ရွှေမန်း ပြည်ပမှ ပဲပုပ်တင်သွင်းမှု ကိုလျှော့ချပြီး ပြည်တွင်းထုတ် လုပ်မှုကို အစားထိုးသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရ သည်။ ပြည်တွင်းတိရစ္ဆာန်အစာ အတွက်လိုအပ်သည့် အသားဓာတ် အဖြစ် ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းမှုကို ၃နှစ် အတွင်းအပြီး လျှော့ချသွားဖြစ်ကြောင်း၊ ပြည် တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ်ဖတ်တွေကို အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းနေရတာကို ၃နှစ်အတွင်း အပြီးလျှော့ချသွားမှာပါ။တိရစ္ဆာန် အစာအတွက်လိုအပ်တာကို ပြည် တွင်းက ပဲပုပ်ဆီဖတ်တွေနဲ့ အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်နေပါ တယ် ´´ ဟု ၎င်းကပြောသည်။ ပြည်တွင်းမှာ ပဲပုပ်ကို ကြက်၊ ဝက်နှင့်...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
Tag: <span>Lastted post</span>
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ရွှေမန်း မြေပဲအထွက်နှုန်းကောင်းမွန် စေရန် စနစ်တကျမြေဩဇာသုံးစွဲ သင့်ကြောင်းနှင့် ထိုမှသာ မြေပဲ အထွက်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြေပဲသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မိုးနည်းရပ်ဝန်း ဒေသများဖြစ်သော မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် အများအပြားစိုက်ပျိုးရာမှာ မြေပဲသီးနှံသည် နုန်းမြေနှင့်သဲ မြေတွင် စိုက်ပျိုးရန် အကောင်း ဆုံးဖြစ်သည်။ ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာ ၌ ဇွန်၊ ဇူလိုင် မိုးခေါင်၍ အပင် ကြီးထွားမှုမရှိဘဲ ရပ်တန့်နေရာမှ ဩဂုတ်လတွင် မိုးပြန်လည်ရရှိ ခြင်းကြောင့် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုရသလောက် အထွက် ယူ ရိတ်သိမ်းရမည့် အခြေအနေ များ တွေ့ရပါသည်။ အဆိုပါတောင်သူများအနေ ဖြင့် စွယ်ချချိန်အတွက် သင့် တော်သည့် ကွန်ပေါင်းမြေဩဇာ ၁၂...
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ရွှေမန်း ပြည်တွင်းသကြားဈေးတည်ငြိမ်နေ ပြည်တွင်းထွက်ရှိသည့် သကြားများတွင် ပြည်ပတင်ပို့နိုင် သည့် အရည်အသွေးမီ သကြားဖြူ ပမာဏ နည်းလာတာကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလည်း နည်းလာနိုင်သည်။ ၂၀၂၃-၂၀၂၄ ကြံရာသီ တွင် ထုတ်လုပ်ခဲ့သည့် သကြား များမှာ ရာသီနောက်ကျကြိတ် ဝါးမှုများကြောင့် အရည်အသွေး ကောင်း ပထမအဆင့် သကြား ဖြူထွက်ရှိသည့်ပမာဏ နည်းပါး ခဲ့ပြီး ဒုတိယတန်းစား သကြား များသာ ပိုမိုထွက်ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပို့ကုန်သကြားတင်ပို့ မှုလျော့နည်းနိုင်ပြီး ပြည်တွင်း တွင်သကြားပိုလျှံမှုများနေနိုင် ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဝင်ဌေးက ပြောသည်။ “ သကြားရာသီအသစ် ပြီးပြီးချင်းမှာ သကြားတန်ချိန် တစ်သိန်းကျော် တင်ပို့ထားခဲ့ပြီး နောက်ပိုင်းမှာ အရည်အသွေး ကောင်းသကြားဖြူပမာဏက နည်း သွားတော့...
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
ရွှေမန်း ဇူလိုင်လကုန်ပိုင်းကတည်း က နှမ်းမျိုးစုံဈေးတဖြည်းဖြည်း မြင့်တက်လာရာ နှမ်းနက်(စမုန်) တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀ ကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာသည်။ ဩဂုတ် ၁၅ ရက်တွင် နှမ်း နက်နှင့်နှမ်းဖြူတို့ကို ပြည်ပဝယ် ယူမှုများရှိနေပြီး အက်ဆစ်လွတ် နှမ်းတွေကတော့ ဈေးကောင်းရရှိ နေကြောင်း ဆောင်းနှမ်းလက်ကျန် ဈေးကွက်ထဲ နည်းလာပြီး နွေနှမ်း များ အရောင်းအဝယ်ကောင်းနေ ကြောင်း နှမ်းကုန်သည်တစ်ဦးက ပြောသည်။ “ နှမ်းက ဆီလိုအပ်ချက် ကြောင့် ပြည်တွင်းဆီစက်တွေက ဝယ်ယူသလို ပို့ကုန်သမားတွေ ကလည်း ဈေးကို စောင့်ကြည့် ဝယ်ယူနေလို့ တဖြည်းဖြည်း ဈေး မြင့်တက်လာပါတယ်။ ငွေဈေးကို ကြည့်ပြီး ပစ္စည်းဝယ်ယူထားကြ တဲ့သဘောမျိုးနဲ့ ဝယ်ယူနေကြ တာပါ။ ဆောင်းနှမ်းက လက်ကျန် နည်းတော့ အသစ်ဝင်...
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
ရွှေမန်း အသစ်ဝင် မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာ ကြောင့် ဈေးအနည်းငယ်ကျဆင်း လာကြောင်း ပဲ၊ နှမ်းကုန်သည် များထံမှ သိရသည်။ ပဲ၊ နှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများအပါအဝင် ပြည်တွင်း သုံးကုလားပဲအုပ်စု အမြင့်ဆုံးဈေး များ ရောက်ရှိခဲ့ပြီး နိုင်ငံခြားငွေဈေး ကျဆင်းမှုနှင့်အတူ အနည်းငယ် ပြန်လည်ကျဆင်းသွားရာ ပဲအမျိုး အစားအလိုက် အနည်းငယ်ကျ ဆင်းသွားသော်လည်း လက်ကျန် မြေပဲဆံ အဟောင်းများမှာ တစ်ပိဿာ ငွေကျပ် ၁၁၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ ဩဂုတ်လတတိယသီတင်း ပတ်အစတွင် ဈေးမြင့်တက်နေ သည့် မြေပဲဆံအနည်းငယ် ကျဆင်းသွားကြောင်း တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော် ပေါက် နေသည့် မြေပဲဆံမှာ အသစ်ဝင် ရောက်မှုများရှိလာတာကြောင့် မြေပဲဆံအသစ်များမှာ ဈေး အနည်းငယ်ကျဆင်းသွားကြောင်း၊ ပြည်တွင်းနှမ်းမျိုးစုံမှာလည်း...
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ရွှေမန်း မန္တလေးဈေးကွက်တွင် လက်ကျန်နည်းလာသည့် မြေပဲ ဆန် ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၉၈၀၀ ထိ ပေါက်ဈေးဖြစ်လာကြောင်း ကုန် သည်များထံက သိရသည်။ ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းမှု လျှော့ချထားတာ ကြောင့် မြေပဲဆီသုံးစွဲမှုမြင့်မား လာသလို ဈေးကွက်အတွင်း မြေပဲလက်ကျန် နည်းလာတာ ကြောင့်လည်း တဖြည်းဖြည်း ဈေးမြင့်တက်နေသည့် မြေပဲဆန် မှာ ဩဂုတ်လဆန်းပိုင်းတွင် တစ်ပိဿာ ငွေကျပ် ၉၈၀၀ထိ ပေါက်ဈေးဖြစ်လာသလို ဆက် လက် ဈေးမြင့်တက်နိုင်ကြောင်း ပဲကုန်သည်တစ်ဦးက သုံးသပ် ထားသည်။ “ ပြည်တွင်းဆီစက်ပိုင်များ ဆီကြိတ်အားကောင်းနေတာနဲ့ လက်ကျန်မြေပဲကလည်း နည်း နေတော့ မြေပဲဆန်ဈေးက တစ် ပိဿာ ငွေကျပ် ၉၈၀၀ ထိ မြင့်တက်လာပါတယ်။ အသစ် ဝင်...
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ရွှေမန်း ဗဟိုဘဏ်၏ ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲကြောင့် ပို့ ကုန်ပဲများ အနည်းငယ် ဈေးမြင့် တက်လာကြောင်း ပဲ၊နှမ်းကုန် သည်များထံမှ သိရသည်။ ဗဟိုဘဏ်၏ ပို့ကုန်မူဝါဒ ၂၅ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း သက်မှတ်ချက်ကြောင့် မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်မှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀၀၀၀ခန့် ဈေးမြင့်တက်လာ ကြောင်း၊ ပြည်တွင်းသုံး ကုလား ပဲ အုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးငြိမ်လျက် ရှိနေကြောင်း ပြည်တွင်းဆီစက်ပိုင်များ၏ ဝယ် လိုအား ကောင်းနေတာကြောင့် နှမ်းမျိုးစုံနှင့်မြေပဲဆန်မှာ ဝယ်လို အားကောင်း ဈေးမြင့်တက်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။ “ ပို့ကုန်ရငွေအပေါ် မူဝါဒ အပြောင်းအလဲ သတ်မှတ်ချက် ကြောင့်...
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
ရွှေမန်း ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း မှာရရှိသည့် ပို့ကုန်ရငွေမှ ယခင် ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင် နှုန်းသို့ မြန်မာငွေလဲလှယ်ရန် ဗဟိုဘဏ်က သတ်မှတ်လိုက်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မ(ခ)အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာ အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ပို့ကုန်တင်ပို့သူများ ပို့ကုန် တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့် ကြော်ငြာစာအမှတ်(၁၂/၂၀၁၂) သတ်မှတ်ရည်ညွှန်းချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင် ရွက်ရန်ဖြစ်ကြောင်း (၆-၁၂-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၂၃)ဖြင့် ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယခုအခါ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏...