စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို

ရွှေမန်း

 ပြည်တွင်းဆီဈေးကွက် အတွင်း စားအုန်းဆီ တင်သွင်းမှု များပြားနေခြင်းကြောင့် ပြည်တွင်း ဆီစက်ပိုင်များ ပဲဆီရောင်းချရမှု ကျဆင်းနေကြောင်း ဆီစက်ပိုင် များထံကသိရသည်။

ထိုသို့ ပဲဆီဈေးများကျဆင်း မှုနှင့်အတူ တောင်သူများတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ထားသည့် မြေပဲ ဆန်၊နှမ်းနှင့်နေကြာသီးနှံ  ပေါက် ဈေးများကျဆင်းလာပြီး အရောင်း အဝယ်အေးလာကြောင်း ပြည်တွင်း မှာ စားအုန်းဆီများ ယခုလို ပိုလျှံ နေခြင်းကြောင့် ဆီထွက်သီးနှံ စိုက်ပျိုးသည့် ကွင်းဆက်တစ်ခုလုံး ကိုထိခိုက်မှုရှိနေပြီး နိုင်ငံခြားငွေ သုံးစွဲမှု ပိုမိုများပြားနိုင်ကြောင်း မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆန်းထွန်းလွင် က ပြောသည်။

“ စားအုန်းဆီတွေက နယ်စပ် ကနေ မှောင်ခိုဝင်မဝင်တော့ သက်သေမရှိလို့ အတည်မပြုနိုင် ပါဘူး။ စားအုန်းဆီတွေ ဈေး ကွက်ထဲမှာ အလျှံပယ် များနေပါ တယ်။ လက်ရှိ ဆီစက်ပိုင် အများစုမှာ ၈နာရီတစ်ဆိုင်း လည်ပတ်ထွက်ရှိတဲ့ ပြည်တွင်း ထုတ် ပဲဆီများတောင် ကုန်အောင် ရောင်းချနိုင်ခြင်းမရှိပါဘူး။ ဒီတော့ ပြည်တွင်းက ဆီထွက်သီးနှံစိုက်ပျိုး တဲ့တောင်သူတွေ ဈေးကောင်းမရ သလို အရင်းတောင် အနိုင်အနိုင် ဖြစ်နေပါတယ်´´ ဟု ၎င်းက ပြော သည်။

လက်ရှိမှာ ပြည်တွင်းစားဆီ ဈေးကွက်သို့ ကုမ္ပဏီ ၂၆ ခုကနေ တစ်လလျှင် စားအုန်းဆီတန်ချိန် ၅၀၀၀၀ ဝန်းကျင် တင်သွင်းနေ ကြောင်း မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားသည်။

စာအုန်းဆီရည်ညွှန်းဈေးမှာ ဒီဇင်ဘာ ၁၆ရက်မှ ၂၂ရက် အတွင်း ရန်ကုန်အထိုင်ရည်ညွှန်း ဈေးမှာ တစ်ပိဿာငွေကျပ် ၇၂၅၀  သက်မှတ်ထားပြီး ယခင်သီတင်း ပတ်များထက် ဈေးနှုန်းအနည်း ငယ်ကျဆင်းလာကြောင်း တွေ့ ရသည်။

 ဒီဇင်ဘာ ၁၉ ရက်တွင် စားအုန်းဆီမှာ လက်လီဈေးကွက် မှာ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ ကျော်ပေါက်ဈေးရှိနေပြီး ပဲဆီဈေး ဈေးကွက်မှာ တစ်ပိဿာ လျှင် ငွေကျပ်  ၁၅၀၀၀-၁၅၅၀၀- ၁၆၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ်  ၁၄၅၀၀ ပေါက်ဈေးရှိ နေသည်။

ပြည်တွင်းမှာ ဆီဖူလုံမှုရှိစေ ရန်နှင့်စာအုန်းဆီသုံးစွဲရသည့် လုပ်ငန်းများအတွက် စားအုန်းဆီ တင်သွင်းနေခြင်းဖြစ်ပြီး ယင်းဆီ တင်သွင်းမှုအတွက် ဗဟိုဘဏ်မှ ဆီတင်သွင်းမှုများအတွက် ဒေါ်လာ များထုတ်ရောင်းချပေးလျက်ရှိ သည်။

ပြည်တွင်းဆီစက်များ ရောင်း အားကောင်းခြင်း၊ မကောင်းခြင်း မှာ ပြည်တွင်းဆီထွက်သီးနှံများ ဈေးနှုန်းအတက်အကျကို သက် ရောက်မှုရှိနေသလို စားဆီဈေး မှာစားအုန်းဆီများ ပိုလျှံနေခြင်း ကလည်း ပြည်တွင်း ပဲဆီဈေး ကွက်ကို တိုက်ရိုက်သက်ရောက် မှုရှိနေကြောင်း ဆီလုပ်ငန်းရှင် များထံက သိရသည်။

သို့ဖြစ်၍ ပြည်တွင်းဆီထွက် သီးနှံများ၏ဈေးကွက်မှာ တောင် သူများ စိုက်ပျိုးစရိတ်အောက် ကျဆင်းမှုမရှိလာစေရန် စားအုန်းဆီ တင်သွင်းမှုကို ချိန်ဆတင်သွင်း ရန်လိုအပ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.