Home lasted post

Tag: <span>lasted post</span>

Post

ဝါးသက္ကယ်လုပ်ငန်း

သစ်တောထွက် ဝါး တစ်မျိုးကို နေအိမ်အတွက် အမိုးအကာ အခင်းစသဖြင့် ပြုလုပ်ရောင်းချကြပါတယ်။ အထူးသဖြင့်တော့ မင်းဘူးမန်းရွှေစက်တော်ဘုရားပွဲ ဟာ ဝါးသက္ကယ် ၊ ဝါးထရံ၊ ဝါးကြမါးခင်းတွေနဲ့ အဓိကထားဆောက်လုပ်ကြပါတယ်။ ကိုဗစ်-၁၉ရောဂါပိုးကူးဆက်မှုတွေမပြန့်နှံ့အောင် ရက်ရှည်ကြာကျင်းပတဲ့ ဘုရားပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိတာ (၂)နှစ်ရှိခဲ့ပါပြီ၊ဝါးလုပ်ငန်းကိုအမှီပြုနေရသူတွေ အတွက် အခက်ကြုံနေတဲ့ကာလပဲ ဆိုပါတော့ အောက်ူငညုတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Post

အိန္ဒိယနိုင်ငံသို့ နှစ်စဉ် မတ်ပဲ တန် ၂.၅ သိန်းနှင့် ပဲစင်းငုံ တန် ၁ သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုကတဆင့် တင်ပို့မည်

ရွှေမန်း ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ကစတင်ပြီး နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုကတဆင့် အိန္ဒိယကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ထိုသို့ သတ်မှတ်ပဲတန်ချိန်ကို တင်ပို့နိုင်ရန် ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနှင့်အိန္ဒိယအစိုးရတို့အကြား သဘောတူလက်မှတ် ရေးထိုးခဲ့ကြပြီး မတ်ပဲနဲ့ ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MOU အရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် တင်ပို့ခွင့်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်း အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ​ပြောသည်။” MOU အရ ပဲတင်ပို့မှု လွယ်ကူလျင်မြန်စေရေးနဲ့ စနစ်တကျတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ JMC မကျင်းပမီ နှစ်ဖက်ကြိုတင်ညှိနှိုင်းအစည်းအဝေးတခုကို ၂၀၂၂ ဒီဇင်ဘာကုန်ပိုင်းမှာ ကျင်းပသွားဖို့ အိန္ဒိယဘက်နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာ့ပဲမျိုးစုံတင်ပို့မှုသမိုင်းအတွင်း...

Post

ပြည်တွင်းစားအုန်းဆီစျေးများ ပြန်လည်ကျဆင်း တစ်ပိသာကျပ် ၄၅၀၀ ခန့်သာပေါက်စျေးရှိ

ရွှေမန်း စားအုန်းဆီစျေးများ မြင့်တက်မူမရှိစေရန်အသင်းမှ တိုင်းဒေသကြီးများလိုက်လံရောင်းချ ပေးနေသောကြောင့် စားအုန်းဆီစျေးများ ပြန်လည်ကျဆင်းလာ​ရာ တစိပိသာကျပ် ၄၅၀၀ခန့်သာပေါက်စျေးရှိတော့ကြောင်း သိရသည်။စားသုံးသူများ အဆင်ပြေစေရန် ဗဟိုဘဏ်ရည်ညွှန်းစျေးဖြင့်အမေရိကန်ဒေါ်လာ၁၀သန်းကို ဆီကုမ္ပဏီများကိုရောင်းချပေးထားပြီး ထိုသို့တင်သွင်းလာသော ဆီစျေးနှုန်းနှင့် ရောင်းချရမည့် တန်ချိန်ကို စားသုံးဆီများအသင်းမှ သတ်မှတ်ပေးကာရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ သိရသည်။ကုမ္ပဏီများမှ အမြင့်ဆုံးရောင်းစျေးတစ်ပိဿာလျှင် ၄,၂၇၅.၈၄ကျပ် ထက် ပိုသောစျေးနှုန်းများဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ကုမ္ပဏီများမှတဆင့် စားသုံးသူများထံ ဦးရာလူစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေခြင်းကြောင့် စျေးများပြန်ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့်လများက စားအုန်းဆီ တစ်ပိသာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင် မှ ၅,၅၀၀ ကျပ်အထိဖြစ်ခဲ့ပြီး လက်ရှိစျေးကွက်တွင် စားအုန်းဆီတစ်ပိသာလျှင် ၄,၄၄၀ မှ (၄,၅၀၀ – ၅၀၀၀) အထိ ပေါက်စျေးရှိကြောင်း နေရာဒေသအလိုက်...

Post

ပို့ကုန်အတွက် ဝယ်လိုအားကောင်းသော်လည်း ငွေလဲနှုန်းထား အပြောင်းအလဲ မရှိသဖြင့် ပြောင်းစျေးနှုန်း ဆက်လက်တည်ငြိမ်မည်ဟု သုံးသပ်

ရွှေမန်း ပြည်တွင်းပြောင်းစျေးကွက်တွင် ပို့ကုန်ဝယ်လိုအား အခြေအနေကောင်းများရှိသော်လည်း နိုင်ငံခြား ငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နေခြင်းကြောင့် ပြောင်းစျေးနှုန်းမှာ လက်ရှိအနေအထားထက် စျေးမြင့်တက်နိုင်ခြင်းမရှိဘဲ ဆက်လက်တည်ငြိမ်နေမည်ဖြစ်ကြောင်း ပို့ကုန်ပြောင်းကုန်သည်များထံက သိရသည်။ ယခုနှစ်ပြောင်းရာသီတွင် ထိုင်းနိုင်ငံသို့ တင်ပို့ရန်နှင့် ပင်လယ်ရေကြောင်းမှတင်ပို့ရန် နှစ်ခုလုံးအတွက် အပြိုင်ဝယ်ယူမှုရှိနေသဖြင့် ပြောင်းတစ်တန်လျှင် ၂၆၅ ဒေါ်လာဖြင့် ယခင်နှစ်ထက်စျေးပိုမိုရရှိနေသော်လည်း လက်ရှိ ဒေါ်လာငွေလဲနှုန်းထား ကျပ် ၁၈၀၀ ဝန်းကျင်သာရှိသောကြောင့် ပြည်တွင်းဈေးကွက်တွင် ပို့ကုန် ပြောင်းစျေးမှာ ထူးခြားစွာ မြင့်တက်လာရန် မရှိေကြာင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးတက်နိုင်တိုးက ပြောသည်။ “အဓိက အားသာချက်က ရန်ကုန် FOB လိုင်းရော၊ ထိုင်းလိုင်းရော အားပြိုင်နေပါတယ်။ FOB ကတော့ ပုံမှန်သွားနေတယ်။ လက်ရှိ ဒီဇင်ဘာလ မှာ FOB ဈေးက ပြောင်းတစ်တန် ကို...

Post

ကနားစီး

မြန်မာနိုင်ငံအတွင်းမှာ နတ်ကိုးကွယ်မှု ဆိုတာရိှနေပါတယ်။ နတ်ကိုးကွယ်မှုအတွက် နတ်တွေကို ဆက်သဖို့ ပင့်ဖိတ်ဖို့ နတ်ကနားစီးဆိုတဲ့ နတ်ကတော်တွေလည်းရိှပါတယ်။ နတ်ကိုးကွယ်ယုံကြည်တေါရဲ့ ကိုယ်စား နတ်ဆက်သသူတွေ၊နတ်ချော့သူတွေပေ့်၊ နတ်ပွဲတွေကို ဆိုင်းနဲ့ ဝိုင်းနဲ့ တွဲဖက်ကျင်းပလေ့ရှိပါတယ်တယ်။ ကိုဗစ်-၁၉ရောဂါတွေဖြစ်ပွားချိန်မှာတော့ နတ်ပွဲတွေ ကျင်းပတာကို ရပ်ဆိုင်းထားလိုက်ရတဲ့အတွက် နတ်ဝင်သည်တွေအဖို့ လုပ်ငန်းခွင်ကွယ်ပျောက်နေခဲ့ပါတယ်။