Home lasted post

Tag: <span>lasted post</span>

Post
ပြည်ပပို့ကုန် မတ်ပဲ အိ္န္ဒိယ အဝယ်ထိန်းနေတာကြောင့် စျေးကွက်ကျဆင်းနေ

ပြည်ပပို့ကုန် မတ်ပဲ အိ္န္ဒိယ အဝယ်ထိန်းနေတာကြောင့် စျေးကွက်ကျဆင်းနေ

ရွှေမန်း ပြည်တွင်းပဲအသစ် ဝင်ရောက် မှုများပြီး အိန္ဒိယဘက် မှ လိုအပ်ချက်နည်းလာကာ ပြည်ပတင်ပို့နေသည့် ပဲများဖြစ်သည့် မတ်ပဲက ပုံမှန်ဈေးထက် ၁၅ ရာခိုင်နှုန်းကျဆင်းပြီး ပဲစင်းငုံနီကတော့ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ပဲကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၇သိန်း အထိတင်ပို့ရန်ရှိနေပြီး အိန္ဒိယမှ ဝယ်ယူမှုကိုထိန်းနေတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။ “ပြီးခဲ့တဲ့နှစ်က မတ်ပဲဟောင်းတွေလည်း သူတို့ဆီမှာကျန်သေးတယ် မြန်မာနိုင်ငံကလည်း တန်ချိန်၇သိန်းအထိသွင်းဖို့လုပ်နေတယ်ဆိုတော့ အများကြီး အိန္ဒိယမှာဝင်ဖို့ရှိတော့ စျေးကကျသွားတာ။ ပဲစင်းငုံကတော့လိုအပ်ချက်ရှိသေးတယ်။ဒါပေမဲ့ မတ်ပဲကျတဲ့ အရှိန်ကြောင့်သူပါလိုက်ကျဆင်းတာ” ဟု ၄င်းကပြောသည်။မတ်ပဲတစ်တန်လျှင် ယခင်က ၁၃သိန်း ၅သောင်းခန့်သာ ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်တန်လျှင် ၁၂ သိန်း ခန့်ထိ ကျဆင်းသွားကြောင်း၊ ပဲစင်းငုံတစ်တန်လျှင် ယခင် ၁၄...

Post
ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်

ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်

တန်ခူးမေ ဟို‌တစ်နေ့က အွန်လိုင်းမှာ ခေတ်စားနေတဲ့ သမီးရဲ့ကာစတန်မာတွေ ယူကိုယူရမယ်ဆိုတဲ့ တစ်တော့စ်က စနောက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်နေရင်းက ပြုံးမိရယ်မိတဲ့ စာရေးသူခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကကမ္ဘာကို ကိုင်လှုပ်ခဲ့တာ နှနှစ်ပြည့်ခါနီးပြီ။သေဆုံးခဲ့ရသော ကိုဗစ်ဒဏ်သင့်လူနာအရေတွက် သိန်းဆယ်ဂဏန်းတစ်ခုနီးပါးကျော်လာပြီဖြစ်ပြီး လက်တလောမှာ မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့ ဥရောပနိုင်ငံကြီး အချို့မှာလူသေဆုံးမှုး အချို့ပြန်ရှိလာတယ်လို့သတင်းတွေအရ သိနေကြပြီးဖြစ်မှာပါ။ပြည်တွင်းမှာလည်း ရောဂါပိုးစိတ်သစ်အိုမီခရွန်ပိုးတွေ့နေရပြီဖြစ်ပြီး အတည် ပြု သတင်းများ အရ တိုင်းနဲ့ ပြည်နယ် အချို့မှာ တစ်ရက်ရာဂဏန်းကျော်စစ်ဆေးတွေ့ရှိနေရပါတယ်။ပြည်တွင်းမှာ Covid-19 တွေ့ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ခဲ့ရသော မြန်မာနိုင်ငံရေးအခြေနေကြောင့် တတိယလှိုင်းမှာဖရိုဖယဲ အလဲအကွဲ ဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအခြေနေကြောင့် ပြည်သူ‌တွေကြားမှာ ယခင် အစိုးရလက်ထက် က တည်းက စီမံထားတဲ့ ကာကွယ်ဆေးစီမံကိန်း(လည်းစနေပြီ)ကို စကစ လက်...

Post
တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ ၊ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး (SPS Protocol) သဘောတူညီချက်ကို နှစ်ဖက်အစိုးရ သဘောတူလက် မှတ်ထိုး

တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ ၊ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး (SPS Protocol) သဘောတူညီချက်ကို နှစ်ဖက်အစိုးရ သဘောတူလက် မှတ်ထိုး

ရွှေမန်း တရုတ်နိုင်ငံကို ပြောင်းဆံ တရားဝင်တင်ပို့နိုင်ဖို့ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူညီချက်(SPS Protocol)ကို ပြီးခဲ့သည့်ဇန်နဝါရီ ၃၁ ရက် မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(မြန်မာ)နဲ့ အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင်အဖွဲ့-AQSIQ(တရုတ်)တို့ လက် မှတ်ရေးထိုးခဲ့ကြပါတယ်။ ယခုသဘောတူညီချက်အရ မြန်မာ့ပြောင်းဆံကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းတို့မှ တရားဝင် တင်ပို့ရောင်းချနိုင်မှာဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင် စိုက်ပျိုးရေးကုန်သွယ်မှုကို မြှင့်တင်ပေးကာ ပြောင်းစိုက်တောင်သူတွေရဲ့ အကျိုးစီးပွားပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။။ SPS Protocol က မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံကို တရားဝင် တင်ပို့နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။ MoALI နဲ့ GACC တာဝန်ရှိသူတို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့...

Post
စျေးကွက်အတွင်း နှမ်းးနက် အဝင်နည်းလာတာကြောင့် ပြန်လည်မြင့်တက်နေသည့် နှမ်းဈေးကွက်

စျေးကွက်အတွင်း နှမ်းးနက် အဝင်နည်းလာတာကြောင့် ပြန်လည်မြင့်တက်နေသည့် နှမ်းဈေးကွက်

ရွှေမန်း တရုတ်နိုင်ငံမှ နှမ်းနက် များအား အဝယ်လိုက်နေ၍ စျေးကွက်တွင် ဝယ်လိုအားများပြီး နှမ်းအဝင် နည်းနေသည့်အတွက် စျေးနှုန်းပြန်လည်မြင့်တက်လာကြောင်း နှမ်းကုန်သည်များ က သုံးသပ်ကြသည်။ ပြီးခဲ့သည့်နှစ် တရုတ်နှစ်သစ်ကူးအချိန်တွင် စျေးနှုန်းများကျလေ့ရှိသော်လည်း နှစ်ပတ်ခန့်သာ နှစ်သိန်း အောက်သို့ ကျဆင်းသွားပြီးအဝယ်လိုက်လာ၍အခုပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်းပို့ကုန်နှမ်းကုန်သည် တစ်ဦးကပြောသည်။ “ဆောင်းနှမ်းစပေါ်ပြီးသီးနှံတွေ စပေါ်ချိန်ကတော့ နှမ်းစျေးကနှစ်ပတ်လောက်ကျသွားတယ်။ အခုက စျေးကပြန်တက်နေတယ်။ အခု နှစ်သိန်းအပေါ်မှာရှိတယ်။ ပြီးခဲ့နှစ်နဲ့ယှဉ်ရင်စျေးကောင်းရတယ်ပြောလို့ ရတယ်။ ကိုဗစ်ကြောင့် လိုချင်တဲ့စျေးမရဘူး။ အခုက အဝယ်ကပိုများလာတယ်။ အထွက်ကလည်း တော်တော်နည်းတယ်၊ ဒေါ်လာစျေးကလည်း မြင့်နေတော့ စျေးကတက်နေတာပါ။ နှစ်သိန်းအထက် ဖြစ်နေတယ်ဆိုတော့ ဒါက ဝယ်လိုအားနဲ့အဝင်မမျှလို့ ဖြစ်နေတယ်ထင်တယ်” ဟု ၄င်းကပြောသည်။မိုးနှမ်းကုန်ချိန်၂၀၂၁ခုနှစ် ၁၁လပိုင်း က နှမ်းစျေးမှာ ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၂၅၀၀၀၀ ထိ...

Post
ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲသစ်များ ယခင်နှစ် ကာလတူပေါက်စျေးထက် စံချိန်တင်အမြင့်စျေးရရှိ

ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲသစ်များ ယခင်နှစ် ကာလတူပေါက်စျေးထက် စံချိန်တင်အမြင့်စျေးရရှိ

ရွှေမန်း ၂၀၂၂ ခုနှစ် ပဲရာသီအတွက် အသစ်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာကာ အဖွင့်ဈေးမှာလည်း ယခင်နှစ်ကာလတူထက် တစ်စကျော်မြင့်တက်နေကြောင်း စံချိန်တင်အမြင့်စျေးဖြစ်လာကြောင်းမန္တလေးပဲကုန်သည်များထံမှ သိရ သည်။ပဲရာသီအသစ်၏ ထောပတ်ပဲများကို မတ္တရာ၊ စဉ့်ကူးနယ်များမှ အဓိကဝင် ရောက်လာပြီး၊ ယခင်နှစ်ကာလတူက ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၈၀၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့ သော်လည်း၊ ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အလတ်)မှာ ၁၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထော ပတ်ပဲ(အသေး)မှာ ၁၁၀၀၀၀ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေပြီး ယ ခင်နှစ်အဖွင့်ဈေးထက် တစ်ဆကျော်မြင့်တက်နေကြောင်း မန္တလေး မြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။” ထောပတ်ပဲဈေးနှုန်းက စပေါ်ပေါ်ခြင်းမှာပဲ စံချိန်တင်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ လက်ရှိချိန်မှာ ထောပတ်ပဲက...

Post

အိုမီခရွန် နဲ့ နှာခေါင်းစီး

ကိုဗစ်-၁၉ ကူးဆက်ပြန့်ပွားရောဂါပိုးဟာ အခုဆိုရင် အသွင်ပြောင်း အိုမီခရွန်(Omicron) အဖြစ်နဲ့ ရောရိှလို့လာနေပါပြီ။ ကူးဆက်ပြန့်ပွားမှု မရိျစေဖို့ လူတိုင်းနှာခေါင်းစီး(Mask)အကာအကွယ်ကို ,ူကြရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေအရှိန်အဟုန်ရပ်တန့်ခဲ့သလို တနိုင်တပိုင်စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ တွေလည်းအပါဝင်ဖြစ်ပါတယ်။ အိုမီခရွန်ကာကွယ်ဖို့ ဝယ်ယူသုံးစွဲရတဲ့ တစ်ခါသုံးနှာခေါင်းစီး (Mask)တွေအစား အဝတ်ပိတ်စနဲ့ နှာခေါင်းစီးတွေ ချုပ်လုပ်သုံးစွဲလာကြတယ်လို့ပြောပါတယ်။

Post
ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း  မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ

ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ

ရွှေမန်း ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ ကြောင်း ပဲ၊နှမ်းကုန်သည်များ ထံမှသိရသည်။ ပြည်တွင်းမှာ ဒေါ်လာငွေပေါက်ဈေးမှာ အမြင့်ဆုံး တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ၁၀ရက် အတွင်း တည်ငြိမ်နေကြောင်း ဈေးကွက်ပေါက်ဈေးအရပြီး ပို့ကုန်ရငွေ ဒေါ်လာပေါက်ဈေးမှာလည်း ကွာခြားမှုမရှိတာကြောင့် ပဲ၊နှမ်းဈေးကွက်၏ ပို့ကုန်ပဲဈေးများ အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ပြီး ပစ္စည်းအဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပေါက်ဈေးမှာ တက်ဈေးကနေ အနည်းငယ်ကျသွားတာကြောင့် ဇန်နဝါရီ လကုန်ပိုင်းတွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်ကျပ် ၁၂၆၀၀၀ ၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၂၉၀၀၀ ပေါက်ဈေးဖြစ်သွားသည်။ မြေပဲဆံဈေးကွက်မှာ အမျိုးအစားအလိုက် တစ်ပိသာကျပ် ၅၀-၁၀၀ ကြားဆက်လက်ဈေးမြင့်လာသည်။...