သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်

 

ရွှေမန်း

သီတင်းကျွတ်ကာလ ပိတ် ရက်များနောက်ပိုင်းမှသာ ပဲ၊နှမ်း ဈေးကွက် အရောင်းအဝယ် ပြန် လည် ကောင်းမွန်လာမည်ဖြစ် ကြောင်း ပဲ၊ နှမ်းကုန်သည်များ ထံက သိရသည်။  

လက်ရှိ ပဲ၊နှမ်းဈေးကွက်တွင် ပြည်တွင်းသုံး ကုလားပဲတစ်မျိုး သာ နေ့စဉ်အရောင်းအဝယ်ရှိနေ သည်။  

 သီတင်းကျွတ်ကာလ ဘဏ် ပိတ်ရက်များကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ အရောင်းအဝယ် မရှိသလောက် အေးနေကြောင်း၊ ပို့ကုန်ပဲနှင့် ပြည်တွင်းသုံး ပဲမာ လိုင်းများမှာ ပေါက်ဈေးမဖွင့် တော့ဘဲ ပြည်တွင်းသုံး ကုလားပဲ အုပ်စုသာ အရောင်းအဝယ် နေ့စဉ်ဈေးပြတ်နေသော်လည်း ပို့ကုန်ပဲများမှာ အရောင်းအဝယ် အေးနေကြောင်း၊ သီတင်းကျွတ် ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ၊ နှမ်းဈေးကွက်အရောင်းအဝယ် ပြန်သွက်လာနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဒုတိယဥက္ကဋ္ဌ ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ သီတင်းကျွတ်ကာလဆို တော့ ကုန်သည်တွေ ဒိုင်မဆင်း ကြဘဲ ခရီးသွားတာများတော့ အရောင်းအဝယ်မရှိသလောက် ဖြစ်နေပါတယ်။ ဘဏ်ပိတ်ရက် ရှည်ဆိုတော့ ငွေပေးချေမှု အဆင် မပြေတော့ အရောင်းအဝယ် သိပ် မဖြစ်ဘူး။ ကုလားပဲအုပ်စု ပဲ ဈေးကွက်တွင် အရောင်းအဝယ်ရှိ ပေမယ့် ကျန်ပဲမာလိုင်းတွေနဲ့ ပို့ကုန်ပဲတွေက ဈေးမပြတ်တာ များတယ်။ ပဲမာလိုင်းကလည်း ဈေးချမရောင်းသလို အရောင်း အဝယ်ကလည်း ခပ်အေးအေး ဖြစ်နေပါတယ်။ သီတင်းကျွတ် ပိတ်ရက်များနောက်ပိုင်းမှသာ အရောင်းအဝယ် ပြန်ကောင်းလာ စရာရှိပါတယ်´´ ဟု ၎င်းက ပြော သည်။

အောက်တိုဘာ ၁၆ရက်တွင်  ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ မတ်ပဲ(အသစ်) တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ ပဲစင်းငုံမှာ အရောင်းအဝယ်မရှိ ပေါက်ဈေးဖွင့်နိုင်ခြင်းမရှိ၊ ပဲတီ စိမ်းအညာတစ်အိတ်လျှင် ငွေကျပ်  ၂၄၀၀၀၀ ပေါက်ဈေးရှိနေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးကျဆင်းနေရာ အောက်တိုဘာ ၁၆ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ်  ၃၀၈၀၀၀၊ ကုလားပဲ V7  တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၂၀၀၀၊  ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။

 ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ဈေးအနည်းငယ်စီ ကျ ဆင်းလာရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊  ပဲထောပတ် တစ်အိတ်လျှင် အရောင်းအဝယ် ပေါက်ဈေးမရှိ၊  မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊  ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၅၀၀၀၊ ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၈၅၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာ လျှင် ငွေကျပ် ၈၁၀၀-၈၂၀၀ ပေါက်ဈေးရှိနေသည်။

အောက်တိုဘာ ၁၆ရက် တွင် နှမ်းမျိုးစုံအရောင်းအဝယ် မရှိ၊ ပေါက်ဈေးများသော်လည်း ဈေးတန်းများမှာ  အောက်တိုဘာ ၁၄ ရက် နောက်ဆုံး ပေါက်ဈေး များဖြစ်ရာ နှမ်းဖြူ(ရိုးရိုး)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ နှမ်းဖြူ(ဂျပန်)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊  နှမ်းနက်(စမုန်)၄၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၅၉၀၀၀၀၊ အက်စစ်လွတ် တစ်အိတ်လျှင်  ငွေကျပ် ၆၁၀၀၀၀- ၆၃၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.