” မကွေးတိုင်းအစိုးရက အုပ်ချုပ်ရေးဦးစီးဌာနနဲ့တွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို Maskများနဲ့ Hand Gelများ ဖြန့်ဝေပေးထားတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
လိုအပ်သမျှကို၊ကျိုးစားပြီး ဝေငှထားပါတယ်၊ မကွေးတိုင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊၂၅မြို့နယ်တမြို့နယ်လျှင် Mask၃၀၀၀၊ခရိုင်၅ခရိုင်၁ခရိုင်လျှင် Mask၄၀၀၀ဖြန့်ဝေပေးထားပါတယ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေအတွက် တမြို့နယ်လျှင် Mask၄၀၀၊ ၅၀၀မီလီလီတာဆန့် Hand gel၃၀ဘူး ဖြန့်ဝေပေးထားပါတယ်လို့ ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကို ပြောပါတယ်။
တိုင်းဒေသကြီးတခုလုံး၊လက်လုပ်လက်စားများကို အားလုံးနီးပါးထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊
တိုင်းကျန်းမာရေးဦးစီး၊ တိုင်းအစိုးရအဖွဲ့နှင့်၊ လုပ်အားပေးစေတနာရှင်များ စည်းဝေးတိုင်ပင်၍ Mask၊ ကာကွယ်ရေးဝတ်စုံ၊သာမိုမီတာအပူချိန်တိုင်း၊ အသက်ရှူစက်၊ဆပ်ပြာ၊ ပိုးသတ်ဆေးများကို လိုအပ်တဲ့နေရာတွေကို ဖြန့်ဝေပြီးကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။
တိုင်းအစိုးရထံတွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အလှူရှင်များမှ လှူဒါန်းသည့်လက်ကျန်စာရင်းမှာ
PPEဝတ်စုံ၄၉၁ခု၊ Mask၅၈၀၀၀ခု၊ Hand Gel၆၇၅ဘူး၊ ပိုးသတ်ဆေး၇၅လီတာ၊ မျက်မှန်၄၅ခု၊ ရာဘာလက်အိတ်၅၁၀၀ခု၊ Sunday Coffee၂၀ထုပ်ပါ၁ဖာ၊ Sunday Tea၂၀ထုပ်ပါ၁ဖာ၊ Platinum Coffee၂၀ထုပ်ပါ၁ဖာ၊ Face Mask၁၀၀၀ခု၊ သာမိုမီတာ၇ခု၊ N95၄၄၀ခု၊ကြက်အူချောင်း၅၀၀ထုပ် ကျန်ရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ
16339
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်
ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
15681
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
သတင်းများ
မကွေးတိုင်းအစိုးရက အုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို Maskများနဲ့ Hand Gelများ ဖြန့်ဝေပေးထား
April 13, 2020June 1, 2020
Leave a Reply