Home lasted post

Tag: <span>lasted post</span>

Post

တရုတ်နယ်စပ် ကုန်သွယ်မှုဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများ တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထား

ရွှေမန်း တရုတ်နယ်စပ်ကုန်သွယ်မှုဂိတ်များပြန်လည် ဖွင့်လှစ်ရန်သေချာမှုမရှိသော်လည်း ဖရဲသခွားစိုက်တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စွန့်စားစိုက်ပျိုးထားကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်ဖရဲရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် ဖရဲသခွားတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း အသီးတင်ပို့မှုနယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်မှုမသေချာသေးသည့် အခြေအနေရှိနေသော်လည်း တောင်သူတစ်ဦးလျှင် အနည်းဆုံး ငါးဧကနှင့် အောက် စွန့်စားစိုက်ပျိုးထားကြောင်း သိရသည်။ သို့သော် တစ်ဧကစိုက်ပျိုးစရိတ် ကျပ်၂၅သိန်းအထက် ရှိကာ ယခင်နှစ်ထက် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းဝန်းကျင် ပိုမို ကုန်ကျကြောင်း ဖရဲစိုက်တောင်သူများထံမှ သိရသည် ။ မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ် ၊ ဖရဲစိုက်တောင်သူများအနေဖြင့်လည်း ယင်းဒေသအနေဖြင့် အခြား ပိုမိုကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းမရှိြခင်းကြောင့် ဖရဲကိုသာ တစ်ပိုင်တစ်နိုင် အဆုံးရှုံးခံနိုင်သည့်အနေအထားကို စွန့်စားစိုက်ပျိုးထားကြောင်း နှင့် လက်ရှိတွင် တရုတ်ယွမ်ငွေစျေး မြင့်တက်နေခြင်းကြောင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက...

Post

ကိုဗစ် အကြောင်း၊ အကျိုး

ကောင်းဇော် အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ်...

Post

ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် နှစ် သိန်းကျော် အောက်တိုဘာလအတွင်း တင်ပို့ထား၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တန် ၄၆၀၀ ကျော်သာ တင်ပို့နိုင်ခဲ့

ရွှေမန်း ယခုနှစ် အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲပမာဏ တန်ချိန် ၂၁၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့သော်လည်းနယ်စပ်ဂိတ်များမှတင်ပို့မှု လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကထုတ်ပြန်ချက် ထားသည်။ ဆန်ပို့ကုန် ကုမ္ပဏီ ၃၂ ခုက ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် ပြည်ပနိုင်ငံများသို့ ဆန် ၂၁၁၇၅၉ တန် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံတို့ထံ တန်ချိန် ၄၁၆၁ ပမာဏသာ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နယ်စပ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြမှုကြောင့် နယ်စပ်ဂိတ်ပေါက်တွေ ပိတ်ထားခဲ့ပြီး ဆန်အပါအဝင် ပဲ ပြောင်းနှမ်း ပို့ကုန်တင်ပို့မှုပမာဏလည်း သိသိသာသာ ကျဆင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။ “အောက်တိုဘာလအတွင်း ပြည်ပကို တင်ပို့တဲ့ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းတွေက အရည်အသွေးအမျိုးအစားပေါ်မူတည်ပြီး ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၁၅ မှ ၃၅၀ အထိ...

Post

မြန်မာ့သွားရည်စာ အကြော်

မြန်မာတို့ရဲ့ စားစရာတစ်ခုမှာ အကြာ်လည်းပါဝင်ပါတယ်။ အကြော်ကို ဘူးသီး ၊ကြက်သွန်၊အာလူး၊ သိုဟူး စတာတွေနဲ့ အများဆုံးအသုံးပြုကြော်ကြတာလည်းဖြစ်ပါတယ်။အကြော်ကို မနက်ခင်းထမင်းကြမ်းနဲ့ဖြစ်ဖြစ် ရေနွေးကြမ်းနဲ့ သွားရည်စာအနေနဲ့ပဲဖြစ်ပါစေ မြန်မာတွေရဲ့ အကြိုက် စားစရာတစ်ခု အပါအဝင်ဖြစ်ပါတယ်။ ငွေကြေးမတတ်နိုင်သူတွေအဖို့ ထမင်းနဲ့ တွဲဖက်ပြီး အကြော်သူပ်နဲ့ ဟင်းလုပ်စားကြတာလည်းရှိပါတယ်။ မကွေးတိုင်းအတွင်းကအကြော်သည်တွေ အခုဘယ်လို ရင်ဆိုင်ကြော်ဖြတ်နေရတယ်ဆိုတာ ဒီ Video လေးကို ကြည့်ရှုနိုင်ပါတယ်။

Post

သီတင်းကျွတ်လပြည့်ကျော် အခါရက်များတွင် နှစ်စဉ် ပဲ၊နှမ်း စျေးကွက် အေးနေကျဖြစ်သော်လည်း နှမ်းနက်တစ်မျိုး တည်းသာ ထူးထူးခြားခြား အမြင့်စျေး ပြန်လည်ရောက်ရှိလာ

ရွှေမန်း သီတင်းကျွတ်လပြည့်ကျော် အခါရက်များတွင် နှစ်စဉ် ပဲ၊နှမ်း စျေးကွက် အေးနေကျဖြစ်သော်လည်း နှမ်းနက်တစ်မျိုး တည်းသာ ထူးထူးခြားခြား စျေးကွက်ကောင်း အ၀ယ်လိုက်နေ တာကြောင့် အမြင့်စျေး ပြန်လည်ရောက်ရှိလာ ကြောင်းသိရသည်။ အောက်တိုဘာ လကုန်ပိုင်း သီတင်းကျွတ်ပိတ်ရက်များ အတွင်း နှစ်စဉ် ပဲမျိုးစုံစျေးကွက်မှာ အရောင်းအ၀ယ် အေးကျဆင်းသွားသော်လည်း နှမ်းနက်တစ်မျိုးတည်းသာ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရန် တရုတ်၀ယ်လက်များ အ၀ယ်လိုက်သဖြင့် ယခင် အမြင့်ဆုံးစျေး သုံးတင်း၀င်တစ်အိတ်ကျပ် ၂၇၀၀၀၀ ကျော်စျေးကို မရောက်ရှိသေးသော်လည်း အောက်တိုဘာ ၂၄ ရက်နေ့တွင် သုံးတင်း၀င်တစ်အိတ် ကျပ် ၂၅၀၀၀၀ ထိ အမြင့်စျေးသို့ တဖြေးဖြေးရောက်ရှိလာကြောင်း ၊လက်ရှိအချိန်တွင် အသစ်၀င်နှမ်းများ နည်းလာသလို အတ်စစ်လွတ်ထိပ်စနှမ်းနက်များစျေးကောင်းလာသလို အတ်စစ်မလွတ်သည့် နှမ်းများလည်း အရည်အသွေးအလိုက် စျေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း...

Post

ကိုဗစ်နှင့် လူထု ကျန်းမာရေး မူဝါဒ

လူထု ကျန်းမာရေး မူဝါဒကို ကျနော် အနည်း အကျဉ်း လေ့လာဖူးပါတယ်။ ဆေးပညာသမားတွေ အဖို့ လူထု ကျန်းမာရေး မူဝါဒကို သိဖို့ လိုအပ်လို့ လေ့လာ ဖြစ်တာပါ။အရင်က ဆေးပညာ ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်ကို လေ့လာတာလို့ပဲ နားလည်ကြပါတယ်။ လူတယောက် ဖျားနာ၊ နာမကျန်း ဖြစ်ရင် ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်မှာ ဘာဖြစ်လို့လဲ ဆိုတာပဲ အဖြေရှာကြတာပါ။နောက်ပိုင်းမှာ လူတယောက် သို့မဟုတ် လူ့တစုရဲ့ ကျန်းမာရေးကို ပတ်ဝန်းကျင်ကလည်း လွှမ်းမိုးတယ် ဆိုတာ သဘောပေါက် လာကြပါတယ်။ ဥပမာ- အပူပိုင်း ဒေသမှာသာ ဖြစ်တတ်တဲ့ ရောဂါမျိုးတွေ ရှိပါတယ်။နောက်ထပ် ပိုကျယ်ပြန့်လာတာက လူတယောက်ရဲ့ ကျန်းမာရေးကို အဲဒီလူရဲ့ အသက်မွေးမှုနဲ့ လူမှု အဆင့်အတန်းကလည်း...