Home ဆောင်းပါး

Category: <span>ဆောင်းပါး</span>

Post
ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်

ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်

တန်ခူးမေ ဟို‌တစ်နေ့က အွန်လိုင်းမှာ ခေတ်စားနေတဲ့ သမီးရဲ့ကာစတန်မာတွေ ယူကိုယူရမယ်ဆိုတဲ့ တစ်တော့စ်က စနောက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်နေရင်းက ပြုံးမိရယ်မိတဲ့ စာရေးသူခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကကမ္ဘာကို ကိုင်လှုပ်ခဲ့တာ နှနှစ်ပြည့်ခါနီးပြီ။သေဆုံးခဲ့ရသော ကိုဗစ်ဒဏ်သင့်လူနာအရေတွက် သိန်းဆယ်ဂဏန်းတစ်ခုနီးပါးကျော်လာပြီဖြစ်ပြီး လက်တလောမှာ မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့ ဥရောပနိုင်ငံကြီး အချို့မှာလူသေဆုံးမှုး အချို့ပြန်ရှိလာတယ်လို့သတင်းတွေအရ သိနေကြပြီးဖြစ်မှာပါ။ပြည်တွင်းမှာလည်း ရောဂါပိုးစိတ်သစ်အိုမီခရွန်ပိုးတွေ့နေရပြီဖြစ်ပြီး အတည် ပြု သတင်းများ အရ တိုင်းနဲ့ ပြည်နယ် အချို့မှာ တစ်ရက်ရာဂဏန်းကျော်စစ်ဆေးတွေ့ရှိနေရပါတယ်။ပြည်တွင်းမှာ Covid-19 တွေ့ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ခဲ့ရသော မြန်မာနိုင်ငံရေးအခြေနေကြောင့် တတိယလှိုင်းမှာဖရိုဖယဲ အလဲအကွဲ ဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအခြေနေကြောင့် ပြည်သူ‌တွေကြားမှာ ယခင် အစိုးရလက်ထက် က တည်းက စီမံထားတဲ့ ကာကွယ်ဆေးစီမံကိန်း(လည်းစနေပြီ)ကို စကစ လက်...

Post

ဝါးသက္ကယ်လုပ်ငန်း

သစ်တောထွက် ဝါး တစ်မျိုးကို နေအိမ်အတွက် အမိုးအကာ အခင်းစသဖြင့် ပြုလုပ်ရောင်းချကြပါတယ်။ အထူးသဖြင့်တော့ မင်းဘူးမန်းရွှေစက်တော်ဘုရားပွဲ ဟာ ဝါးသက္ကယ် ၊ ဝါးထရံ၊ ဝါးကြမါးခင်းတွေနဲ့ အဓိကထားဆောက်လုပ်ကြပါတယ်။ ကိုဗစ်-၁၉ရောဂါပိုးကူးဆက်မှုတွေမပြန့်နှံ့အောင် ရက်ရှည်ကြာကျင်းပတဲ့ ဘုရားပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိတာ (၂)နှစ်ရှိခဲ့ပါပြီ၊ဝါးလုပ်ငန်းကိုအမှီပြုနေရသူတွေ အတွက် အခက်ကြုံနေတဲ့ကာလပဲ ဆိုပါတော့ အောက်ူငညုတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Post

ကိုဗစ်အလွန်စီးပွားရေး ဦးမော့လာမှာလား

ကောင်းဇော် တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးခိုင်မာတောင့်တင်းဖို့ လိုသလို၊ တိုင်းပြည်ထဲက ဒေသတစ်ခုချင်းအလိုက်မှာလည်း လူတစ်ဦးချင်းရဲ့စားဝတ်နေရေးတွေ ကုံလုံပြည့်ဝနေဖို့လိုပါတယ်။အကြောင်းပေါင်းစုံကြောင့် စီးပွားရေးတွေ တိုးတက်တာ နှေးကွေး၊ ကျဆင်းနေပါတယ်။ အကြောင်းထဲက တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေထဲက ရုန်းထရင်း နိုင်ငံနဲ့ ဒေသရဲ့စီးပွားရေး ပြန်ကောင်းလာဖို့ လုပ်ရမှာပါ။ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေက ရုန်းထဖို့က ပထမဆုံးလုပ်နိုင်တာက ကျန်းမာရေးအစီအမံတွေ ကောင်းဖို့ လုပ်ရမှာပါ။ လူတစ်ဦးစီ ကျန်းမာရေးကောင်းဖို့ အစီအမံတွေကိုလည်း အခြေခံကျကျ လုပ်ရပါ့မယ်။နှာခေါင်းစည်း(Mask) တပ်ဖို့၊ လက်ဆေးဖို့၊ လူချင်းခပ်ခွာခွနေဖို့အတွက်လိုအပ်တဲ့ ကျန်ူမာရေးအထောက်အကူပြုပစ္စည်းတွေ လွယ်လွယ်ကူကူရနေရမယ်၊ ဈေးသက်သာရမယ်၊ ဝန်ထုပ်ဝန်ပိုးမဖြစ်ရဖို့၊ ကုန်ကျစရိတ် ကျခံနိုင်တဲ့ အခြေခံဝင်ငွေက လူတိုင်းမှာ ရှိနေရမယ်။ နေ့စဉ်တကိုယ်ရေကျန်းမာဖို့အတွက် သက်သာလွယ်ကူတဲ့ နှုန်းသင့်တဲ့ နှာခေါင်းစည်း (Mask)ဝယ်နိုင်ရမယ်။ သင့်တဲ့ လက်ဆေးရည်နဲ့ဆပ်ပြာဝယ်နိုင်ရမယ်။ လိုအပ်တဲ့ အကွာအဝေးမှာ အလုပ်လုပ်နိုင်တဲ့...

Post

ကိုဗစ်အလွန်စီးပွားရေး ဦးမော့လာမှာလား

ကောင်းဇော် တနိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးခိုင်မာတောင့်တင်းဖို့ လိုသလို၊ တိုင်းပြည်ထဲက ဒေသတစ်ခုချင်းအလိုက်မှာလည်း လူတစ်ဦးချင်းရဲ့စားဝတ်နေရေးတွေ ကုံလုံပြည့်ဝနေဖို့လိုပါတယ်။အကြောင်းပေါင်းစုံကြောင့် စီးပွားရေးတွေ တိုးတက်တာ နှေးကွေး၊ ကျဆင်းနေပါတယ်။ အကြောင်းထဲက တစ်ခုဖြစ်တဲ့ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေထဲက ရုန်းထရင်း နိုင်ငံနဲ့ ဒေသရဲ့စီးပွားရေး ပြန်ကောင်းလာဖို့ လုပ်ရမှာပါ။ ကိုဗစ်-၁၉ ဒါဏ်ရာဒါဏ်ချက်တွေက ရုန်းထဖို့က ပထမဆုံးလုပ်နိုင်တာက ကျန်းမာရေးအစီအမံတွေ ကောင်းဖို့ လုပ်ရမှာပါ။ လူတစ်ဦးစီ ကျန်းမာရေးကောင်းဖို့ အစီအမံတွေကိုလည်း အခြေခံကျကျ လုပ်ရပါ့မယ်။နှာခေါင်းစည်း(Mask) တပ်ဖို့၊ လက်ဆေးဖို့၊ လူချင်းခပ်ခွာခွနေဖို့အတွက်လိုအပ်တဲ့ ကျန်ူမာရေးအထောက်အကူပြုပစ္စည်းတွေ လွယ်လွယ်ကူကူရနေရမယ်၊ ဈေးသက်သာရမယ်၊ ဝန်ထုပ်ဝန်ပိုးမဖြစ်ရဖို့၊ ကုန်ကျစရိတ် ကျခံနိုင်တဲ့ အခြေခံဝင်ငွေက လူတိုင်းမှာ ရှိနေရမယ်။ နေ့စဉ်တကိုယ်ရေကျန်းမာဖို့အတွက် သက်သာလွယ်ကူတဲ့ နှုန်းသင့်တဲ့ နှာခေါင်းစည်း (Mask)ဝယ်နိုင်ရမယ်။ သင့်တဲ့ လက်ဆေးရည်နဲ့ဆပ်ပြာဝယ်နိုင်ရမယ်။ လိုအပ်တဲ့ အကွာအဝေးမှာ အလုပ်လုပ်နိုင်တဲ့...

Post

မျက်သား နီတိုင်း၊ အိုမီခရွန် မဟုတ်

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရဲ့ လက္ခဏာများ ဆိုတဲ့ ပညာပေး စာတွေမှာ မျက်သားနီပုံတွေ ထည့်ပြီး တင်လာတာ ခပ်စိပ်စိပ် တွေ့ရလို့ ဒီစာကို ရေးပါတယ်။ မျက်သား နီတိုင်း၊ အိုမီခရွန်ကိုဗစ် မဟုတ်ပါ။ဒါဆို၊ မျက်သားနီစေတဲ့ အကြောင်းအရင်းတွေက ဘာလဲ(၁) ကိုဗစ်အပြင် အအေးမိ၊ တုပ်ကွေး၊ အဆုတ်ယောင်လို ရောဂါမျိုးတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။ ကိုဗစ်တမျိုးထဲမှာ ကွက်နီတာ မဟုတ်ပါ။(၂) ဘတ်တီးရီးယားပိုး (အများသောအားဖြင့် Staphylococcus Aureaus ပိုး) ဝင်ရင်လည်း မျက်သားနီတတ်ပါတယ်။(၃) ဓါတ်မတည့်စေတဲ့ ဖုန်မှုန့်၊ သဲမှုန့်လို တခုခုနဲ့ မျက်လုံး ထိတွေ့မိတဲ့ အခါမှာလည်း မျက်သားနီတတ်ပါတယ်။(၄) မျက်လုံးအိမ်ကို အပျော့စား ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာလည်း မျက်သားနီတတ်ပါတယ်။ယုတ်စွအဆုံး ကုန်ကုန် ပြောရရင်၊...

Post

ကိုဗစ် အကြောင်း၊ အကျို

ကောင်းဇော် အကျိုးတရားအမှန်ရအောင် မနှစ်သက်တဲ့အကြောင်းတွေကို လုပ်ရတာ ရှိတယ်။ အနာဂါတ်နေ့စဥ်နေထိုင်မှုဘဝမှာ တွဲလျက်ရှိနေတော့မယ့် Mask(နှာခေါင်းစည်း)တပ်တာရယ်၊ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေထိုင်ရမှာရယ်က ငြင်းဆန်လို့မရတဲ့ အကြောင်းတရားအဆက်ပါပဲ။Maskတပ်တာကိုတော့သူသူငါငါ အလေ့အကျင့်ဖြစ်နေပါပြီ။ Mask တပ်တာက ကိုယ့်ဆီကျရောက်လာမယ့် အဆိုးတွေကို၊ ပိုးမွှားတွေကို အထိုက်အလျောက်ကာကွယ်တားဆီးနိုင်မယ်ဆိုတာကို လက်ခံကျင့်သုံးနေကြပါပြီ။ လက်ဆေးတာရယ်၊ ခပ်ခွာခွာနေတာရယ်ကိုတော့ တစတစမေ့လို့ လာနေပါပြီ။ ကျရောက်လာနိုင်တဲ့ ဗိုင်းရပ်ပိုးမွှားတွေကို လက်ဆေးတာနဲ့ ကာကွယ်နိုင်တယ်။ အပြင်က ပါလာတဲ့ ပိုးတွေကို တတ်နိုင်သလောက်ဖယ်ရှားသုတ်သင်နိုင်တယ်ဆိုတာကို မေ့‌နေပါတယ်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့၊ ကိုယ့်ဆီကူးလာတဲ့၊ကပ်ပါလာတဲ့ပိုးတွေကို နှိမ်နှင်းဖို့လုပ်ရမယ်ဆိုတာမေ့လျော့လာနေကြပါတယ်။တဦးနဲ့တဦး ကျန်းမာရေးအကာအကွယ်ရနိုင်တဲ့ အကွာအဝေးနဲ့ နေထိုင်မှုဘဝတွေကို ဖြတ်သန်းရမယ် ဆိုတဲ့နည်းလမ်းကိုလည်း ကျင့်သုံးဖို့ ပျက်ကွက် လာနေကြပါပြီ။မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ (၁၃)ရက်နေ့အထိ ကာ ကွယ်...

Post

ကိုဗစ်နှင့် လူထု ကျန်းမာရေး မူဝါဒ

လူထု ကျန်းမာရေး မူဝါဒကို ကျနော် အနည်း အကျဉ်း လေ့လာဖူးပါတယ်။ ဆေးပညာသမားတွေ အဖို့ လူထု ကျန်းမာရေး မူဝါဒကို သိဖို့ လိုအပ်လို့ လေ့လာ ဖြစ်တာပါ။အရင်က ဆေးပညာ ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်ကို လေ့လာတာလို့ပဲ နားလည်ကြပါတယ်။ လူတယောက် ဖျားနာ၊ နာမကျန်း ဖြစ်ရင် ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်မှာ ဘာဖြစ်လို့လဲ ဆိုတာပဲ အဖြေရှာကြတာပါ။နောက်ပိုင်းမှာ လူတယောက် သို့မဟုတ် လူ့တစုရဲ့ ကျန်းမာရေးကို ပတ်ဝန်းကျင်ကလည်း လွှမ်းမိုးတယ် ဆိုတာ သဘောပေါက် လာကြပါတယ်။ ဥပမာ- အပူပိုင်း ဒေသမှာသာ ဖြစ်တတ်တဲ့ ရောဂါမျိုးတွေ ရှိပါတယ်။နောက်ထပ် ပိုကျယ်ပြန့်လာတာက လူတယောက်ရဲ့ ကျန်းမာရေးကို အဲဒီလူရဲ့ အသက်မွေးမှုနဲ့ လူမှု အဆင့်အတန်းကလည်း...

Post
Post

အလိမ်အညာ ပစ္စည်း၊ သတိပြု

ကိုဗစ်ရောဂါ ကာကွယ်တဲ့ လည်ဆွဲ ဆိုပြီး ဈေးကွက်ထဲ ဖြန့်နေကြတာကို သတိထားမိပါတယ်။ လုံးဝ လုံးဝ မကာကွယ်ပေးနိုင်ပါ။ အလိမ်အညာ ပစ္စည်း၊ သတိပြုကြပါ။ကိုဗစ်က အသက်ရှုလမ်းကြောင်းနဲ့ မျက်လုံး အမြှေးပါးတွေက တဆင့် ကူးစက်နိုင်ပါတယ်။ ဒီပစ္စည်းက လည်ပင်းမှာ ဆွဲထားတာပါ။ ခါးတောင်း ကျိုက်ရာ တခြား၊ ဖင်တခြားပါ။ဒါဆို၊ မျက်လုံးနဲ့ နှာခေါင်းနား ကပ်ထားလို့ ရမလားလို့ ကပ်သီးကပ်ဖဲ့ မေးစရာ ရှိပါတယ်။ မရပါ။ လည်ဆွဲအိတ် ကဒ်မှာ Chlorine Dioxide ဆေးရည် သုတ်ထားတာပါ။ ဒီဆေးရည်ကို ဆေးရုံ ကြမ်းခင်းလိုမျိုးတွေမှာ ပိုးသတ်ဖို့ သုံးပါတယ်။ မျက်လုံးနဲ့ အသက်ရှုလမ်းကြောင်းထဲတွေ ဝင်မိ၊ ထိမိရင်တော့ ဓါတ်မတည့်တာ၊ ယားယံတာ၊ အပူလောင်တာတွေ ဖြစ်တတ်ပါတယ်။နောက်တချက်က ကိုဗစ်က ဗိုင်းရပ်စ်ပိုးပါ။ သက်ရှိ...

Post
ငတေလည်း မ-မာနိုင်ပါ

ငတေလည်း မ-မာနိုင်ပါ

ကာကွယ်ဆေး ထိုးပေးနေစဉ်မှာ နောက်ထပ် ပြဿနာတခု ပေါ်လာပြန်ပါတယ်။ အဲဒါက ကာကွယ်ဆေး ထိုးပြီးရင် အကာအကွယ် အစီအမံတွေ ဖြစ်တဲ့ ပါးစပ်နှာခေါင်းစည်း တပ်တာ၊ လက်ဆေးတာ လုပ်စရာ မလိုတော့ဘူး ထင်တဲ့ ပြဿနာပါ။ ဘယ်သူ မ-မာမာ၊ ငတေ မာရင် ပြီးရော အထင်ပါ။ မထင်ပါနဲ့။ အကာအကွယ် အစီအမံတွေ မလိုက်နာရင် ငတေလည်း မ-မာနိုင်ပါ။ ရှင်းပြပါရစေ။ (၁) ကာကွယ်ဆေး ဒုတိယ အကြိမ်မြောက် ထိုးပြီးလို့ နှစ်ပတ် အကြာကျမှ လုံလောက်တဲ့ ခုခံအား Antibodies ထွက်ပါတယ်။ ဆိုလိုတာက ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးထားပေမယ့် ဒီနှစ်ပတ် အတွင်းမှာ ရောဂါ ကူးစက်ခံနိုင်ရသေးတယ် ဆိုတဲ့ သဘောပါ။(၂) အိုကေ… အဲဒါဆို...