တောင်သူတွေ အဓိကသုံးစွဲနေတဲ့ မြေသြဇာ ၃ မျိုးအတွက် ရည်ညွှန်းစျေးထုတ်ပြန်

ရွှေမန်း

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက တောင်သူတွေ အဓိကသုံးစွဲနေတဲ့ မြေသြဇာ ၃ မျိုးအတွက် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်ထားသည်။

ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားသည်။

ဒေသအလိုက် သယ်ယူစရိတ်တွေအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.