မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ

ရွှေမန်း

 မကွေးတိုင်းဒေသကြီး အတွင်းရှိ  Gဗဏ စနစ်ဖြင့် စိုက်ပျိုးထားသည့် နှမ်းများ စုပေါင်းရောင်းချပွဲတော်ကို  စက်တင်ဘာ ၃၀ ရက်မှ အောက် တိုဘာ ၁၂ ရက်အထိ  မကွေးမြို့ သင်ကြားရေး ဆေးရုံလမ်းရှိ မြင့်မြတ်တော်ဝင်ကုမ္ပဏီဂိုထောင် တွင် ရောင်းချနေကြောင်း မကွေး တိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံ မှ သိရသည်။

အောက်တိုဘာလဆန်းပိုင်း တွင် စမုန်နှမ်းနက် တစ်တင်းလျှင် ငွေကျပ် ၂၂၅၀၀၀ ဝန်းကျင်နှင့် နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးများနှင့် ရောင်းချနေခြင်းဖြစ်သည်။

GAP စနစ်ဖြင့် စိုက်ပျိုး ထားသည့် နှမ်းများကို စုပေါင်း ရောင်းချခြင်းမှာ တောင်သူများ အတွက် အဆင်ပြေမှုရှိသော ကြောင့် ၂၀၁၇ ခုနှစ်ကတည်း က စုပေါင်းရောင်းချလာခြင်း ဖြစ်ကြောင်း၊ GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် အခြားသီးနှံ များကိုလည်း စုပေါင်းရောင်းချ ပွဲတွေ ဆောင်ရွက်နေကြောင်း  မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ညွန့်က ပြော သည်။

စုပေါင်းရောင်းချပွဲတော်မှာ တစ်နှစ်ထက်တစ်နှစ် ရောင်းချမှု ပမာဏ ပိုမိုများပြားလာသလို ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် အစီအစဉ်ဖြစ် သည့်အပြင် တောင်သူများအတွက် ဈေးကောင်းပိုမိုရရှိကြောင်း နှမ်း စိုက်တောင်သူများက ပြောသည်။

 နှမ်းမျိုးစုံဈေးကွက်မှာ နယ်စပ်ကုန်သွယ်မှုများမှ တင်ပို့ နိုင်ခြင်းမရှိသော်လည်း ပြည်တွင်း ဆီစက်ပိုင်များ၏ ဝယ်လိုအား ကောင်းနေခြင်းကြောင့် မန္တလေး ဈေးကွက်တွင် အောက်တိုဘာ ၁၁ ရက်တွင်နှမ်းနက်(စမုန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၆၁၅၀၀၀-၆၃၅၀၀၀- ၆၆၀၀၀၀ ၊ နှမ်းဖြူ  ၄၅ ပိဿာတစ်အိတ် လျှင် ငွေကျပ်  ၃၅၀၀၀၀၊ နှမ်းညို  ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ်  ၂၉၀၀၀၀ ပေါက်ဈေးရှိနေ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.