Home စိုက်ပျိုးရေး

Category: <span>စိုက်ပျိုးရေး</span>

Post
တိမ်ညိုတွေထဲက အနာဂတ်အဆင်

တိမ်ညိုတွေထဲက အနာဂတ်အဆင်

ကောင်းဇော် အညာဒေသအတွက် အနောက်တောင်က လာတဲ့မိုးရိပ်လေရိပ်ကြည့်ကာ စိုက်ရေးပျိုးရေးပြင်ရတာဖြစ်ပါတယ်။ တခါတခါ အရှေ့ဘက်ဆီက မုန်တိုင်းအဖျားကနေရလာမယ့် မိုးရိပ်လေရိပ်ကနေလည်း မိုးကို အားပြုနိုင်ပါတယ်။မကွေးအရှေ့ဘက် ရွာတရွာက တောင်သူကြီးတဦးက မိုးမရွာသေးပေမယ့် အခြောက်ကျဲ ကျဲထားတဲ့ သူ့ယာ ၇ ဧကလောက်ကို ဂျောင်းကြားလိုက်ပြီး နှမ်းပက်ကျဲ လိုက်ထားတယ်။ ၁၅ကြောင်းကြားမှာ ပဲစဉ်းငုံကို အတန်းလိုက်ချထားပြီး အဲ့တာတွေအပေါ်မှာ တုန်းကြမ်းလိုက်ထားတယ်လို့ ဆိုရင်း “မိုးရွာရင်တော့ အပင် ပေါက်လာမယ်။ မနှစ်က ပဲ၊ နှမ်းရထားတော့ မျိုးပေါလို့ စွန့်ရဲတာ”လို့ ပြောပါတယ်။ သူက မိုးရွာရင် အပြိုင်အဆိုင် ထွန်ကြမှာဆိုတော့ ထွန်စက်က ရဖို့မလွယ်ဘူး။ အများစုကတော့ အပင်ရှင်နိုင်တဲ့ မိုးရွာချိန်ကျမှ စိုက်ကြသူများတယ်လို့ သိရတယ်။သူက “ရာသီဥတုကြည့်ပြီးပြီ။ မုန်တိုင်းက ခုလကုန် ဝင်လာဖို့များတယ်။ မုတ်သုန်ကလည်း ခုလနောက်ဆုံးပတ် ဝင်မယ်တဲ့။...