Home lasted post

Tag: <span>lasted post</span>

Post

မန္တလေးမြို့တွင် ပထမဆုံး စတင်ရောင်းချသည့် တန်ဖိုးနည်း ၅၀၀ တန် ထမင်းဆိုင်နှစ်ဆိုင်လုံး အလှူရှင် ပေါ်လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့

ရွှေမန်း မန္တလေးမြို့တွင် ပထမဆုံး စတင်ရောင်းချသည့် တန်ဖိုးနည်း ၅၀၀ တန် ထမင်းဆိုင်နှစ်ဆိုင်လုံး အလှူ ပေါ် လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့ ကြောင်းသိရသည်။ အခြေခံ ၀င်ငွေနည်း ပြည်သူများ အတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် တန်ဖိုးနည်း ကျပ် ၅၀၀ ထမင်းဆိုင် နှစ်ဆိုင်ကို မဟာအောင်မြေ မြို့နယ် ၃၇ (A)လမ်း ၊၆၀x၆၁လမ်းကြား ရွှေဘုန်းလူငယ်ပရဟိတအသင်း နှင့် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့်၉၀ လမ်းထောင့် မိဘမေက္ကာ မာလာဟင်း ဆိုင် တို့တွင် စတင်ဖွင့်လှစ်ရောင်းချ ရာ အလှူရှင်များက လာရောက်လှူဒါန်းမှု ရှိတာကြောင့် အခမဲ့ကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ရွှေဘုန်းလူငယ်ပရဟိတ အသင်းအနေဖြင့် လူငယ်များစုပေါင်းပါ၀င်ပြီး လုပ်အား ငွေအားဖြင့် တန်ဖိုးနည်း ထမင်းရောင်းချခြင်းကို...

Post

သခွားပင်လယ်လို့ တင်စားရသည့် ချောင်းဦးနယ် ပေါက်အင်းဒေသ တွင် တရုတ်နယ်စပ်ဂိတ်များ ကနေ အသီးတင်ပို့မှု အခက်အခဲများကြောင့် ဈေးကွက်သေချာသည့် ကုလားပဲကိုပြောင်းလဲစိုက်ပျိုး

ရွှေမန်း သခွားပင်လယ်လို့ တင်စားရသည့် ဧကသောင်းချီစိုက်ပျိုးသည့် ချောင်းဦးနယ် ပေါက်အင်းဒေသ တွင် တရုတ်နယ်စပ်ဂိတ်များ ကနေ အသီးတင်ပို့မှု အခက်အခဲများနှင့်ဈေးကွက်မသေချာ တာကြောင့် ဈေးကွက် သေချာသည့် ကုလားပဲကိုပြောင်းလဲစိုက်ပျိုး ကြရာ သခွားစိုက်ခင်းဧက ၂၀၀ ခန့်သာ စိုက်ပျိုတော့ကြောင်း တောင်သူများထံ မှသိရသည်။တရုတ်နယ်စပ်ဂိတ် မူဆယ် ကျင်စန့်ကျော့ဂိတ်မှ ဖရဲသခွား အဓိကတင်ပို့နေပြီး မနှစ်က လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကြောင့် အသီးတင်ပို့ရာတွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရတာကြောင့် ယခုနှစ် နိုဝင်ဘာ လကုန်ပိုင်း ပေါက်အင်း ဒေသတစ်ခုလုံး သခွားစိုက်ရာသီရောက်လာသော်လည်း စိုက်ပျိုးစရိတ်နည်းပြီး ဈေးကွက်သေချာသည့် ကုလားပဲ (V2)ကို ပြောင်းလဲ စိုက်ပျိုးကြခြင်းဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ချင်းတွင်းမြစ်ရေ၀င်ဒေသ ပေါက်အင်းမှာ အလျား ၁၄ မိုင် အနံ ၆ မိုင်ခန့်ကျယ်ဝန်းသည့်...

Post

ဟင်းသီး ဟင်းရွက် စိုက် တောင်သူ

မကွေးတိုင်းမင်းဘူးခရိုင်အတွင်းက ငဖဲမြို့နယ်တွင်းကတောင်သူတွေဟာ နှစ်စဉ်ရာသီသိးနှံဖြစ်တဲ့ ဟင်းသိးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ထွက်လာတဲ့ ဟင်းသီးစင်းရွက်စေ◌ျးကွက်ကတော့ ကျင်းပနေကြဖြစ်တဲ့ မန်းရွှေစက်တော် ဘုရားပွဲပဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါတွေဖြစ်ပါားလာချိန်မှာတော့ ပွဲတောကျင်းပနိုင်တာမရှိတဲ့အတွက်တောင်သူတွေအဖို့ စေ◌ျးကွက်ပျောက်ကွယ်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်အကိုင်ဝင်ငွေရှားပါတဲ့ကာလဖြစ်တာနဲ့အမျှ လုပ်ကိုင်နေကြစိုက်ပျိုးရေးကို မလုပ်မဖြစ်လုပ်ကိုင်နေကြရတဲ့တောင်သူတွေအဖို့ အရှုံးတွေနဲ့ ရင်ဆိုင်နေရခြ့ကြပေမယ့် စိုက်ပျိုးမြဲ စိုက်ပျိုးကြရတယ်လို့ ပြောကြပါတယ်။

Post

ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော် နောက်ပိုင်း ပဲနှမ်းစျေးကွက်အတွင်း မြေပဲနှင့် နှမ်းသာစျေးကွက်ပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေ

ရွှေမန်း ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော် နောက်ပိုင်း ပဲနှမ်းစျေးကွက်အတွင်း မြေပဲနှင့် နှမ်းသာစျေးကွက်ပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေကြောင်းကုန်သည်များထံမှသိရသည်။နို၀င်ဘာ လကုန်ပိုင်းတွင် ပြည်တွင်းပဲနှမ်းစျေးကွက်အတွင်း လက်ကျန်ပဲများ မရှိတော့ပဲအသစ်၀င်ရောက်နေ သည့်နှမ်းနက်နှင့်မြေပဲသာစျေးကွက်ပေါက်စျေးအတိုင်းအရောင်းအ၀ယ်သွက်နေကြောင်း၊လက်ရှိတရုတ်နယ် စပ်ဂိတ်များပြန်လည်ဖွင့်လှစ်မည့်အခြေအနေတွင်ပဲနှမ်းပို့ကုန်များအတွက်စရိတ်ပိုမိုကုန်ကျ မည့်သတင်းများကြောင့် အရောင်းအ၀ယ်စျေးကွက်အနည်းငယ် ကျဆင်းသွားကြောင်း နှင့်ပြည်တွင်း သုံးကုလားပဲအုပ်စုမှာ အသစ်မပေါ်ခင်လက်ကျန်နည်းတာကြောင့် စျေးအနည်းငယ်ပြန်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ )က ပြောသည်။ “ ကထိန်ရာသီအလွန် တန်ဆောင်မုန်းလပြည့်ကျော်နောက်ပိုင်း မှာပဲနှမ်းစျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်သာ ရှိပါတယ်။ ဒီရက်ပိုင်း တရုတ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်မယ့်အခြေအနေက ပုံမှန်ကုန်သွယ်မှုထက် စရိတ်ပိုမို ကုန်ကျမည့်သတင်းများ ကြားလို့ အရောင်းအ၀ယ်က အေးတောင်သွားတယ်။ စျေးကွက်အတွင်းမှာ အရောင်းအ၀ယ်ကောင်းနေတဲ့ နှမ်းစျေးတောင် နည်းနည်းကျသွားတယ်။ လက်ရှိစျေးကွက်ထဲမှာ နှမ်းနဲ့ မြေပဲကတော့ တက် တက်စျေး ကျ ကျစျေးအတိုင်း အရောင်းအ၀ယ်ကောင်းနေပါတယ်။...

Post

နိုင်ငံြခားပြောင်း အဝယ် စာချုပ်များ ဒီဇင်ဘာအထိ ရှိနေသဖြင့်ပြောင်း တစ်တန်လျင်၂၄၅ ဒေါ်လာအထက် ဖြစ်လာနိုင်ချေရှိ

ရွှေမန်း နိုင်ငံြခားပြောင်း အဝယ် FOB စာချုပ်များ ဒီဇင်ဘာအထိ ရှိနေသဖြင့် ရန်ကုန်ပြောင်းဈေး အတက်ဘက်သို့ ဦးတည်လာနိုင်၊ ပြောင်းတစ်တန်လျင်၂၄၅ ဒေါ်လာအထက် ဖြစ်လာနိုင်ချေရှိကြောင်းသိ ရသည်။ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အတက်/အကျ ပြောင်းလဲနေတဲ့ ပြောင်းဈေးက ယခုလ (နိုဝင်ဘာ) မှာ ဈေးကောင်းရပြီး တရိပ်ရိပ်တက်လာတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးအသင်း မှ သိရသည်။အောက်တိုဘာလတွင် နိုင်ငံခြားသင်္ဘောတင်သူများက နိုင်ငံခြားဒေါ်လာငွေ ဝင်ငွေလဲလှယ်ခြင်း (earning) အပေါ် ဈေးတည်တွက်ချက်ခဲ့ခြင်းကြောင့် ပြောင်းအဝယ် အဖွင့်ဈေးတွေက နေ့စဉ်အပြောင်းအလဲ ဖြစ်ခဲ့ကြောင်းသိရသည်။တစ်ဖက်ကလည်း ရှမ်း(မြောက်)နဲ့ ကချင်ပြည်နယ်က ထွက်ရှိတဲ့ ပြောင်းတွေကို မန္တလေးအထိ လာရောက်ရောင်းချခြင်းကြောင့် ဒေါ်လာဈေးအကျနဲ့ ရောင်းလိုအားများပြီး ပြောင်းဈေး အကျပိုင်းကို ဦးတည်ခဲ့ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။တရုတ်နယ်စပ်ဂိတ်များ ြပန်လည်ဖွင့်ရန်ရှိသဖြင့် ပြောင်းစျေးကောင်း ရနိုင်သဖြင့် သိုလှောင် စုဆောင်း နေသည့်...

Post

ကိုဗစ် အကြောင်း၊ အကျိုး

ကောင်းဇော် အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ်...