Home Lastted post

Tag: <span>Lastted post</span>

Post
သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်  

သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်  

  ရွှေမန်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များ အသင်းမှကြီးမှူး၍ ပြည် တွင်း ဆီဖူလုံမှုကို ဖော်ဆောင် သည့်အနေဖြင့်ဆီစက်များ၏ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ များ ကို သီတင်းကျွတ်ဈေးရောင်းပွဲ တော် အဖြစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ်၊မင်းရဲကျော် စွာလမ်းရှိ  (UMFCCI)  ရှေ့တွင် ဈေးနှုန်းသက်သာစွာ ၃ ရက်တိုင်တိုင် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ဈေးရောင်းပွဲ ရောင်းချရေးကော်မတီ ထံမှ သိရသည်။ သီတင်းကျွတ်ဈေးရောင်းပွဲ တော်တွင်ပါဝင်ရောင်းချမည့် ဆီများမှာ FDA လက်မှတ်ရပြီး ဆီအရည်အသွေးစံချိန်စံညွှန်း ကိုက်ညီမှုရှိရမည့် အပြင် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ထားသော် အမှတ်တံဆိပ် ၊ ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်လည်းကိုက်ညီသည့် အရည်အသွေးကောင်းပဲဆီသန့် ပိဿာချိန် ၉၀၀၀၀...

Post
ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ

ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ

ရွှေမန်း ပြည်တွင်းသို့ နိုင်ငံခြားမျိုးစေ့ များ တရားဝင်တင်သွင်းနိုင်ခြင်းမရှိသဖြင့်ဝတောင်သူများအနေဖြင့် မျိုးစေ့ ဈေးကြီးမြင့်ခြင်းနှင့် ပြည်တွင်းမျိုးစေ့များသာကို သုံးစွဲနေရ ကြောင်း တောင်သူများထံက သိရသည်။ ပြည်တွင်း၌ စပါး၊ ပဲ၊ နှမ်း၊   မြေပဲနှင့် ကြက်သွန်၊ ပဲမျိုးစုံတို့မှာ ပြည်တွင်းမျိုးများဖြင့် လည်ပတ် အဆင်ပြေနေသော်လည်း ပြောင်း၊ ငရုတ်၊  ခါကျက်ဥ၊ ဖရဲ၊ သခွား နှင့်  စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်များမှာ နိုင်ငံခြားမျိုးများ ကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ရာ လက်ရှိအချိန်တွင် အသစ်ဝင်ရောက် သည့် မျိုးစေ့မရှိသဖြင့် မျိုးဈေး ကွက်တွင် ဈေးကြီးမြင့်မှုများနှင့် ဝယ်ယူရရှိရန် အခက်ခဲရှိကြောင်း  ဖရဲ၊ သခွားစိုက်တောင်သူတစ်ဦး က ပြောသည်။ “ လက်ရှိပြည်တွင်းကို မျိုးစေ့  တင်သွင်းဖို့ အခက်ခဲရှိနေပါတယ်။ တချို့လည်း ထိုင်းနိုင်ငံမှတစ်ဆင့်  တင်သွင်းပြီး...

Post
ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် သကြားဖြူဈေး မြင့်တက်လာ

ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် သကြားဖြူဈေး မြင့်တက်လာ

ရွှေမန်း ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့်အခြေအနေ များကြောင့် ပို့ကုန်တန်းဝင် သကြားဖြူဈေး အနည်းငယ်မြင့် တက်လာကြောင်း သကြားကုန် သည်များထံက သိရသည်။ မြန်မာနိုင်ငံ၏ ကြံရာသီမှာ ဒီဇင်ဘာလတွင် စတင် ကြိတ်ဝါး ပြီး မတ်လကုန်တွင် ကြံရာသီကုန် မည်ဖြစ်ကာ ယခုအချိန်တွင် ကြံရာသီစတင်ရန် နှစ်လခန့်သာလိုတော့သည့် အချိန်တွင် ပြည်တွင်းသကြားစက် ကြီးနှစ်လုံးမှာ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်း သကြားဈေး အနည်းငယ်မြင့်တက် လာခြင်း ဖြစ်သည်။ “ ကြံရာသီရောက်ဖို့က နှစ်လ လောက်ပဲ လိုတော့တာပါ။ ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ်သကြား စက်တို့မှာ အခြေအနေအကြောင်း ကြောင်းကြောင့် စက်ရုံမလည် ပတ်နိုင်ခြင်းမှာ စိုးရိမ်သော ကြောင့် ပြည်တွင်းမှာ ပို့ကုန်တန်းဝင် သကြားဖြူဈေးက အနည်းငယ်မြင့်တက်လာတာပါ။ ပြည်တွင်းသုံး...

Post
ဧရာ၀တီမြစ်မြေနုကျွန်းကျေးရွာများတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ဧရာ၀တီမြစ်မြေနုကျွန်းကျေးရွာများတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ရွှေမန်း ဧရာ၀တီမြစ်မြေနုကျွန်း ကျေးရွာများတွင် စက်တင်ဘာ လကုန်တွင် မြစ်ရေကျဆင်းမှုနှင့် အတူ  အောက်တိုဘာလဆန်း ပိုင်းတွင် ဆောင်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိသည်။ ဆောင်းစိုက်သီးနှံများကို စက်တင်ဘာလနောက်ဆုံးသီတင်း ပတ်တွင် ရေထပ်မံမြင့်တက်လာ ခြင်းမရှိတော့သဖြင့် မြေပြုပြင်ကာ တောင်သူများ စတင်စိုက်ပျိုး လျက်ရှိကြောင်း၊ ထိုသို့စိုက်ပျိုး ရာတွင် ဈေးကွက်ဈေးကောင်းရရှိ ပြီး ဒေသနှင့်ကိုက်ညီဖြစ်ထွန်း သည့် မြေပဲနှင့် ကန်စွန်းဥကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင်  စက်သုံးဆီဈေးများ ဈေးမြင့်တက်သောကြောင့် မြေပြု ပြင်စရိတ်နှင့် စိုက်ပျိုးခများ ယခင် နှစ်ထက် ပိုမိုကုန်ကျနေကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်း ကျေးရွာမှ တောင်သူ ဦးခင်မောင်ရင်က ပြော သည်။ “ တော်သလင်းလမှာ ဧရာ ၀တီမြစ်ရေ ထပ်မံမတက်တော့ ဘဲ ရေကျဆင်းသွားတာနဲ့ မြေပြင် ထွန်ရေးထယ်ရေးဝင်ပြီး...

Post
ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်းအသစ်ဝင်မိုးမြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ

ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်းအသစ်ဝင်မိုးမြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ

  ရွှေမန်း ပို့ကုန်ပဲများဈေးငြိမ်နေသော် လည်း အသစ်ဝင်မိုးမြေပဲနှင့် နှမ်း မျိုးစုံဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရ သည်။   ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စု ဈေးတက် ဈေးကျ အနည်းငယ်နှင့်သာ အရောင်းအဝယ် အနည်းငယ် အေးနေသည်။  အောက်တိုဘာလဆန်းပိုင်း မှာ ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာ ဈေးများကျဆင်းလာသော်လည်း  ပဲ၊ နှမ်းဈေးကွက်မှာ ပို့ကုန်ပဲ များနှင့် ပြည်တွင်း သုံး ကုလားပဲ များမှာ ဈေးတည်ငြိမ်နေကြောင်း၊  ပြည်တွင်းသုံး ပဲမာလိုင်းများမှာ လည်း လက်ကျန်နည်းလာကာ ပဲသစ်စိုက်ပျိုးချိန်ဖြစ်သော ကြောင့် ဈေးကျဆင်းမှုမရှိသော် လည်း အရောင်းအဝယ်အေးနေ ကြောင်း မန္တလေးအောက်ပိုင်း ဒေသများမှာ မိုးမြေပဲ အသစ်ဝင် ရောက်မှုများလာသဖြင့် မြေပဲ လုံးဆန်ဈေးများ ကျဆင်းသလို မြေပဲဆီဈေးများလည်း...

Post
စက်မှုကုန်ကြမ်းလိုအပ်ချက်များသည့် ရော်ဘာစိုက်ပျိုးခြင်းဖြင့်နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိမည်  

စက်မှုကုန်ကြမ်းလိုအပ်ချက်များသည့် ရော်ဘာစိုက်ပျိုးခြင်းဖြင့်နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိမည်  

ရွှေမန်း စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များသည့်  ရော်ဘာကို ပြည်တွင်းမှာ စီးပွား ဖြစ် စိုက်ပျိုးခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ တိုးမြင့်ရရှိစေမည်။ ပြည်တွင်းထွက်ရှိသည့် ရော်ဘာကို ပြည်ပသို့ စက်မှုကုန် ကြမ်းအဖြစ်သာ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပြီး ပြည်တွင်း စက်မှုလုပ်ငန်းများသို့လည်း အနည်း ငယ် ရောင်းချလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများထံက သိရသည်။ ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင်  အများဆုံးစိုက် ပျိုးပြီး ရန်ကုန်၊ပဲခူး၊ဧရာ၀တီတိုင်း ဒေသကြီးတို့တွင် စီးပွားဖြစ် စိုက် ပျိုးထုတ်လုပ်လျက် ရှိသည်။ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ နယ်သည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင် မြေလွတ်မြေရိုင်းများစွာ ရှိသည့်အလျောက် တောင်ကုန်း တောင်တန်းများတွင် ရော်ဘာ စိုက်ပျိုးဖြစ်ထွန်းပြီး စီးပွားဖြစ်...

Post
 ပို့ကုန်ကုလားပဲဈေးမြင့်တက်သော်လည်းပို့ကုန်ပဲများနှင့် အခြား ပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေ

 ပို့ကုန်ကုလားပဲဈေးမြင့်တက်သော်လည်းပို့ကုန်ပဲများနှင့် အခြား ပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေ

ရွှေမန်း ပို့ကုန်ကုလားပဲ  ဈေးမြင့် တက်သော်လည်း ပို့ကုန်ပဲများ နှင့် အခြားပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေကြောင်း ပဲကုန်သည်များထံက သိရသည်။ မန္တလေးကုန်စည်ဒိုင်မှ ပွဲစား ကုန်သည်များ ရေဘေးသင့်ဒေသ များသို့ သွားရောက်ကူညီနေမှု များကြောင့် ပဲ၊နှမ်းဈေးကွက် တွင် အရောင်းအဝယ်အနည်း ငယ်အေးနေခြင်း ဖြစ်သည်။လာမည့်ဆောင်းစိုက်ရာသီ အတွက် ပွဲရုံများက တောင်သူ များအတွက် မြေပဲနှင့် ပဲမျိုးစုံ မျိုးစေ့အဝယ်ရှိလာသည်။ ပို့ကုန်ကုလားပဲ V7 တစ်မျိုး သာ ဈေးဆက်လက်မြင့်တက် လာသော်လည်း ကျန်ပို့ကုန်ပဲများ နှင့် ပဲမာလိုင်းများမှာ  ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းသမား ကလည်း ပုံမှန်သာရှိနေသလို အဝယ်သမားကလည်းအတင်း လိုက်ဝယ်တာမျိုးမရှိ  လိုရောင်း လိုဝယ်ဈေးကွက်နဲ့သာ ငွေပေး ချေမှုပေါ်မူတည်ပြီး အရောင်း အဝယ်ပုံမှန်တန်းသာရှိနေကြောင်း  လက်ရှိအချိန်တွင် ဆောင်းစိုက်...

Post
နိုင်ငံတစ်ဝန်းရေကြီး၊ ရေလျှံမှုများကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းကျော် ပြန်လည်စိုက်ပျိုးရမည်

နိုင်ငံတစ်ဝန်းရေကြီး၊ ရေလျှံမှုများကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းကျော် ပြန်လည်စိုက်ပျိုးရမည်

ရွှေမန်း   နိုင်ငံတစ်ဝန်း ရေကြီး၊ရေလျှံ   မှုများကြောင့် သီးနှံစုံစိုက်ပျိုးဧက ​ခုနှစ်သိန်းကျော် ရေဝင်နစ်မြုပ် ခဲ့ပြီး ၎င်းထဲမှ လုံး၀ပျက်စီးသွား သည့် စိုက်ခင်းများလည်းရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနက သိရသည်။ ပျက်စီးသွားသည့် သီးနှံ များကို ပြန်လည်စိုက်ပျိုးရာမှာ စနစ်တကျ ရာသီအလိုက် ပြန် လည်စိုက်ပျိုးရန် လိုအပ်ကြောင်း ၎င်းပျက်စီးစိုက်ဧကများအနက် စပါးစိုက်ခင်း ရေနစ်မြုပ်မှုများ အတွက် မြန်မာ့အာမခံလုပ်ငန်းမှ သီးနှံအာမခံအတွက် ရန်ကုန်၊ မန္တလေး၊ ဧရာ၀တီ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ လျော်ကြေးငွေကျပ် ၁၂ ဒသမ ၂၆၅ ဘီလီယံပေးလျော်သွားမှာ ဖြစ်သည်။ ရေဘေးသင့် စိုက်ပျိုးတောင်သူ များကို ချေးငွေနှင့် ထောက်ပံ့ငွေ များ ပေးအပ်သွားရန်ရှိပြီး လက်  ရှိအချိန်တွင် မြို့နယ်အလိုက်၊ ကျေးရွာအလိုက်၊...

Post
မိုးနှမ်းများ အထွက်နှုန်းနည်း၊ အရည်အသွေးလျော့ကျမှုများ ကြောင့် ဈေးအနည်းငယ် ကျဆင်းလာ

မိုးနှမ်းများ အထွက်နှုန်းနည်း၊ အရည်အသွေးလျော့ကျမှုများ ကြောင့် ဈေးအနည်းငယ် ကျဆင်းလာ

ရွှေမန်း မိုးရာသီစိုက် မိုးနှမ်းများ ထွက်ရှိလာချိန် မိုးရွာသွန်းမှုများ ကြောင့် အထွက်နှုန်းနည်း၊ အရည် အသွေးလျော့ကျမှုများကြောင့် ဈေးကွက်အတွင်း မိုးနှမ်းဈေးများ အနည်းငယ်ကျဆင်လာကြောင်း နှမ်းကုန်သည်များထံက သိရသည်။ ဇွန်လဆန်းပိုင်းက စတင် စိုက်ပျိုးသည့်မိုးနှမ်းအများစုမှာ ရိတ်သိမ်းကာနီး မိုးရွာသွန်းမှုများ ကြောင့် အထွက်နှုန်းကျဆင်းခဲ့ ကြောင်း၊  မိုးနှမ်းရိတ်သိမ်းမှု  အပြီးကောင်းမွန်စွာ နေလှန်းချိန် ကောင်း ကောင်းမရရှိသည့် နှမ်း စိုက် ဒေသအချို့မှ မိုးနှမ်းများ အက်စစ်လွတ်မှု နည်းပါးသော ကြောင့် မိုးနှမ်းဈေးများ အနည်း ငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ ဒေသအစုံမှ မိုးနှမ်းများဝင်ရောက် မှုများကြောင့်လည်း နှမ်းမျိုးစုံ ဈေးကွက် အနည်းငယ်ကျဆင်း လာခြင်းဖြစ်ကြောင်း နှမ်းကုန် သည် ဦးချစ်ဝင်းက ပြောသည်။ “ ဒီနှစ် နှမ်းပေါ်ကာနီး မိုး မိတာတွေရှိတော့ အထွက်နှုန်း လည်းကျ...

Post
အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအား လွတ်လပ်စွာတင်ပို့ခွင့် ပြုလာ

အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအား လွတ်လပ်စွာတင်ပို့ခွင့် ပြုလာ

ရွှေမန်း အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ တင်ပိုမှုအတွက် အနိမ့်ဆုံးပို့ကုန် တန်ဖိုး တစ်တန်ဈေးနှုန်း အမေရိ ကန် ဒေါ်လာ ၅၅၀ သတ်မှတ် ချက်ကိုဖယ်ရှားပြီး လွတ်လပ်စွာ တင်ပို့ခွင့်ပြုခြင်းကို စက်တင်ဘာ ၁၃ ရက်က အိန္ဒိယကုန်သွယ်ရေး အထွေထွေညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် ကြောင်း နယူးဒေလီမြို့ စီးပွားရေး သံမှူး ဦးမျိုးမြင့်အောင်၏ ပေးပို့ ချက်အရ သိရသည်။  ကြက်သွန်နီတင်ပို့ရာတွင် တစ်တန်အနိမ့်ဆုံး ပို့ကုန်တန်ဖိုး သတ်မှတ်ချက်အားဖယ်ရှားခြင်း ကြေညာချက်သည် ချက်ချင်း အကျိုးသက်ရောက်မှုရှိမည်ဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။  အိန္ဒိယအစိုးရသည် ယခင် နှစ်က ရာသီဥတုဖောက်ပြန်မှုများ ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံ ရေးအတွက် ကြက်သွန်နီတင်ပို့မှု တွင် အနိမ့်ဆုံးပို့တန်ချိန်ဈေးနှုန်း များသတ်မှတ်ခြင်း၊ အကောက်ခွန် နှုန်းထားကိုလည်း ၄၀...