ယခုလက်ရှိသတင်းစာအချို့သည် မိမိတို့၏ချို့ယွင်းချက်များကို ပြုပြင်နိူင်သလောက်ပြုပြင်ကြပြီးလျင် သတင်းစာဖတ်သူတို့အကျိုး၊ တိုင်းပြည်၏အကျိုးအတွက် ရဲရဲဝံ့ဝံ့ရေးသားကြရန် အချိန်တန်ပြီ။ ဤသို့ရေးသားကြမည်ဆိုသော် တိုင်းပြည်၏ကျေးဇူးတင်ခြင်းကိုကောင်းကောင်း ခံစားရမည်သာတည်း။တဲ့။သိပ္ပံမောင်ဝရေးတဲ့စာပါ။၁၉၃၉ခုနှစ်၊သြဂုတ်လထုတ်ဂန္ဓလောကမှာပါတဲ့ သတင်းစာကောင်းအလိုရှိသည်ဆိုတဲ့ဆောင်းပါးမှာရေးထားတာပါ။အဲ့ဒီဆောင်းပါမှာဆက်ရေးထားပါတယ်။ သတင်းစာနဲ့သတင်းသမားဆိုတာ အပြန်အလှန်အထောက်အကူပြုတဲ့သဘောဖြစ်ကြောင်းဆက်ရေးထားပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကရေးခဲ့တာပါ။သတင်းစာနဲ့သတင်းသမားတချို့ရဲ့အခြေအနေကအခုလည်းသိပ်မကွာပါဘူး။ဆိုးမွေတွေအဆက်ဆက်ပေးပြီး၊ဆိုးမွေတွေဆက်ခံနေသလိုပါပဲ။ဆရာကသတင်းစာတွေအကြောင်းကိုို”၁(ပြား)၊ ၂(ပြား)၊၃(ပြား)တန်သတင်းစာများကို ထားလိုက်ပါဦး၊ ၅(ပြား)တန်အတန်းသတင်းစာအချို့ပင်လျင် ပါတီပရောဂများနှင့်မကင်းကြသည်မှာ သနားစရာကောင်းလှတော့သည်။”လို့ရေးထားပါတယ်။ဆက်ပြီးလည်း “သတင်းစာဖတ်သူတို့ကား နှစ်ဦးနှစ်ဖက်စကားကိုမကြားရဘဲတဖက်သတ်စကားကိုယုံပြီးလျင် မမှန်သောဆုံးဖြတ်ချက်ကိုချကြရလေသည်။ မည်သူ၏အပြစ်ပါနည်း။ ထိုတဖက်သတ်သမား သတင်းစာဆရာများ၏ အပြစ်ပင်ဖြစ်တော့၏။ ထိုပြင်နယ်များမှ သတင်းမှန်၊သတင်းကောင်းတို့ကိုပေးနိုင်သောပုဂ္ဂိုလ်များအားကြေးငွေခပ်များများပေး၍ သတင်းထောက်ခန့်ထားခြင်းမပြုပါဘဲ အများအားဖြင့် အပေါစားသတင်းထောက်တို့ကိုခန့်ထားလေ့ရှိကြလေသည်။ခြောက်ပြားတန်သတင်းသတင်းထောက်မျိုးကိုခန့်ထားလျှင်ခြောက်ပြားတန်သတင်းမျိုးကိုသာရပေလိမ့်မည်။တကျပ်တန်သတင်းမျိုးကို အဘယ်နည်းနှင့်မျှရနိုင်မည်မဟုတ်ပေ။”သူစာထဲမှာပြားတွေပါတော့ အဲ့ဒီခေတ်ရဲ့ကုန်စျေးနှုန်းကိုသူ့ဆောင်းပါးတွေထဲမှာလိုက်ရှာရပါတယ်။အခြားတပုဒ်မှာဟင်းတခွက်နဲ့ထမင်းတခါပြင်(၄)ပဲ။လက်ဖက်ရည်တခွက်(၆)ပြားလို့ရေးထားတာတွေ့ပါတယ်။စစ်ကြိုခေတ် သတင်းသမားတွေသတင်းလိုက်ပုံ၊သတင်းရေးပုံကိုဘယ်လိုဆက်ရေးထားသလဲဆိုတော့”ထိုခြောက်ပြားတန်သတင်းထောက်တို့သည် လက်ဖက်ရည်ဆိုင်၊ကာဖီဆိုင်တို့မှရသော သတင်းတို့ကိုဟုတ်၏၊၊ မဟုတ်၏ထောက်လှမ်းစုံစမ်းခြင်းမပြုပါပဲ ထိုရသမျှသတင်းကိုမိမိတို့၏သတင်းစာတိုက်သို့ပို့လိုက်သည်သာများ၏။ထိုသတင်းများကိုဟုတ်၏၊မဟုတ်၏ဆင်ခြင်ခြင်းမပြုပါဘဲအဟုတ်ကြီးလုပ်ကာသတင်းစာထဲတွင်ထည့်သွင်းလေ့ရှိသည်။”တဲ့။ပါတီတခုခုနဲ့မသက်ဆိုင်တဲ့သတင်းစာတွေရဲ့အခြေအနေကလည်း”ပါတီမရှိသော်လည်းလူအများ၏အလိုသို့သာလိုက်ကာရေးသားနေကြသောသတင်းစာတို့ကိုလည်းအားထားရန်ခက်လှပေ၏။ထိုသတင်းသမားတို့ကားတိုင်းပြည်အားခေါင်းမဆောင်၊လူအများခေါင်းဆောင်ရာသို့သာလျင်ကောက်ကောက်ပါအောင်လိုက်နေကြလေတော့သည်။”တဲ့။သိပ္ပံမောင်၀ရဲ့သက်ပြင်းမှုတ်ထုတ်သံကခေတ်တွေစနစ်တွေတခုပြီးတခုကျော်ဖြတ်ပြီးကိုယ့်ဘေးနားထိရောက်လာသလိုပါပဲ။၆.၈.၂၀၂၀ဇမဇမဇမ See Less
FlashNews:
ပြည်တွင်းပဲ ရာသီအကုန် ပဲမာလိုင်းအချို့ ပစ္စည်းပြတ်၊ တရုတ်ပို့ကုန် မြေထောက်ပဲ ဈေးမြင့်တက်လာ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
Category: <span>ဆောင်းပါး</span>
ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အခြားအခြားသောကိစ္စရပ်များတွင်မဝေဖန်လိုသော်လည်းရှေ့ရေးကို ကြိုတင်မှန်းဆနိုင်ငံရေးလမ်း အခင်းအကျင်းတွင်မချီးကျူးပဲမနေနိုင် ၊ အံ့သြဘွယ်ချီးကျူးထိုက်သူဖြစ်သည်။နေပြည်တော်ကြီးဆောက်တော့တတိုင်းပြည်လုံး မသိလိုက်။ ရုံးတွေပြောင်းဟေ့ဆိုမှ နေပြည်တော်ကြီးထီးထီးပေါ်လာသည်။ (ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဆောက်အဦးတွေတော့ နင့်ထိုက်နဲ. နင့်ကံ)ဒီလောက်နဲ့ချီးကျူးဖို့ မလိုသေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစိတ်ကြိုက်ဆယ်စုနှစ်တစ်ခု ကျော်ကျော် ရေးဆွဲသည်။ လက်လွှတ်လိုက်တော့ သူ့အတွက်ကျည်ကွယ်မျက်ကွယ်နောက်ကြောင်းပြန် အရေးယူခြင်း မပြုရ။ အန္တရာယ်ကင်းပရိတ်ရွတ်ထားပြီးသားသူလုပ်ခဲ့သမျှ ပစ်မျိုးမှဲ့မထင်၊မြူမှုံကင်း၍ လမင်းသာ ပြီးတော့နောက်လျှောက်ရမည့်လမ်းဖြောင့်ဖြူးဖို့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးမည်တဲ့။ကြံ့ခိုင်ရေးအသင်းကြီးသည်နိုင်ငံတော်ပိုင် ၊ တပ်မတော်အခြေပြုလူမှုရေးအသင်းကြီးမှ ချက်ချင်းကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဖြစ်သွားသည်။ တမဟုတ်ချင်း ဥုံဖွ ဟဲ့ ဆိုအင်အားကြီးမား ခိုင်မာသော တပ်မတော်နောက်ခံပြု နိုင်ငံရေးအသင်းကြီးဖြစ်ခဲ့သည်။အစိုးရကျောထောက်နောက်ခံပြုတပ်မတော်နောက်ခံပြုအသင်းကြီးသည် အရှင်မွေးပြီးနေ့ချင်းကြီးထွားဖွံ့ဖြိုးခဲ့သည်။ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မဲရွေးချယ်သောနေ့၊ မဲရေတွက်စဉ်ရှုံးနိမ့်နေသော်လည်း ဥုံဖွ ၊လာပြန်ပြီ ဒီဥုံဖွ ကြိုတင်မဲများရာက်စေ၊ ပြိုင်ဘက်ပါတီတိုင်းကိုအပြတ်အသတ်နိုင်စေ၊ ဒီနည်းနဲ့စည်တီးပြီး ပြည်ကြီးဝင် လွှတ်တော်ထဲရောက်အစိုးရဖွဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖြစ်စေသတည်း။ပြည်သူတစ်ရပ်လုံးကကော သိကြရဲ့လား။ သိတာမှ သိပ်သိ အားကြီးသိ...