တင်လင်းဇော် မကွေးဂျာနယ် အယ်ဒီတာချုပ်က On line အတွက် Covid 19 ဆိုင်ရာ စာမူရေးပေးဖို့ မေတ္တာရပ်ခံလာပါသည်။ ဆီးချို ဝေဒနာ နှစ်ရှည်ခံစား နေရသူ တစ်ယောက် အနေဖြင့်Covid19လှိုင်းကြီး၃ခုကိုဘယ်လိုဖြတ်ကျော်ခဲ့သည်။ဘယ်လိုအနေအထိုင်၊အစားအသောက် ဆင်ခြင်နေထိုင်ခဲ့သည်။ ကြောက်ရွံ့မှုကို ဘယ်လို ကျော်ဖြတ် ရင်ဆိုင်ခဲ့သည်တို့ကို အမှတ်တရ စာစုလေးရေးပါ အုံးဟု ပြောလာပါသည်။ကျွန်တော်က ၂၀၀၆ ခုနှစ်မှစ၍ ဆီးချို ဝေဒနာ ရှိနေမှန်းသိခဲ့ရပါသည်။ ဆီးချို သက်တမ်းပင် ၁၅ နှစ်ကျော်ခဲ့ပါပြီ။ စ,ဖြစ်ပြီဆိုကတည်းက ဆေးစား,ဆေးသောက်လုပ်နေခဲ့ရတာ ကာလတွေ ကြာခဲ့ပါပြီ။ဆီးချိုဆိုင်ရာစာအုပ်တွေထွက်တိုင်းဝယ်ဖတ်ရတာလည်းဆရာဝန်တစ်ယောက်လောက််နီးနီး ဆေးဝေါဟာရတွေနှင့် နီးစပ်ခဲ့ပါသည်။ ဆီးချို ရောဂါက ဆရာဝန်အမျိုးမျိုး မပြောင်းနှင့် ဟု ကြားဖူးသဖြင့် နာမည်ကျော် အထွေထွေ ရောဂါကု သမားတော် တစ်ဦးတည်းဖြင့် ၁၅ နှစ်လုံးလုံး ကုသ...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
Category: <span>ဆောင်းပါး</span>
ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား
ကောင်းဇော် ဘောလုံးပွဲတပွဲကစားတဲ့အခါ ဖွင့်ပြီး ပြိုင်ဖက်နဲ့အပြိုင် ဖွင့်ကစားတဲ့နည်းက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပေးဂိုးများသွားနိုင်ပါတယ်။ခံစစ်အားပြုပြီး အပိတ်နဲ့ ကစားတဲ့နည်းလမ်းက အဆုံးအရှုံးကို သက်သာစေနိုင်ပေမယ့် ပြိုင်ဖက်က အားကြီးတဲ့ ခွက်ခွက်လန် အရှုံးကို ရင်မှာ ပိုက်သွားရနိုင်ပါတယ်။ကိုဗစ် 19က မျိုးကွဲအမျိုးမျိုးနဲ့ တိုက်ခိုက်တာကို ရေရှည်ရင်ဆိုင်ဖို့ ပြင်ထားရမှာပါ။ အားနည်းတဲ့နိုင်ငံနဲ့ လူတစ်ဦးချင်းစီကို ဒုက္ခပင်လယ်ဝေသွား စေနိုင်မယ်ဆိုတာ သတိပြုရင်း ကျန်းမာရေးအသိတွေကို အမြဲလက်ကိုင်ထားရမှာပါ။လူတစ်ဦးချင်းစီအနေနဲ့ နှာခေါင်းစီး တပ်ဖို့၊ လက်ဆေးဖို့၊ အတတ်နိုင်ဆုံး အကွာအဝေးတစ်ခုကို သတိပြု နေထိုင်ဖို့ဆိုတာ ကိုဗစ် 19ကို ကာကွယ်နိုင်ဖို့ အမြဲ ပြုနေရမယ့် အခြေခံကျန်းမာရေးကျင့်ဝတ်တွေပါ။ဥပါဒ်မပေးနိုင်တဲ့အခါ သူ့ကို မေ့လျော့နေတတ်ကြပါတယ်။အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် 19က ထပ်မံပြန်လည်လှုပ်ရှားလာနေပါတယ်။အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိပြီး တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့တယ်လို့...

သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့
ရွှေမန်း သရက်တောင်သူများ အသီးအရည်အသွေးအလိုက် နစ်နာမှုမရှိသည့်ခြံဖြတ်ဈေးဖြင့်ဝယ်ယူကာ မူဆယ်ပွဲရုံများ တရုတ်နိုင်ငံသို့ သရက်သီးစတင်တင်ပို့ ခဲ့ကြောင်းသိရသည်။ယခုနှစ်သရက်သီးရာသီအစစိန်တလုံးသရက်သီးတင်ပို့ချိန်တွင် တရုတ်နိုင်ငံသို့ မူဆယ်ပွဲရုံများက စတင် တင်ပို့ခဲ့ရာ အသီးတင်ပို့မှုဆိုင်ရာ အခက်အခဲအချို့ပြေလျော့အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ယခုနှစ် တွင်တောင်သူများ အသီးတင်ပို့ရာတွင် မူဆယ်ထိ လမ်းကြောင်းတစ်လျှောက် ကြန့်ကြာခြင်း၊ တစ်ဖက် နိုင်ငံသို့တင်ပို့ရာတွင် ပို့ကုန်ဆိုင်ရာအခွန်များ ကားခများ ပွဲခများကို ထည့်တွက်တင်ပို့ရန် မလိုတော့ဘဲ ပွဲရုံများက တောင်သူများခြံမှာ အရည်အသွေးအရွယ်အစားအလိုက် ဈေးကောင်းပေးဝယ်ယူ တင်ပို့သွား မည်ဖြစ်ကြောင်း မူဆယ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင် ကပြောသည်။“အကောင်းဆုံးအနေစီစဉ်ထားတာကတော့ အရင်နှစ်တွေက တောင်သူတွေက ပွဲရုံတွေကို အလုပ်အကြွေးပြုရတယ်ပြောကြသလို ဒီနှစ်တော့ ပွဲရုံတွေက တောင်သူတွေကို အလုပ်ကျွေးပြုမယ့်နှစ်လို့ ပြောပါရစေ။ ဆိုလိုတာက ပွဲရုံတွေက တောင်သူတွေ တင်ပို့တွေနဲ့ မနှစ်နာရအောင် သရက်ခြံထဲမှာပဲ ဈေးဖြတ်ဝယ်ပေးသွားပါမယ်။မူဆယ်ကို ရောက်လာတဲ့အချိန် ပွဲရုံတွေက...
ရာမဒန်ကာလ ကျန်းမာရေးလမ်းညွှန်
ကျနော့် ဆေးခန်းရဲ့ မိတ်ဆွေ တချို့ဟာ ရာမဒန်ကာလမှာ ဥပုသ် ဝင်နေကြတယ်လို့ သိရပါတယ်။ ဥပုသ် ကာလမှာ မနက် နေထွက်ကနေ ညနေ နေဝင်ချိန် အတွင်း အစား အသောက်တွေ ရှောင်ကြဥ်ရတယ်လို့လည်း သိရပါတယ်။ ဒီတော့ ကျနော့် ဆေးခန်းက အစ္စလာမ် ဘာသာဝင် မိတ်ဆွေတွေ အဖို့ ဥပုသ်လည်း မြဲအောင်၊ ကျန်းမာရေးလည်း မထိခိုက်ရအောင် စားသောက်နေထိုင်နည်း အကြံပြုချက် တချို့ကို လေ့လာဖတ်ရှုပြီး မျှဝေလိုက်ရကြောင်းပါ။ ခန္ဓာကိုယ်နဲ့ အာဟာရဓါတ် စားသင့်၊ ရှောင်သင့်တာတွေ မပြောခင် ခန္ဓာကိုယ်မှာ အာဟာရဓါတ်တွေ စုပ်ယူ၊ အလုပ် လုပ်ပုံကို အကျဥ်း ပြောရရင်- နောက်ဆုံး စားလိုက်တဲ့ အစား အသောက်ပေါ် မူတည်ပြီး ခန္ဓာကိုယ်က အာဟာရဓါတ်တွေကို စုပ်ယူနိုင်ချိန်ဟာ...
👩⚕️👨⚕️👨⚕️👨⚕️…….……..👀
ညပိုင်းဆို မျက်လုံးက ကောင်းကောင်း မမြင်ရဘူး၊ မီးရောင် ရှိနေတာတောင် မှုန်နေတယ် ကလေးတွေမှာတော့ လူကြီးတွေလို ပြောတတ်ချင်မှ ပြောတတ်မယ်။ မီးရောင် ရှိနေရက်နဲ့ ခလုတ် ခဏခဏ တိုက်မိနေတာမျိုးကို သတိထား သိနိုင်ပါတယ်။ ဘာလို့လဲ? အရပ်အခေါ်တော့ “ကြက်မျက်သင်း” တာပေါ့။ အလင်းရောင် အားကောင်းတဲ့ နေရာကနေ အလင်းရောင် မှိန်တဲ့၊ ဖျော့တဲ့ နေရာကို ရောက်တဲ့အခါ မျက်လုံး သူငယ်အိမ်က ကျယ်ပေးရတယ်။ ဒါမှ အလင်း များများ ဝင်မယ်။ ဝင်လာတဲ့ အလင်းရောင်က မြင်လွှာ (Retina) ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်ကို ရှင်းရှင်း မြင်ရအောင် လုပ်ပေးတယ်။ ကြက်မျက်သင်းသူတွေမှာကျ မြင်လွှာမှာ ချို့ယွင်းချက် ရှိနေလို့ နေ့မှာ မြင်၊ ညမှာ ကန်းရတာပါ။...
ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး
မင်းမင်းအောင်(စလင်း) ”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….. (၃)နာရီလောက်မှ…အိပ်ရာဝင်ခဲ့ရတယ်။ဖုန်းမြည်သံကြားလို့…ခေါင်းထဲကမကြည်မလင်..အိပ်ချင်မူးတူးနဲ့…ဖုန်းကိုင်လိုက်တော့…..”ဟလို…စလင်းကြက်ခြေနီကလားရှင့်”…”ဟုတ်…အမိန့်ရှိ..ပါ..ခင်ဗျ””ကျွန်မတို့ဆေးရုံ….သီးသန့်လူနာထားတဲ့အခန်းထဲက…ကိုဗစ်ရောဂါနဲ့…တစ်ယောက်…ဆုံး…သွားလို့ပါ…ရှင့်”….”အဲဒါ…မီးသင်္ဂြိုလ်ပေး..ဖို့…အကြောင်းကြားတာပါ…ရှင့်””ဘယ်အချိန်..လောက်..သင်္ဂြိုလ်ပေးနိုင်မလဲ…ရှင့်”…”ကာယကံရှင်တွေကို…အကြောင်းကြားရဦးမှာ…မို့ပါရှင့်””ဟုတ်..ဆရာမ..မြို့နယ်ကြက်ခြေနီ.တပ်ဖွဲ့မှူးနဲ့…တိုင်ပင်ပြီး…အကြောင်းပြန်ပေးပါ့မယ်…ခင်ဗျ” ပိုးတွေ့လူနာတွေကို..ကူညီသယ်ဆောင်ပေးနိုင်မဲ့သူတွေ…မရှိခဲ့ကြပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့..အမျှော်အမြင်ကြီးစွာနဲ့..ကိုဗစ်ရောဂါ.ကူးစက်မှု..ကို..ကာကွယ်နိုင်တဲ့P.P.Eဝတ်စုံ..ဝတ်ဆင်နည်းတွေကိုအွန်လိုင်းကနေ…သင်တန်းပေးခဲ့ကြပါတယ်။အဲဒီတော့..ရောဂါပိုးကူးစက်သူ၊ထိစပ်သူတွေကိုကူညီသယ်ဆောင်ဖို့အတွက်ကျွန်တော်တို့ကြက်ခြေနီတွေကပဲ…လိုအပ်ချက်အရတာဝန်ယူ.ခဲ့ကြရပါတယ်။..ပိုးတွေ့လူနာတွေ၊ထိစပ်သူတွေကို…သီးသန့်ထားတဲ့ဆေးရုံနဲ့စင်တာတွေကို..ကူညီပို့ဆောင်ပေးရုံမကပဲ…ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့နေအိမ်တွေမှာ…ပိုးသတ်ဆေးဖြန်းပေးတဲ့ကိစ္စတွေကိုပါ…တာဝန်ယူကူညီနိုင်ခဲ့ကြပါတယ်။ သိမြင်လာပြီးကိုယ်ချင်းစာတတ်လာခဲ့ပါတယ်။ အတူမနေရတဲ့…ဆင်းရဲဒုက္ခ..အခုလို.ကိုဗစ်ရောဂါနဲ့…ဆုံးပါးသွားလို့..ပူဆွေးရတဲ့..ဆင်းရဲဒုက္ခ..တွေနဲ့..သောက.အပူမီးတွေ.ဆင့်ကဲဆင့်ကဲ.လောင်နေလိုက်ကြတာ….။ဒီကြားထဲ…ကိုဗစ်ရောဂါပိုးကြောင့်သေဆုံးခဲ့ရင်…ရောဂါပိုးကူးစက်မှုတွေဖြစ်လာနိုင်လို့.အကြောက်တရားတွေနဲ့..ဘယ်သူမှမကိုင်ရဲ..သင်္ဂြိုလ်ပေးရဲတဲ့သူက..မရှိ။ဒုက္ခဆင်းရဲတွေတစ်ပုံကြီးဖြစ်နေတဲ့..သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုလျော့ချပေးရမဲ့..ကျွန်တော်တို့ကြက်ခြေနီတွေရဲ့..ရည်ရွယ်ချက်နဲ့အညီ..လိုအပ်ချက်တစ်ခုအရကျွန်တော်တို့..ကြက်ခြေနီ..စေတနာဝန်ထမ်းတွေ..အနေနဲ့ရောဂါပိုးကူးစက်ခဲရသူတွေ..ထိစပ်တွေကိုသယ်ယူပို့ဆောင်ရေးလုပ်ပေးဖို့တင်မကတော့ပဲ..ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို..အန္တရာယ်ကင်းစွာနဲ့မီးသင်္ဂြိုလ်ပေးဖို့အတွက်ပါကူညီကြရပါတော့တယ်။ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို…မီးသင်္ဂြိုလ်ဖို့အတွက်.P.P.E..ဝတ်စုံတွေ..ဝတ်ပြီးကိုင်တွယ်ထုတ်ပိုးမှုတွေ..ပြုလုပ်ကြရလို့မိသားစုတွေမှာ…ကိုင်တွယ်ထိတွေ့ခွင့်တွေ..မရကြ..တဲ့အပြင်…သေဆုံးသူအလောင်းကို..ဆေးအထပ်ထပ်ဖြန်းပြီးစနစ်တကျ..လုံခြုံအောင်ထုတ်ပိုးကြရတာမို့..မျက်နှာလေးတောင်..ကြည့်ခွင့်မရတဲ့…အဖြစ်။အားရပါးရ…ဖက်ပြီး..ငိုခွင့်မရတဲ့အဖြစ်….။သူတို့လေးတွေရဲ့..စိတ်ထဲမှာထိခိုက်စွာခံစားနေရတဲ့..စိတ်ဒဏ်ရာတွေကိုလည်း…စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေပြုလုပ်ပေးကြရပြန်ပါတယ်။ကျွန်တော်တို့မြို့လေးမှာတော့…ဒုတိယလှိုင်း၊တတိယလှိုင်းနဲ့ခု..မျိုးဆက်သစ်..”အိုမီခရွန်”..ကာလတွေမှာရောဂါပိုးကူးစက်ခံရသူနဲ့သေဆုံးသူတွေကို..ထိတွေ့ကိုင်တွယ်ကြရတဲ့..စေတနာဝန်ထမ်းအဖွဲ့..ကတော့ကျွန်တော်တို့ကြက်ခြေနီတွေပဲရှိကြပါတယ်။”မလိုအပ်ပဲ..အင်အားမသုံးပါနဲ့”ဆိုတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့..အမှာစကားကြောင့်…ကျွန်တော်တို့..စလင်းကြက်ခြေနီအနေနဲ့…ကိုဗစ်ရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေကို.ထိတွေ့ကိုင်တွယ်ဖို့…မိမိဆန္ဒအလျှောက်..စေတနာဝန်ထမ်းဖို့…ဆန္ဒပြုကြတဲ့သူတွေထဲက…လေးဦးကိုရွေးချယ်…ပြီးထိထိရောက်ရောက်…ကူညီ.နိုင်.ခဲ့ကြ..ပါတယ်။ မြို့သူမြို့သားတွေက…ချစ်စနိုးနဲ့အမည်ပေးထားခြင်းကိုခံလိုက်ကြရပြန်ပါတယ်…”စလင်းတွတ်ပီ…လေးယောက်”..တဲ။တတိယလှိုင်းမှာအောက်စီဂျင်လိုအပ်မှုတွေများခဲ့လို့…နောက်နောင်မဖြစ်ရအောင်ဆိုပြီး…မြို့မိမြို့ဖများရဲ့ကြိုးပမ်းအားထုတ်မှု၊ကြောင့်အောက်စီဂျင်စက်ရုံတစ်ခုဆောက်လုပ်သုံးစွဲခွင့်ရလာတော့လည်းကျွန်တော်တို့စလင်းတွတ်ပီတွေ…ကပဲတာဝန်ယူ…လည်ပတ်ပေးနေ..ရ..ပြန်ပါတယ်။”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….အတွေးတွေထဲ…နစ်မြောပြီးပြုံးမိနေတုန်း….ဖုန်းဝင်လာလို့..နီတည်လိုက်တော့….မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဆီက…ဖုန်း။”ဟယ်လို…ဟုတ်…တပ်ဖွဲ့မှူး..အော်…ဟုတ်ကဲ့…ဟုတ်ကဲ့…အခုထွက်ခဲ့ပါမယ်….ခင်ဗျ”…..”အိုမီခရွန်”…ကူးစက်ခံရပြီး…သေဆုံးတဲ့…အသက်အငယ်ဆုံး…မိန်းကလေးရဲ့..အလောင်းကို….မီးသင်္ဂြိုလ်ပေးရဖို့…ဆေးရုံကို…”စလင်းတွတ်ပီလေးယောက်”သွားခဲ့ကြရပြန်ပါတယ်။”အမေကမရှိတော့ဘူး”….”မွေးချင်းငါးယောက်”…”အကိုလေးယောက်ရဲ့အငယ်ဆုံးညီမလေး”..တဲ့။…တစ်ဦးတည်းသောညီမလေးမို့အကိုတွေကဘယ်လောက်တောင်ဝိုင်းပြီးချစ်ကြမလဲ။.မိသားစုထဲမှာတစ်ယောက်ထဲသောမိန်းကလေး…..မို့ဘယ်လောက်များတန်ဖိုးထားလိုက်ကြမလဲ။ရက်စက်လိုက်တာ…ကိုဗစ်ရယ်။”အမည်က…..မစုပုံချစ်”….”အသက်က(၂၁)နှစ်”…..”နေရပ်က… ”…….”ရွာ။ဟောဗျာ..ရွာက….မြို့နဲ့နီးနီးလေး။”သူ..ငယ်ငယ်လေးထဲက…အမေကဆုံးသွားတာ”။အော်..ကံကြမ္မာရယ်လုပ်ရက်လိုက်တာ။.”မိတစ်ဆိုးလေးဆိုတော့ဝိုင်းပြီးချစ်လိုက်ကြတာ”…”အလိုလိုက်ချက်ကလည်းမျက်နှာတစ်ချက်အညိုးမခံကြဘူး”…တဲ့။ဟော..အဲ့လိုကျတော့လည်း…လောကကြီးက…မျက်နှာသာပေး..ပြန်ရော။ကောင်မလေး…ငယ်ငယ်လေးကတည်းက….နှလုံးရောဂါသည်လေးဖြစ်နေပေမဲ့…ပုံမှန်စားရမဲ့ဆေးတောင်သူတို့ညီမလေးမစားချင်ရင်…စိတ်ဆင်းရဲမှာစိုးလို့…..မကျွေးခဲ့ကြဘူး…ဆိုပဲ။နှလုံးရောဂါကို…စနစ်တကျ…ကုသမှုမလုပ်ခဲ့လေတော့….ရောဂါမွေးထားသလိုဖြစ်နေတာ…ကို…အချစ်ကြီးချစ်ကြတဲ့…မိသားစုတွေ..သတိမထားမိခဲ့ဟန်တူပါသည်။ကိုဗစ်(၁၉)မျိုးဆက်သစ်”အိုမီခရွန်”ကူးစက်ခံနေရပြီလို့ယူဆမိကြပေမဲ့…..သူတို့ညီမလေးရဲ့…စိတ်ချမ်းသာမှုကိုရှေးရှုပြီး…ဆေးရုံဆေးခန်းတွေမှာစနစ်တကျကုသမှုတွေ…ပြုလုပ်ဖို့…ပျက်ကွက်ခဲ့ကြပြန်တယ်။”အိုမီခရွန်က..မပြင်းထန်ပါဘူးသာမန်ရာသီတုတ်ကွေးလိုပဲ….သူ့ဘာသာသူ…သက်သာသွားမှာ”….လို့လဲ…ပါတ်ဝန်းကျင်မှာပြောဆိုနေကြ….တာ…ကို။”မနေ့ကမှ…အသက်ရှူတွေကျပ်…အောက်စီဂျင်တွေကျ…ပြီးအမောဖောက်နေလို့….ဆေးရုံကိုပို့လိုက်ရတာ…ဒီနေ့မနက်စောစောမှာ…ဆုံးသွားတာ”။ကျန်းမာရေးအသိတွေနည်းပြီး…နောက်ဆုံးအချိန်တွေ…မှဆေးရုံကိုရောက်လာ….တော့…ဆရာဝန်တွေသူနာပြုတွေအစွမ်းကုန်ကြိုးစားကြပေမဲ့အချိန်မမီတော့…လက်လျော့လိုက်ကြရတာပေါ့။ဒီကြားထဲ….ပြောလိုက်ကြသေးတယ်…”ဆေးရုံရောက်ရင်…သေတာပဲ”…တဲ့။ ကျွန်တော်တို့…အဖွဲ့တွေ..P.P.Eဝတ်စုံတွေဝတ်ပြီး…ကိုဗစ်လူနာသီးသန့်ထားတဲ့..အခန်းထဲကိုဝင်ပြီး…သေဆုံးသူရဲ့အလောင်းကို…ဆေးအထပ်ထပ်ဖြန်း…စနစ်တကျအထပ်ထပ်ထုတ်ပိုးပြီး…ဆေးရုံမှလူနာတင်ယာဥ်တစ်စီး၊ကြက်ခြေနီလူနာတင်ယာဥ်နှစ်စီးတို့နှင့်ဆေးရုံမှမီးသင်္ဂြိုလ်စက်ရှိရာသို့…ထွက်ခွာခဲ့ကြပါတယ်။လမ်းတစ်လျောက်မှာအရေးပေါ်လူနာတင်ယာဥ်ရဲ့အမှတ်အသားအသံ”တီးတောင်..တီးတောင်…တီးတောင်”နဲ့သုံးစီးပြိုင်ဖွင့်ပြီး…ဖြေးဖြေးချင်းမောင်းနှင်ခဲ့ကြပါတယ်။ဒီအသံတွေကြားတဲ့သူတိုင်း…ရောဂါတွေကူးစက်နေကြတုန်းပါ…သေဆုံးသူတွေရှိနေဆဲပါ…နောက်ဆုံးခရီးမှာ..ဒီလိုအဖြစ်ဆီုးမျိုးတွေမဖြစ်ရလေအောင်…ကျန်းမာရေး..အသိရှိကြပါ…လို့ကျွန်တော်တို့သတိပေးနေကြတာပါ။”မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်”ဆိုတဲ့စကားပုံအတိုင်းသာဆိုရင်…ကွန်တော်တို့…အခေါက်ပေါင်းများစွာမီးသင်္ဂြိုလ်ပေးခဲ့ကြရလို့…ကုသိုလ်တွေမနည်းတော့ပါဘူး…သံဝေဂ…တွေလည်းရလှပါပြီ။မီးသင်္ဂြိုလ်စက်ရောက်တော့…ငိုလိုက်ကြတဲ့.ဗမွးချင်းတွေ…အကိုတွေ..တိုင်နဲ့ခေါင်းနဲ့ဆောင့်သူတွေဆောင့်၊နံရံကိုလက်သီးနဲ့ထိုးတဲ့သူတွေကထိုး…ဝမ်းနည်းကျေကွဲနေလိုက်ကြတာ။သူတို့ညီမလေးကို…သူတို့ကချစ်ခဲ့ကြတယ်လို့..ထင်နေကြပေမဲ့..ချစ်ရာမရောက်နှစ်..ရာရောက်..သွားတယ်ဆိုတာကိုရောသိမှသိကြပါ့မလား။ကိုဗစ်လူနာအလောင်းကို..ကားပေါ်ကနေ..ချကတည်းကပိုးသတ်ဆေးလိုက်ဖြန်းရပါတယ်။မီးသင်္ဂြိုလ်စက်ထဲကိုအလောင်းထည့်ခဲ့ပြီးပြန်ထွက်လာတာနဲ့..အဖွဲ့သားတွေအားလုံးကို..ပိုးသတ်ဆေးနဲ့..ဖြန်းပြီး..P.P.Eဝတ်စုံတွေကို..စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့အတိုင်းချွတ်ပြီး…မီးရပစ်လိုက်ကြပါတယ်။မီးသင်္ဂြိုလ်စက်က..ထွက်လာတဲ့..မီးခိုးမဲမဲတွေ..ထိုကတဆင့်..မီးခိုးဖြူဖြူတွေ..တလိမ့်လိမ့်နဲ့…မိုးကောင်းကင်ပေါ်ကို..လွင့်တက်..သွားနေပါတော့တယ်။အသက်(၂၁)နှစ်အရွယ်သမီးလေး..ရဲ့ခန္တာကိုယ်ကိုစွဲလောင်နေတဲ့မီးခိုးဖြူဖြူတွေ…ကောင်းကင်ယံထက်…တိုးဝှေ့..ထိုးတက်…ရင်း..နှုတ်ဆက်.ခွဲထွက်…နေပြီလေ။ဒီအသက်အရွယ်လေးတွေက…အပင်ပေါ်မှာရနံမွှေးမွှေး…မာန.လေးတွေနဲ့လှသွေးကြွယ်စွာ…ပွင့်ဝေဖြာနေရမဲ့..အချိန်လေးပါ။ခုတော့လည်း..ကျန်းမာရေးအသိတွေနည်း..ခဲ့ရလို့မွှေးရနံမဖြာ…မာနတွေခဝါချ..လို့လွင့်ကြွေကာ…ကျခဲ့ရရှာပေါ့လေ။.ကိုရိုနာဗိုင်းရပ်(ကိုဗစ်)က..ဘယ်တော့မှပြီးသွားတယ်လို့ရှိမှာမဟုတ်ဘူး….ဘယ်လိုအတူယှဥ်တွဲနေထိုင်ရမလဲဆိုတာကိုပဲ…လေ့လာသင်ယူနေကြရမှာပါ။နောက်ထပ်ပန်းကလေးပေါင်းများစွာလည်း…ကိုဗစ်…ချွေလို့..မကြွေ…ကိုယ်ချစ်တဲ့သူတွေနဲ့..အတူတူနေပြီးမွှေးရနံတွေနဲ့…ပင်ယံထက်မှာဝေဖြာနိုင်ကြရအောင်….ကျန်းမာရေးအသိ၊ကျန်းမာရေးသတိတွေရှိကြပါ…လို့တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

ကိန်းဂဏန်းတွေက ခေါင်းလောင်းထိုးလာနေ
ကောင်းဆက်ဇော် အမှန်ကို မသိတာ ပိုအန္တရာယ်ကြီးတယ်။ တမြို့လုံး ဇွန်ဘီဖြစ်မှန်းမသိ ဖြစ်ကုန်ပြီး၊ ဇွန်ဘီ မကြောက်သလို ဖြစ်နေတာလားလို့ တွေးမိတယ်။အရေအတွက်တွေက အန္တရာယ်ကို ပြနေပါပြီး။ မြင်ရတဲ့ကိန်းဂဏန်းတွေက စိုးရိမ်ရေမှတ်ကို ပြလာနေပြီလို့ တွေးမိရင်၊ မမြင်ရတဲ့ ဂဏန်းတွေက အမှောင်ထုကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းအရေအတွက်တွေကို မမြင်ရလေ၊ မှန်းဆနိုင်ရုံပဲ ရှိနေလေ၊ အကြောက်တရားထဲမှာ စိတ်ထင်မြင်ချက်တွေနဲ့ ရပ်တည်နေရလေ ရောဂါအန္တရာယ်ကိုတကယ်တန်း သတိမပြုမိပဲ၊ မကာကွယ်ပဲ ပိုပြီးဖိတ်ခေါ်နေလေ ဖြစ်နေမယ်။ မသိတော့ မကြောက်၊ မကြောက်တော့ မသိမှုနဲ့နေထိုင်၊ မသိမှုနဲ့ နေထိုင်တော့ အန္တရာယ်က ပိုပျံ့နှံဆိုတာလို ဖြစ်နေတယ်။မှန်းဆဝါးပြီး အန္တရာယ်ကို ရင်ဆိုင်တာထက် ကိန်းဂဏန်းအမှန်တွေကို သိပြီး ကာကွယ်တာ၊ ကုသတာက ပိုထိရောက်မှာ ဖြစ်တယ်။ SARS-CoV-2 Variant Omicron (အိုမီခရွန်)...
ကာကွယ်ဆေး ထိုးကို ထိုးမှရမယ်
တန်ခူးမေ ဟိုတစ်နေ့က အွန်လိုင်းမှာ ခေတ်စားနေတဲ့ သမီးရဲ့ကာစတန်မာတွေ ယူကိုယူရမယ်ဆိုတဲ့ တစ်တော့စ်က စနောက်ထားတဲ့ ရုပ်သံဖိုင်ကို ကြည့်နေရင်းက ပြုံးမိရယ်မိတဲ့ စာရေးသူခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ဝူဟန်က စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကကမ္ဘာကို ကိုင်လှုပ်ခဲ့တာ နှနှစ်ပြည့်ခါနီးပြီ။သေဆုံးခဲ့ရသော ကိုဗစ်ဒဏ်သင့်လူနာအရေတွက် သိန်းဆယ်ဂဏန်းတစ်ခုနီးပါးကျော်လာပြီဖြစ်ပြီး လက်တလောမှာ မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးစတွေ့နေတဲ့ ဥရောပနိုင်ငံကြီး အချို့မှာလူသေဆုံးမှုး အချို့ပြန်ရှိလာတယ်လို့သတင်းတွေအရ သိနေကြပြီးဖြစ်မှာပါ။ပြည်တွင်းမှာလည်း ရောဂါပိုးစိတ်သစ်အိုမီခရွန်ပိုးတွေ့နေရပြီဖြစ်ပြီး အတည် ပြု သတင်းများ အရ တိုင်းနဲ့ ပြည်နယ် အချို့မှာ တစ်ရက်ရာဂဏန်းကျော်စစ်ဆေးတွေ့ရှိနေရပါတယ်။ပြည်တွင်းမှာ Covid-19 တွေ့ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးမှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ခဲ့ရသော မြန်မာနိုင်ငံရေးအခြေနေကြောင့် တတိယလှိုင်းမှာဖရိုဖယဲ အလဲအကွဲ ဖြစ်ခဲ့ရပါတယ်။နိုင်ငံရေးအခြေနေကြောင့် ပြည်သူတွေကြားမှာ ယခင် အစိုးရလက်ထက် က တည်းက စီမံထားတဲ့ ကာကွယ်ဆေးစီမံကိန်း(လည်းစနေပြီ)ကို စကစ လက်...