Home စိုက်ပျိုးရေး

Category: <span>စိုက်ပျိုးရေး</span>

Post
ချာချာလည် ဂျွမ်းတွေပြန်လည်း

ချာချာလည် ဂျွမ်းတွေပြန်လည်း

ကောင်းဇာ် အညာ၏ သဏ္ဍာန်သည် မွဲခြောက်ခြောက်နှင့်။အညာ ယာခင်းများမှာ အညာသားတစု၏ ကျောကုန်း မဲပြောင်ပြောင်များ ကျောချင်းစုကပ်ထားသည့်နှယ်။ကျောမွဲ ယာခင်းများထဲ ပဲ၊ နှမ်း၊ ပြောင်းတို့ ရှင်သန်ဖြစ်ထွန်းနေသည်ကို မမြင်ရ။ နေပူရှိန် ပြင်းပြင်းအောက်တွင် တလက်လက် မြင်နေရသည်တို့မှာမျှော်လင့်ချက်တွေလား၊ ဘဝအမောတွေလား ခွဲရခက်လှသည်။ ရှေ့မှာ ရှိနေသည်က တံလျှပ်တို့ မဟုတ်ပဲ၊ အိုအေဆစ် ဖြစ်လျင် ကောင်းပေစွ။ စလင်းနယ်ဘက်ကို လာရောက်၍ စိုက်ပျိုးရေးလုပ်သူ လုပ်ငန်းရှင်တစ်ဦးကို ဖုန်း မက်ဆင်ဂျာက တဆင့်မေးကြည့် ရသည်။ သူလည်း သူ့ စိုက်ပျိုးရေးလုပ်ငန်းခွင်သို့ သိပ်မလာနိုင်တော့။ စိတ်ချရသည့် အလုပ်သမားများကို လွှဲထားပြီး အွန်လိုင်းကတဆင့် ညွှန်ကြား စိုက်ပျိုးရေးလုပ်သူတဦးလို ဖြစ်နေသည်။ Office at Home ကို တနည်းတဖုံဖြင့် စိုက်ပျိုးရေးကို အိမ်မှတဆင့် စီမံသူဖြစ်နေပုံရသည်။သူက...

Post
အပူထဲမှာ ပြေးလွှားနေကြရရဲ့အခါ

အပူထဲမှာ ပြေးလွှားနေကြရရဲ့အခါ

ကောင်းဇာ် ဒေသသည် ရာသီဥတု ပြင်းထန်လွန်းသည်။ အချို့သော ဘာသာတရားတို့အတွက် အကျင့်သီလပြုရန် ပင်ခက်ခဲစေသည်။ကျနော်ကမီးအပူနဲ့ အလုပ် လုပ်ရတော့ ဥပုသ်စောင့်ဖို့ မလွယ်ဘူး။ အိမ်က သားသမီးတွေ ဥပုသ်ပြုနိုင်ဖို့အတွက်ပဲ ကူနိုင်တယ်။ ဆိုင်က စားပွဲထိုးးလေးတွေလည်း တချိန်လုံး ပြေးလွှားနေရတော့ သူတို့လည်း မလွယ်ဘူး ဟု  လက်ဘက်ရည်ဆိုင်တခုမှ အစ္စလာမ်ဘာသာဝင် အကြော်ဆရာတဦး ပြောသည်။သဘာဝပတ်ဝန်းကျင်  ဖောက်ပြန်မှုအဆက်မှ ရာသီဥတုကိုဆိုးရွားစေသလို လူတို့၏ သီလကျင့်လုပ်မှုကိုလည်း လာ၍ ထိလေသည်။  သစ်ပင်တို့ ကင်းမဲ့သည့်အခါ သစ်တပင်ရိပ်အောက်၊ ဝါးတမြုံအောက်၌ တရားကျင့်ကြံရန် မလွယ်တော့ချေ။ ဓမ္မကို လူရုပ်ရှုပ် ဖုန်ထူထူ နေပူပူ၌ ကျင့်နိုင်ရန် အားထုတ်နေကြရပြီ။ ‘တရား’ကိုယ်၌သည်လည်း နေအပူဒါဏ်ထဲတွင် အာခေါင်ခြောက် ရေငတ်သည်ကို ခံနိုင်ရန် အားထုတ်နေရသည်။ လူတို့ကဲ့သို တရားဓမ္မလည်း ကိုယ်ပိုင်အပူနှင့် ဖြစ်နေ၏။ခရစ်ယာန်ဘာသာဝင်တဦးက...