ရွှေမန်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျဆင်းလာရာ တစ်ပိဿာ လျှင် (၆၉၀၅ကျပ်) ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။
ပြီးခဲ့သည့် တစ်ပတ် (၁၇.၂.၂၀၂၅)မှ (၂၃.၂.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၉၈၅ ကျပ်)ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၂၄.၂.၂၀၂၅) မှ (၂.၃.၂၀၂၅) ရည်ညွှန်းစျေး သည် (၆၉၀၅ကျပ်) ဖြစ်သဖြင့် (၈၀ကျပ် )စျေးကျသွားခြင်းဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Leave a Reply