ရွှေမန်း
မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး မန္တလေး ပဲ၊ နှမ်းဈေးကွက် တွင် ကုလားပဲသစ်များ ဝင်ရောက် လာသော်လည်း ဈေးကောင်း မရရှိသေးကြောင်း ပဲ၊ နှမ်းကုန် သည်များထံက သိရသည်။
ပို့ကုန်မတ်ပဲဈေးမှာ တည် ငြိမ်သော်လည်း ပဲစင်းငုံမှာ သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ကျော်ဖြင့် အနည်းငယ် အတက်အကျရှိသော်လည်း ဈေး ကွက်အတွင်း အရောင်းအဝယ် ခပ်သွက်သွက်ပြုလုပ်နေကြသည်။
မန္တလေးဈေးကွက်တွင် နယ်စုံမှ ကုလားပဲသစ်များ ပဲမာ လိုင်းများ အသစ်ဝင်ရောက်မှု ရှိလာသော်လည်း ဈေးကောင်းမရရှိ သေးကြောင်း၊ ပဲစင်းငုံမှာ အမြတ် နည်းနည်းဖြင့် ခပ်သွက်သွက် အရောင်းအဝယ်လုပ်နေကြပြီး ပမာဏများများ ဝယ်ယူတာမျိုး မရှိသေးကြောင်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀- ၂၇၆၀၀၀ ပေါက်ဈေးဖြစ်လာကြောင်း လက်ရှိပြည်တွင်းဒေါ်လာဈေး တည်ငြိမ်မှုကြောင့်လည်း ပို့ကုန် ပဲများဈေးအတက်အကျအနည်း ငယ်သာရှိကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
“ ပြည်တွင်းသုံးကုလားပဲ များ အသစ်ဝင်ရောက်မှုများ ရှိလာ သလို သုံးတင်းဝင်တစ်အိတ်လျှင် ၂၃၀၀၀၀-၂၃၅၀၀၀ လောက်နဲ့ ဈေးအေး၊ အရောင်းအေးဖြစ်နေ ပါတယ်၊ ပဲစင်းငုံကတော့ အနည်း ငယ် တက်လိုက်၊ ကျလိုက်နဲ့ အရောင်းအဝယ်သွက်သွက်ရောင်း ဝယ်နေကြပါတယ်၊ ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်မှုကြောင့် လည်း ပို့ကုန်ပဲဈေးများ ဈေး ကျဆင်းနေတာမျိုးပါ၊ လက်ရှိ မန္တလေးဈေးကွက်ကို ပဲသစ်များ ဝင်ရောက်မှုကလည်း ခန့်မှန်းရ ခက်ပါတယ်´´ ဟု ၎င်းက ပြော သည်။
ပြည်တွင်းပဲ၊ နှမ်းဈေးကွက် အတွင်း အသစ်ဝင်ပဲမျိုးစုံဝင် ရောက်မှုမှာ တဖြည်းဖြည်းဝင် ရောက်နေခြင်းကြောင့် ဈေးအတက် အကျအနည်းငယ်ရှိသော်လည်း လက်ရှိပေါက်ဈေးများထက် ဈေး နှုန်းထပ်မံကျဆင်းနိုင်တာမျိုး မရှိ နိုင်တော့ကြောင်း ပဲကုန်သည်များ က သုံးသပ်ထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ် လျှင် ငွေကျပ် ၂၇၇၅၀၀၊ ပဲစင်းငုံ မှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀-၂၇၆၀၀၀ ခန့် ပေါက် ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ) တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ပေါက်ဈေး ရှိနေသည်။
အသစ်ဝင် ပဲမာလိုင်းများမှာ ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၃၀၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၉၀၀၀၀၊ စားတော်ပဲ (ကနေဒါ) တစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၆၀၀-၉၇၀၀ ပေါက် ဈေးရှိနေသည်။
မန္တလေး ဈေးကွက်တွင် ပြောင်းဖူး(ဗမာ) ၅၄ပိဿာတစ် အိတ်လျှင် ငွေကျပ် ၈၃၀၀၀၊ ပြောင်းဖူး(ရှမ်း)၅၄ပိဿာတစ် အိတ်လျှင် ငွေကျပ် ၈၅၀၀၀၊ ပြောင်းဖူး(CP)၅၄ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၈၄၀၀၀၊ အထွက် တိုးပြောင်း(နီ)၅၃ပိဿာတစ် အိတ်လျှင် ငွေကျပ် ၈၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
နှမ်းမျိုးစုံ ဈေးကွက်မှာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆောင်း နှမ်းအသစ်များ ဝင်ရောက်လာရာ ဆောင်းနှမ်းနက် တစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀၀- ၅၃၀၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်အိတ်လျှင် ငွေ ကျပ် ၄၁၀၀၀၀၊ နှမ်းဖြူ(ဗမာ) တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးကွက်အတွင်း နှမ်းမျိုးစုံ ဝင် ရောက်မှုနည်းပါးသွားကြောင်း သိရသည်။
Leave a Reply