ပျိုးတဲ့ မျိုးစေ့၊ နိုင်ငံ့ သစ်တစ်ပင်ချင်း၊ သစ်တောတွေနဲ့ တိုင်းပြည်

ကောင်းဇော်

ပညာကို လူတိုင်းသင်ခွင့်ရစေတာက တိုင်းပြည်အတွက် သစ်စေ့ ပျိုးတာပါပဲ။
ပညာသင်ကြားခွင့်ကို ဘယ်မှာပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမျိုးးမှာပဲဖြစ်ဖြစ် လူတိုင်းသင်ခွင့်ရသင့်တယ်။
ပညာဆိုတာက လူတဦးဆီအတွက်လဲ အနာဂါတ်သစ်ပင်တွေ စိုက်တာပါပဲ။ ကျောင်းပညာရေးဖြစ်ဖြစ်၊ ကျောင်းပြင်ပပညာရေးဖြစ်ဖြစ် လူငယ်တိုင်း လက်လှမ်းမီနေသင့်တယ်လို့ ပညာရေးသုတေသီတွေ ဆိုလေ့ရှိပါတယ်။
မောင်စူးစမ်းက “ပညာနှင့် ပြည်သူ့ဘဝ”ဆောင်းပါး အဖွင့်မှာ “ပညာကို အခြေခံအားဖြင့် နှစ်ပိုင်းခွဲနိုင်သည်။ သင်ရိုးညွှန်းတမ်းတို့က ပို့ချသော ပညာနှင့် သင်ရိုးညွှန်းတမ်းပြင်ပမှ ပညာတို့ ဟူ၍ ဖြစ်သည်။ ပို့စ်မော်ဒန်က သင်ရိုးညွှန်းတမ်းတို့က ပို့ချသော ပညာကို အထွတ်အမြတ် စာသား (Sacred Text) ဟု မယူဆပေ။ သင်ရိုးညွှန်းတမ်းက ပေးသော ပညာသည် ခရီးဆက်နေရသော ပညာဖြစ်သည်။ ရိုးရိုးတစ်ခုတည်း ခရီးဆက်ရသည် မဟုတ်။ အခြားပုံပြင် (Narrative) တို့နှင့် ဆက်စပ်ပြီး တိုးတက်နေအောင် ကြိုးပမ်းနေရသော ပညာ ဖြစ်သည်”လို့ ရေးထားပါတယ်။
အတန်းတင်သင်ရိုးညွှန်းတမ်းရဲ့ ပြင်ပကနေ သက်မွေးပညာကိုလေ့လာသင်ယူနိုင်သလို Home schoolလို ပညာရေးကိုလဲ ထဲ့စဉ်းစားလို့ ရပါတယ်။
ပညာသင်တာမရပ်သင့်‌ဖူး။ ဒါ​ပေမဲ့ အဆိပ်အ​တောက်​ဖြစ်​စေမဲ့​နေရာမှာလဲမသင်သင့်၊. သင်သင့်တဲ့ပညာကိုဘယ်မှာသင်ရမလဲဆိုတာ​​သေချာ​ရွေးချယ်​ပေးတာကလူကြီးအလုပ်လို့ အမြဲပြော‌တဲ့အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦးက Home School ဆိူတာ သူများနိုင်ငံမှာ ရှိ​နေတာကြာလှပြီ။Angelina Jolie ရဲ့က​လေး​တွေ အခြား နာမည်ကြီး​တွေရဲ့က​လေး​တွေ​တောင် ဘယ်​ကျောင်းမှမပို့ဘူး။ အိမ်မှာဘဲဆရာနဲ့သင်တာ။ US မှာ home school ​တွေအများကြီး။မြန်မာမှာလဲအရင်ထဲရှိပါတယ်” လို့ ပညာရေးသင်ကြားမှုပုံစံအမျိုးမျိုးရှိနိုင်ကြောင်း ရှင်းပြပါတယ်။
သစ်ပင်တွေကို စိုက်ပျိုးတဲ့အခါ ရေမြေအနေအထားကို ကြည့်ပြီး လယ်ကွင်းစနစ်၊ တောင်ယာစိုက်ပျိုးနည်းစနစ်၊ စူးထိုးစိုက်ပျိုးနည်းစနစ်ဆိုပြီး အမျိုမျိုးအသုံးပြုရမှာဖြစ်ပါတယ်။
ဓါတု ဓါတ်ကြွင်းတွေကင်းဖို့၊ ဓာတ်မြေဩဇာတွေအလွန်အကျွံ ကျွေးခြင်း မခံရဖို့၊ အော်ဂဲနစ်ဥဏှောက် သုံးခွင့်ရဖို့က ဥဏှောက်ထဲ ဓါတုဆေးတွေ ထိုးသွင်းခံရတာက ကင်းဖို့လိုပါတယ်။
မောင်စူးစမ်းက သူ့ဆောင်းပါးထဲ လောကတွင် သင်ရိုးညွှန်းတမ်းက ပြောသော ပုံပြင်တို့သာ ရှိသည် မဟုတ်။ အခြားပုံပြင်တို့လည်း အမြောက်အမြားရှိသည်။ အခြားပုံပြင်တို့နှင့် သင်ရိုးညွှန်းတမ်းပညာကို ဆက်ဆံဆွေးနွေးကြရမည် ဖြစ်သည်။ ထို့ပြင် အစဉ်အလာတို့နှင့် ရင်ဆိုင်စကားပြောရမည်ဖြစ်သည်။ ထို့ပြင် သင်ရိုးညွှန်းတမ်းပညာကို ပြန်ပြန်ပြီး ဖတ်နေရမည်။ ပြန်ပြန်ပြီး ပုံသစ်လောင်း၊ မူသစ်လောင်း၊ သွေးသစ်လောင်းရမည်။ အပိုင်းအခြားအသစ်တို့ဖြင့် သင်ရိုးညွှန်းတမ်းပညာကို ပြန်လည် ပြောဆိုနိုင်ရမည်လို့ သုံးသပ်ပြထားပါတယ်။ ဆက်ပြီးတော့လဲ ပညာကို ကာလမရွေး၊ မှန်ကန်သောအရာ၊ ထိပ်မှ အောက် တစ်သံတည်းထွက်နေသောအရာတို့ အဖြစ် မယူဆအပ်ပေ။ ပြန်လည်မွမ်းမံ ပြင်ဆင်နိုင်သော လူမှုသမိုင်း တီထွင်ဆန်းသစ်မှုတို့အဖြစ် ပညာကို ရှုမြင်အပ်သည်။ ဤသဘောတို့ ရှုမြင်လျှင် ပညာသည် နိုင်ငံရေးဆောင်ရွက်ချက် ဖြစ်သည်။ အကြောင်းမူ ပညာသည် ပြင်ဆင်မွမ်းမံမှုတို့ကို ဖြတ်သန်းရင်း လူတို့၏ ပြည်သူ့ဘဝကို ဒီမိုကရေစီဆန်အောင် ပြုလုပ်ပေးနေရသောကြောင့် ဖြစ်သည် တဲ့။
ပညာရေးနဲ့ ဆက်ပြီး အထက်ပါအငြိမ်းစားကျောင်းဆရာမကြီး ပြောတာက စာသင်တာလုံးဝမရပ်သင့်ပါဘူး။ အဆိပ်အ​တောက်ဖြစ်​စေမဲ့ ပညာ​ရေးစနစ်​အောက်မှာလဲမသင်သင့်ဘူး။ ငယ်ကထဲကခံယူချက်​တွေလွဲကုန်ရင် သင်တာ​တွေအလကားဘဲ။စာသင်တာမရပ်ဘို့က မိဘမှာတာဝန်ရှိတယ်။ လက် ၂ဘက်ရှိသ​ရွေ့ ကိုယ့်သားသမီယပညာသင်နိုင်​အောင်​တော့ ရှာကိုရှာရမယ် အလုပ်ပိုလုပ်သင့်လုပ်ကြရမယ်လို့ ပြောပါတယ်။
အဓိကကတကယ်တတ်လာဖို့နဲ့ မှန်ကန်တဲ့ အသိပညာနဲ့ အ​တွေးအ​ခေါ်ပါတခါထဲသင်ယူနိုင်​အောင် မိဘက နည်းလမ်းရှာရမယ်လို့ ဆက်ရှင်းပြတယ်။ သူက ပညာ‌သင်ကြားတာနဲ့ပတ်သက်ပြီး အလေးအနက်ထားပြောတာက “ရပ်​နေရင်​တော့ ကျန်ခဲ့မှာတဲ့”။
ကျေးလက်ကလေးတွေရဲ့ ပညာဆည်းပူ၊ ပညာသင်ရေးအခွင့်ကလဲ အရေးပါပါတယ်။
မြို့ကြီးပြကြီးတွေမှာပဲ ပညာသင်ကြားခွင့်အပြည့်အဝရှိနေပြီး ကျေးလက်မှာတော့ ခက်ခဲနေတယ်ဆိုရင် မြို့တွေမှာ သစ်ပင်တွေစိမ်းလန်းနေပြီး အများစုဖြစ်တဲ့နိုင်ငံတဝှမ်းက မြေတွေမှာသစ်ပင်ကင်းမဲ့သလိုဖြစ်ပြီး ဆိုးဝါးတဲ့ရာသီဥတုဆက်ကြုံ နေရတတ်တယ်လို့ ဆိုကြပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁၀၉၈၅၁ နှင့် ကျရှုံးသူ ၅၁၉၉၉ ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရတယ်။ ၁၆၁၈၅၀ ဦး ဝင်ရောက်ဖြေဆိုတာ
၁၀၉၈၅၁ ဦး အောင်မြင်ပါတယ်။ တနိုင်ငံလုံး အောင်တဲ့ရာခိုင်နှုန်းက ၆၇.၈၇ ရှိတယ်။ ဖြေဆိုသူရဲ့ ၃ ပုံ ၂ ပုံ အောင်တဲ့သဘောလို့ပြောကြတယ်။
မကွေးတိုင်းဒေသကြီးက ဖြေဆိုသူ ၁၂၄၂၁၊ အောင်မြင်သူ ၉၃၂၁ရှိတဲ့အတွက် ၇၅.၀၄%နဲ့ အများဆုံးဖြစ်တယ်။
ပညာသင်သူများလာတဲ့အပေါ် ဆရာတွေမှာ ထမ်းရမယ့်ဝန်ကို တွေးပူနေကြတဲ့အသံတွေလဲ ကြားလာရတယ်။
လက်ရှိ သင်ကြားရေးနယ်ထဲက ကျောင်းဆရာတဦးက သင်ကြားရေးမှာ ကျောင်းသားဗဟိုပြု ပြဌာန်းပြီးသွားနေပေမဲ့ ဆရာဗဟိုပြုပဲ သင်နေရတယ်။ ကျောင်းသားတွေက ကြီးနေတာရယ်၊ တတန်းချင်းမှာ လူဦးရေများနေတာရယ်၊ သင်သူဘက်နည်းနေတာရယ်က ဆရာဗဟိုပြုဖြစ်နေတယ်။ ကျောင်းသားဘက်က တွေးခေါ်မှုအတွက် အချိန်မပေးနိုင်သလိုဖြစ်နေရတယ်လို့ ပြောပါတယ်။
ပညာရေးကို ဘယ်အထိုင်ဘက်က စဉ်းစားရင် လူ့အဖွဲ့အစည်းရဲ့ အနာဂတ် ပုံစံဟာ ဘယ်လိုမျိုးဖြစ်မလဲတွေးပူပြီး ပညာရေးလေ့လာသုံးသပ်သူတချို့ကလဲ ရေးသားပါတယ်။ သူတို့က “လူလားမမြောက်သေးတဲ့ ကိုယ့်မျိုးဆက်ရဲ့ အနာဂတ်ဘဝကို ကိုယ့်ရဲ့ အမြော်အမြင်က ပုံသွင်းပြဋ္ဌာန်းတာမျိုး ဖြစ်လိမ့်မယ်။ ဒါကို သေချာ ဂရုတစိုက် မစဉ်းစားရင်၊ နောင်တဆိုတာ နောက်ကျမှ ရမယ့် အမျိုးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ပညာရေးစနစ်နဲ့ ပညာသင်ကြားနိုင်ရေးက သစ်ပင်တပင်ချင်းစီနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်တွေလိုပါပဲ။ သစ်တပင်ချင်းစီ ဖွံ့ဖြိုးမှ တောအုပ်က စိမ်းလန်းသာယာမှာပါ။ တခါတခါကြတော့လဲ မှော်ရုံတောလို ခက်ခဲကြမ်းတမ်းတဲ့တောအုပ်ကို ဖြတ်သန်းရဖို့ကြုံရတဲ့အခါကြုံရနိုင်ပါတယ်။
သားသမီးမျိုးဆက်သစ်တွေရဲ့ပညာရေးကို ဆာမူရိုင်းတစ်ယောက် တဘက်နဲ့ ရင်ဆိုင်ရသလို ကြုံရတဲ့အခါ
မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေကို အာရုံခံထားပါ။
(ရှုံးပွဲမရှိဆာမူရိုင်း မီယာမိုတို မူဆားရှီ)

Leave a Reply

Your email address will not be published.