ပြည်တွင်းပဲ၊ နှမ်းဈေးကွက်တွင်ကုန်သည် များ ငွေပေးချေမှုအဆင်မပြေတာကြောင့် အရောင်းအဝယ်အေးနေ


ရွှေမန်း

ပြည်တွင်းပဲဈေးကွက်တွင် ကုန်သည်များ ငွေပေးချေမှု အဆင် မပြေတာကြောင့် အရောင်းအဝယ် များအေးနေကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။

လက်ရှိပြည်တွင်းဘဏ်များ ၏ ငွေထုတ်ယူရာတွင် မူဝါဒ အပြောင်းအလဲများကြောင့် ပြည် တွင်းရောင်းဝယ်မှုများနှင့် ပို့ကုန် ရငွေ ပြန်လည်ထုတ်ယူရာတွင် အခက်အခဲမရှိသော်လည်း ပြည် တွင်းပွဲရုံများထံသို့ ငွေလွှဲရာတွင် ပြန်လည်ထုတ်ယူချိန်တွင် အကန့် အသတ်ဖြင့်သာ ထုတ်ယူရတာ ကြောင့်  အရောင်းအဝယ်များ အနည်းငယ်တုံ့ဆိုင်းသွားခြင်း ဖြစ် သည်။

ဆီထွက်သီးနှံများဖြစ်သည့် မြေပဲဆန်နှင့် နှမ်းမျိုးစုံမှာ အမျိုး အစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့် တက်လာသည်။

ပို့ကုန်ပဲများမှာ ငွေပေးချေမှု ပမာဏများတာကြောင့် လက်ရှိ  မှာအရောင်းအဝယ် ဆိုင်းငံ့နေ ကြောင်း၊ ပြည်တွင်းသုံးကုလားပဲ များမှာလည်း ငွေပေးချေမှု ပုံစံ အလိုက်သာ အရောင်းအဝယ် ကျဆင်းနေကြောင်း၊ လက်ရှိမှာ ပဲဆီလိုအပ်ချက်မြင့်မားနေလို့ မြေ ပဲဆန် တစ်မျိုးသာ အရောင်း အဝယ်ကောင်းနေကြောင်း၊ ပဲမာ လိုင်းများမှာ အရောင်းအဝယ်အေး နေကြောင်း  မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေ စင်သိန်းပွဲရုံ)က ပြောသည်။

  “ လက်ရှိမှာ ဘဏ်ငွေလွှဲ အခက်အခဲကြောင့် အရောင်းအဝယ် ဘာမှမဖြစ်ဘူး ဖြစ်နေတယ်။ ပဲကုန်သည်တွေ ငွေလွှဲကြောင့် ငွေပေးချေမှုမှာ တော်တော် အခက် အခဲ ဖြစ်နေပါတယ်။ ပဲမျိုးစုံတွေ အရောင်းအဝယ်တွေ အေးနေတဲ့ ကြားမှာ မြေပဲဆန်ကတော့ ဆီ စက်ပိုင်တွေ အဝယ်ကောင်းနေလို့ မြေပဲဆန် တစ်မျိုးပဲ ဈေးတက် အဝယ် သွက်နေပါတယ်။ ပဲဆီ က တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ထိ ဖြစ်လာပါတယ်။ ပဲ ဖတ်ဈေးကလည်း တစ်ပိဿာ ငွေကျပ် ၄၀၅၀ ထိ ဖြစ်လာပါ တယ်။ အခြား ပဲမာလိုင်းမှာ အရောင်းအဝယ်မရှိသလောက်ဖြစ် သွားပါတယ်။ ပို့ကုန်ပဲတွေလည်း ငွေပေးချေမှု အဆင်မပြေလို့ အရောင်းအဝယ်ဖြစ်တာကို မကြား ရတော့ပါဘူး။ ´´ ဟု ၎င်းက ပြောသည်။

ဇူလိုင် ၁၁ ရက်တွင် ပို့ကုန်  မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၂၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။      
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အမျိုးအစားလိုက် တစ် အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးကျဆင်းနေရာ  ဇူလိုင် ၁၁ ရက်တွင် ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ ကုလားပဲ  V7  တစ်အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀၊ ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေ ကျပ်  ၂၂၅၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀ အသီးသီး ပေါက်ဈေးရှိလာသည်။          

 ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ အဝင်ရှိ သလောက် အရောင်းအဝယ် သွက်နေသည်။ ပဲကြီးတစ်အိတ် လျှင် ငွေကျပ်  ၂၇၅၀၀၀၊ ပဲ ထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၄၄၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ် ပိဿာလျှင် ငွေကျပ် ၇၈၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၈၀၀၀ ပေါက်ဈေးရှိနေသည်။

ဇူလိုင် ၁၁ ရက်တွင် နှမ်း မျိုးစုံအနည်းငယ် ဆက်လက်မြင့် တက်လာရာ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၈၃၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၃၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေ ကျပ် ၃၈၅၀၀၀၊ နှမ်းညိုတစ် အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ပန်းနှမ်း တစ်အိတ်လျှင် ၂၀၅၀၀၀၊  အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။    

Leave a Reply

Your email address will not be published.