နန်းကိုချစ်ရင် ခေါပုတ်ကိုလည်း ချစ်ရမယ်တဲ့။ ဒီရေကို စိတ်ဝင်စားတော့ ဗေဒါကိုလည်း စိတ်ဝင်စားတယ်။“ဗေဒါကို သိနားလည်ချင်လျှင် “ဒီ” အကြောင်းကိုလည်း သိထားသင့်လေသည်”လို့ မောင်ဟုန်ဝမ် (ကထိက)ရဲ့ ဇော်ဂျီနှင့် ကဗျာဆိုတဲ့ ကဗျာလေ့လာချက်စာအုပ်မှာ ဖတ်ရတယ်။မောင်ဟုန်ဝမ်ဟာ ဗေဒါလမ်းအဖွင့်တွေကို ရေးတဲ့အခါ “ဒီ”အကြောင်းကို လေ့လာပါတယ်။သူ့စာထဲမှာ “ဗေဒါသည် ရေအတက်အကျကြောင့် အစုန်အဆန် သွားနေရသည်။ ရေအတက်အကျကို ဖြစ်စေသူကား “ဒီ” ဖြစ်သည်”တဲ့။ပင်လယ်နဲ့ နီးတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ ပင်လယ်ရေအတက်အကျ ရှိတယ်။ ပင်လယ်ရေတက်တာ ကျတာကို ဒီလို့ ခေါ်ကြတယ်။ ဒီရေတက်တယ်၊ ဒီရေကျတယ်လို့ ခေါ်ကြတယ်။ပင်လယ်ရေက တစ်နေ့ ၂ကြိမ်တက်တယ်။ ၂ကြိမ် ကျတယ်။ရေတက်ချိန် ၂ချိန်ကြား ၁၂နာရီနဲ့ ၂၄ ၂ပိုင်း ၁ပိုင်းမိနစ်ကွာတယ်။ ရေကျချိန်ကလည်း တကြိမ်နဲ့တကြိမ် ၁၂နာရီ ၂၄မိနစ်ခွဲ...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
Category: <span>သတင်းများ</span>
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
ရွှေမန်း ပြည်တွင်းသုံးကုလားပဲအုပ်စု အရောင်းအဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများနှင့်ပဲမာလိုင်းများ အရောင်းအဝယ်အေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ ပြည်တွင်းသုံးပဲမာလိုင်းများ မှာ လက်ကျန်ပဲများလို ဈေးကျ ဆင်းမှုမရှိဘဲ ပုံမှန်သာ အရောင်း အဝယ်ဖြစ်နေသည်။ ပဲ၊ နှမ်းဈေးကွက် အရောင်း အဝယ်က ခပ်အေးအေးသာရှိပြီး လက်ကျန်ပဲများကိုသာ အရောင်း အဝယ်ပြုလုပ်နေကြောင်း၊ ပြည် တွင်းသုံး ကုလားပဲအုပ်စုသာ အရောင်းအဝယ်ခပ်သွက်သွက်ရှိ နေကြောင်း၊ မြေပဲ၊ နှမ်းမျိုးစုံဈေး ကွက်မှာ ဈေးအနည်းငယ် ဆက် လက်ကျဆင်းနေကြောင်း မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ “ သီတင်းကျွတ်ပိတ်ရက်များ အလွန် ဈေးကွက်ပြန်လည်စတင် ပေမယ့် ပြည်တွင်းသုံးကုလားပဲ အုပ်စု အရောင်းအဝယ် သွက်နေ ပါတယ်။ အခြားပို့ကုန် မတ်ပဲ၊...
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
ရွှေမန်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Thai Binh ပြည်သူ့ကော်မတီအနေဖြင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုပြီးဖြစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ် ၂၀၂၄ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် Thai Binh မြို့တွင် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၊ နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသည် မြောက်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသ၏ လူမှုစီးပွားဘဝအောင်မြင်မှုများကို ပြသနိုင်မည်ဖြစ်သကဲ့သို့ ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ထုတ်ကုန်ပစ္စည်းများကို ဝင်ရောက်ပြသခြင်းဖြင့် ထုတ်ကုန်နှင့် အမှတ်တံဆိပ်များကို မိတ်ဆက်နိုင်ခြင်း၊ မိတ်ဖက်လုပ်ငန်းရှင်များရှာဖွေနိုင်ခြင်း စသည့်အခွင့်အရေးများ ရရှိစေမည်ဖြစ်သည်။ နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ (International Agricultural Trade Fair 2024) သို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@gmail.com သို့...
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
ရွှေမန်း ပြည်တွင်း စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်မျာကြီးမြင့်နေသလို စားသုံးသူများ လည်း ကုန် ဈေးနှုန်းကြီးမြင့် နေကြောင်း တောင်သူများထံ ကသိရသည်။ စက်တင်ဘာလအတွင်းက နေပြည်တော်၊ မန္တလေး၊ ကလောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စပါးအပါအဝင် စားဖိုဆောင်သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဈေးကွက် အတွင်း အခြေခံ စားသောက်ကုန်များဝင်ရောက်နိုင်မှုနည်းကာ ဈေးမြင့်တက်လာမှု များဖြစ် ပေါ် လျက်ရှိသည်။ လက်ရှိအချိန်တွင် တောင်သူအများ အနေဖြင့် စိုက်ပျိုးမြေများပြန်လည် စိုက်ပျိုးနိုင်ရန် မြေပြုပြင်ခြင်းများ ၊ မျိုးစေ့ ၊မြေဆီများ နှင့် စက်သုံးဆီများ အတွက် ပြန်လည်ရင်းနှီးစိုက်ပျိုးနေချိန်ဖြစ်သည်။ တောင်သူများမှာ မျိုးစေ့ ဈေးကြီးမြင့်ခြင်း ၊ ဓာတ်မြေသြဇာဈေးများမှာလည်း ရည်ညွှန်းဈေး အတ်ိုင်း မရရှိဘဲ ဈေးကြီးမြင့်စွာဝယ်ယူနေရကြောင်း၊ စက်သုံးဆီများကိုလည်း ဝယ်ယူရာတွင်အခက်အခဲရှိကြောင်း...
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
ရွှေမန်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံ များ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀လျှင်ငွေကျပ် ၉၅၀၀၀၀ သက်မှက်ကြောင်း ယနေ့ အောက်တိုဘာ ၁၉ ရက်စွဲဖြင့် ကြေညာချက်အမှတ် ( ၁/၂၀၂၄) ကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီး ပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ မှထုတ်ပြန်ကြေညာထားသည်။ စပါး အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို (၉၅၀,၀၀၀) ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့်...
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
ရွှေမန်း သီတင်းကျွတ်ကာလ ပိတ် ရက်များနောက်ပိုင်းမှသာ ပဲ၊နှမ်း ဈေးကွက် အရောင်းအဝယ် ပြန် လည် ကောင်းမွန်လာမည်ဖြစ် ကြောင်း ပဲ၊ နှမ်းကုန်သည်များ ထံက သိရသည်။ လက်ရှိ ပဲ၊နှမ်းဈေးကွက်တွင် ပြည်တွင်းသုံး ကုလားပဲတစ်မျိုး သာ နေ့စဉ်အရောင်းအဝယ်ရှိနေ သည်။ သီတင်းကျွတ်ကာလ ဘဏ် ပိတ်ရက်များကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ အရောင်းအဝယ် မရှိသလောက် အေးနေကြောင်း၊ ပို့ကုန်ပဲနှင့် ပြည်တွင်းသုံး ပဲမာ လိုင်းများမှာ ပေါက်ဈေးမဖွင့် တော့ဘဲ ပြည်တွင်းသုံး ကုလားပဲ အုပ်စုသာ အရောင်းအဝယ် နေ့စဉ်ဈေးပြတ်နေသော်လည်း ပို့ကုန်ပဲများမှာ အရောင်းအဝယ် အေးနေကြောင်း၊ သီတင်းကျွတ် ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ၊ နှမ်းဈေးကွက်အရောင်းအဝယ် ပြန်သွက်လာနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည် များနှင့်...
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
ရွှေမန်း မကွေးတိုင်းဒေသကြီး အတွင်းရှိ Gဗဏ စနစ်ဖြင့် စိုက်ပျိုးထားသည့် နှမ်းများ စုပေါင်းရောင်းချပွဲတော်ကို စက်တင်ဘာ ၃၀ ရက်မှ အောက် တိုဘာ ၁၂ ရက်အထိ မကွေးမြို့ သင်ကြားရေး ဆေးရုံလမ်းရှိ မြင့်မြတ်တော်ဝင်ကုမ္ပဏီဂိုထောင် တွင် ရောင်းချနေကြောင်း မကွေး တိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံ မှ သိရသည်။ အောက်တိုဘာလဆန်းပိုင်း တွင် စမုန်နှမ်းနက် တစ်တင်းလျှင် ငွေကျပ် ၂၂၅၀၀၀ ဝန်းကျင်နှင့် နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးများနှင့် ရောင်းချနေခြင်းဖြစ်သည်။ GAP စနစ်ဖြင့် စိုက်ပျိုး ထားသည့် နှမ်းများကို စုပေါင်း ရောင်းချခြင်းမှာ တောင်သူများ အတွက် အဆင်ပြေမှုရှိသော ကြောင့် ၂၀၁၇ ခုနှစ်ကတည်း က စုပေါင်းရောင်းချလာခြင်း ဖြစ်ကြောင်း၊ GAP...
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
ရွှေမန်း အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ရှိနေသော်လည်း ပဲစင်းငုံဈေးကွက် ကျဆင်းနေရာ တစ်တန်လျှင် ငွေကျပ် ၅၀၀၀၀၀ ခန့် ကျဆင်းခဲ့ ကြောင်း ပဲကုန်သည်များထံက သိရသည်။ ပြည်ပပို့ကုန်များထဲမှ ပဲစင်း ငုံနီက အောက်တိုဘာလဆန်းပိုင်း ကတည်းက ပဲစင်းငုံနီတစ်တန် လျှင် ငွေကျပ် ၄၆သိန်း အောက် ရောက်ရှိလာခြင်း ဖြစ်သည်။ စက်တင်ဘာလဆန်းပိုင်း က ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲစင်းငုံနီတစ်တန်လျှင်ငွေကျပ် ၅၁သိန်းအထိ ပေါက်ဈေးရှိသလို FOB ဈေးနှုန်းမှာလည်း တစ်တန် လျှင် ၁၁၂၀-၁၁၃၀ ဒေါ်လာရှိခဲ့ရာ အောက်တိုဘာ ပထမသီတင်းပတ် အတွင်းမှာ တစ်တန်လျှင် ငွေကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးကျ နေခြင်း ဖြစ်သည်။ “ ပဲစင်းငုံ ပြည်တွင်းလက်ကျန် မရှိသလောက်နည်းပါးနေပြီး ဈေးကွက်အတွင်း အဝင်မရှိတော့ ပါဘူး။...
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ရွှေမန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ ၆ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ချက် ထားသည်။ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၃၇၈၄၆.၅၈ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF တာဝန်ရှိသူတစ်ဦးက ပြောသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် စက်တင်ဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တန်ချိန် ၂၁၉၅၆၅.၁၃ တန် တင်ပို့မှုမှ ဒေါ်လာ ၁၀၄ သန်းအထိ စံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။ ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ ၉၇ သန်းအထိ...
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
ရွှေမန်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း၌ ဝဥများ မနှစ်ကထက်ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေကြောင်း မန္တလေးမြို့ ကုန်သည်များထံမှ သိရ သည်။ အဆိုပါ ဝဥများကို ယခုအချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းဒေသများမှ ဝဥများလှိုင်လှိုင်ထွက်ပေါ်လာပြီး မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နှစ်စဉ်ဝယ်ယူနေသည့်အ တွက် ယခုနှစ်တွင် ဝဥ(အဝါခြောက်)တစ်ပိဿာလျင်ငွေကျပ် ၁၅၀၀၀ နှင့် ဝဥ(အနီ)အခြောက်တစ်ပိဿာလျင်ငွေကျပ် ၈၅၀၀ ဈေးတို့ရရှိကာ မနှစ်ကထက်ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ ” ယခုအချိန်ဟာ ဝဥတွေလှိုင်လှိုင်ထွက်တဲ့ ရာသီဖြစ်တယ်။ ဝဥက သမ ပိုင်းရာသီဥတုနေရာတွေမှာ ပေါက်ပါတယ်။ မြန်မာနိုင်ငံမှာ အလေ့ ကျပေါက်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ ဝဥအနီ၊ ဝဥအဝါဆိုပြီး နှစ်မျိုး ရှိတယ်။ ဝဥကဥအတိုင်းမဟုတ်ပဲ...