားဒေ့ရှ်နိုင်ငံ က အများဆုံး ဝယ်ယူထားပြီး ဒုတိယအများဆုံး မှာ ပိုလန်နှင့် တတိယအများဆုံး မှာ တိုဂို က အများဆုံး ဝယ်ယူသူတွေအဖြစ် ရှိနေသည်။

ဆန်ကွဲကိုတော့ ပြည်ပနိုင်ငံ ၉ ခုကနေ အများအပြား ဝယ်ယူ လျက်ရှိပြီး ဘယ်လ် ဂျီယံ၊ တရုတ်နိုင်ငံတွေကနေ အများဆုံးဝယ်ယူလျက်ရှိတာကို စာရင်းတွေမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်အနေဖြင့် ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်လအထိ ဘဏ္ဍာနှစ် အတွင်း ဆန်၊ ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိအချိန်ထိ  တန်ချိန် ၂ဒသမ ၂ သန်းကျော် တင်ပို့ ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.