Home ဆောင်းပါး

Category: <span>ဆောင်းပါး</span>

Post
ကိုဗစ်တိမ်နဲ့ အတွေးတိမ်

ကိုဗစ်တိမ်နဲ့ အတွေးတိမ်

ကောင်းဇော် ကိုဗစ် နိုင်တင်းက သာမာန်ပြည်သူများအတွက် နားလည်ဖို့ ခက်ခဲလှတယ်။တိမ်ပန်းချီကို အနက်အဓိပ္ပါယ် ဖွင့်ရသလိုပါပဲ။ ဒါကတော့ ယုန်ရုပ်လေး လို့ ခန့်မှန်းနေတုန်း နဂါးရုပ်လိုလိုလေး ပြောင်းသွားနေသလိုပါပဲ။ ချိုးငှက်လေးလို့ စိတ်ကူးနဲ့ပုံဖော်နေတုန်း နောက်ကတိမ်မဲတအုပ်က ခွေးရုပ်‌ဖြစ်လာလို့ ထိတ်လန့်သွားရသလိုပါပဲ။ပိုးမျိုးကွဲအသစ်အသစ်တွေကလည်း သစ်နေတယ်။ ထိုးရမယ့်ဆေးတွေကလည်း လိုက်သစ်နေရတယ်။ ဖော်စပ်ထုတ်လုပ်နိုင်တဲ့ နိုင်ငံကြီးတွေပေါ်မူတည်ပြိး ဆေးဝါး‌အသစ်တွေ ထွက်လာတယ်။ ရောဂါပိုးကလည်း အသွင်ပြောင်းသစ်လာတယ်။ ကိုဗစ်လှိုင်းကစတုတ္ထအထိ ဖြစ်လာတော့မယ်။ပိုးအသစ်နောက်က ဆေးအသစ်က လိုက်ရတယ်။ ကုသနိုင်တဲ့ဆေး မပေါ်လာခင်မှာ ဆုံးရှုံးနစ်နာရတာက လူ့အသက်တွေပါ။တကမ္ဘာလုံး ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၂၂၄.၃သန်းရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၄.၆သန်းရှိသွားပြီလို့ John Hopkin ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဆိုင်ရာ ဌာနက စက်တင်ဘာ ၁၂ရက်နေ့ ၂၀၂၁ခုနှစ် တနင်္ဂနွေနေ့မနက် အစောပိုင်းက ထုတ်ပြန်ပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါပိုးကာကွယ်ဆေး ၅.၇သန်း...

Post
ကိုဗစ် လှိုင်းသစ်လား

ကိုဗစ် လှိုင်းသစ်လား

ကိုဗစ်က မျိုးကွဲတွေ ရှိပေမယ့် ကိုဗစ်က ကိုဗစ်ပါပဲ။ Mutation ကြောင့် အခု မပေါ်သေးတဲ့ မျိုးကွဲတွေလည်း ပေါ်လာနိုင်သေးတာပါပဲ။ ကူးပုံက အတူတူပါ။ မျိုးကွဲ ဆိုတာ ထောင်ကဲကြီးနဲ့ ဝတို့က ဆိုတာမျိုးပါ။ ဒိုတီဝတ် ကုလားနဲ့ ပုဆိုးဝတ် ကုလား ကွာသလောက်ပါ။ အဲတော့ ကိုယ့်ဘက်က ကာကွယ်သင့်တာ ကာကွယ်ကြဖို့ပါပဲ။(၁) ကာကွယ်ရေး လိုက်နာမှုပိုင်းမှာ လက်ဆေး၊ Mask တပ်၊ လူစုလူဝေး ရှောင်၊ မလိုအပ်ပဲ အပြင် မထွက်ကြဖို့ပါ။(၂) စီမံခန့်ခွဲမှုပိုင်းမှာ ကာကွယ်ရေး၊ ရောဂါ ရှာဖွေရေး၊ contact tracingနဲ့ ကုသရေးပိုင်းကို စည်းကြပ်တာ စည်းကြပ်ရမှာပါ။ TB Contact Tracing တောင် ဟုတ်တိပတ်တိ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့တာ ကိုဗစ်ကျမှ လူတွေချည်း...

Post
ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်

ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်

ကိုဗစ်ကာလမှာ အားလုံးက ကိုဗစ်ကို ကြောက်နေချိန် ကျနော်မှာလည်း စိုးရိမ်စိတ် တခု ရှိပါတယ်။ အဲဒါကတော့ ပိုးသတ်ဆေး ယဥ်ပါးမှု အန္တရာယ်ပါ။ ကိုဗစ်ခေတ်မှာ အွန်လိုင်းကနေ ဖတ်ရ၊ သိရတာတွေက တဆင့် လူတွေ အတွက် ကျန်းမာရေး-အသိ တိုးပွားရသလို တဖက်ကလည်း အစိုးရိမ် လွန်စိတ်နဲ့ မသောက်သင့်ပဲ ဆေးတွေ ကြိုသောက်ကြမှာ စိုးရတာလည်း ရှိပါတယ်။အဲဒီထဲမှာ ပိုးသတ်ဆေးတွေလည်း ပါပါတယ်။အခုဆို Azithromycin 500mg သုံးလုံး တကဒ်ကို နှစ်ထောင်နီးပါး ပေးဝယ်နေရတာပါ။ ကိုဗစ် ဖြစ်မှာ စိုးလို့၊ ကိုဗစ် ဖြစ်ရင် ပိုမဆိုးရအောင်လို့ ကြိုဝယ်သောက်ကြတာ ရှိသလို မလိုအပ်ပဲ ‌‌ဆေးညွှန်းထဲ ကြိုထည့်ပေးတာတွေလည်း တွေ့ရပါတယ်။ တချို့ကျ အနည်းဆုံး ငါးရက်-တပတ် သောက်ရမယ့် ပိုးသတ်ဆေးမျိုးတွေကို သောက်ချင်တဲ့အခါ...

Post
စကုမြို့နှင့်မန်းချောင်းလွင်ပြင်နောက်ခံသမိုင်းအကျဉ်း

စကုမြို့နှင့်မန်းချောင်းလွင်ပြင်နောက်ခံသမိုင်းအကျဉ်း

စကုမြို့သည်မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းတည်ရှိ၍ ရခိုင်ရိုးမတွင်မြစ်ဖျားခံပြီး မန်းရွှေစက်တော်ဘုရားကို ဖြတ်သန်း စီးဆင်းလာသော မန်းချောင်း (ရှေးအခေါ် နမန္တာမြစ်)၏ တောင်ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။ စကုမြို့သည် ကျောက်ခေတ်၊ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် မှ တိုင် ယခုအချိန်ထိ ယဉ်ကျေးမှုအစဉ်အဆက်ထွန်းကားရာမန်းချောင်းလွင်ပြင်၌ တည်ရှိသော ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပါသည်။ မန်းချောင်းလွင်ပြင်၏ ပထဝီအနေအထားမှာ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတွင်မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းနေပါသည်။ (ရ၈) မိုင်ခန့်ရှည်လျားပြီး စကုမြို့၊ ဆည်တော်ရွာမှစ၍ မြေပြန့်လွင်ပြင်အဖြစ်သို့ စတင်ရောက်ရှိ လာပြီး၊ ထိုနေရာတွင် တမိုင်ခန့် ကျယ်ဝန်းသော်လည်း မြေပြန့် လွင်ပြင် စစ်စစ် မဖြစ်သေးပါ။ဆက်လက်၍စကုမြို့မြောက်ဘက်မှ ကပ်လျက် စီးဆင်းသွားပြီး မင်းဘူးမြို့ အထက် ငါးမိုင်ခန့် တွင်...

Post
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ကိုဗစ်တတိယလှိုင်းက လူတိုင်းအပေါ် ရိုက်ခတ်လို့လာပါပြီ။ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုး ကာကွယ်ရမယ်ဆိုတာမှာ ကိုယ့်မိသားစုနဲ့ ကိုယ်နိုင်လောက်တဲ့ဝန်းကျင်ကိုပါ ကူညီတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုမျိုးနဲ့ ရုန်းကန်ကျော်ဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။ ကိုယ်ရဲ့အဆုတ်က အရေးကြီးဆုံးဖြစ်လို့ ပါတ်ဝန်းကျင်သန့်ရှင်းဖို့ အရင်ဦးဆုံး လုပ်ထားရမယ်လို့ ကိုဗစ်လူနာတွေ အောက်ဆီဂျင်ရဖို့ကူညီရေးတွေလုပ်ခဲ့တဲ့ မိတ်ဆွေတယောက်က အကြံပေးပါတယ်။ ရောဂါသည်းထန်ချိန်မှာ လုံလောက်တဲ့အောက်ဆီဂျင်နဲ့ အသက်ဆက်ဖို့၊ ကြိုးစားဖို့ လိုအပ်ပါတယ်။ ခက်ခဲတာတွေ စုပြုံနေချိန်မှာ လေ၀င်လေထွက်ကောင်းတဲ့၊ သန့်စင်တဲ့အောက်ဆီဂျင်ကို ကိုယ့်ပါတ်ဝန်းကျင်က အလွယ်တကူရနိုင်တဲ့ အနေအထားဖြစ်အောင်လုပ်ထားတာကလည်း အတတ်နိုင်ဆုံးပြင်ဆင်ထားတဲ့ ကိုယ့်ကိုယ်ကိုယ်အားကိုးတဲ့အထဲက အချက်တစ်ချက်ဆိုရင် မမှားပါဘူး။ “တတိယလှိုင်းကတော့ မေလ ၂၅ရက်နေ့ကစပြီး ဖြစ်တာပဲဖြစ်ပါတယ်။ မေလ ၂၇ရက်နေ့မှာဆိုရင် ၉၆ယောက်တွေ့တယ်။ နောက်ပိုင်းမှာ ရောဂါတွေ့ရှိသူ (၁၀)ရာခိုင်နှုန်းဝန်းကျင်အထက် ဖြစ်သွားတယ်။ မနေ့ကဆို ပိုးတွေ့တဲ့သူအများဆုံးပေါ့။ ရာခိုင်နှုန်းအားဖြင့်ဆို (၂၈)ရာခိုင်နှုန်းတွေ့တယ်”ဟု ဒေါက်တာခင်ခင်ကြီး (ညွှန်ကြားရေးမှူး၊...

Post
ကိုဗစ်လည်း ကမ်းမမြင်၊ လမ်းမမြင်

ကိုဗစ်လည်း ကမ်းမမြင်၊ လမ်းမမြင်

ကိုဗစ်သည် မြန်မာ့နိုင်ငံရေး ပင်လယ်ပြင်ထဲ၌ လမ်းမမြင်၊ ကမ်းမမြင် ကူးခတ်နေ၏။ ဆန္ဒပြကြွေးကြော်သံမုန်တိုင်းများ၊ သံပုန်းမိုးသီးမိုးပေါက်များ ကြားတွင် မြုပ်ချည် ပေါ်ချည်ရုန်းကန်နေရသည့် လှေငယ်ပမာ ကိုဗစ်ဝေဒနာရှင်များကို လှမ်းမြင်နေရသည်။ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန လူမှုကွန်ယက်စာမျက်နှာတွင် (၂၉ရက်) ဇန်နဝါရီလ (၂၀၂၁)ခုနှစ်က ဖော်ပြချက်အရ တိုင်းအတွင်း အတည်ပြုလူနာ (၃၃၇၈)ဦးထိရှိခဲ့ကြောင်း သိရသည်။ ၎င်းစာမျက်နှာသည် ဇန်နဝါရီလ (၃၁)ရက်ထိသာ ကိုဗစ်အခြေအနေကို ဖော်ပြထားသည်ကို တွေ့ရ၏။ ထိုရက်များနောက်ပိုင်းတွင် ကိုဗစ်နိုင်တင်းနှင့် ပါတ်သက်သည့် သတင်းများကို မဖော်ပြနိုင်တော့ပါ။ ကိုဗစ်သတင်းများကို တိကျရေရာစွာ မကြားရသော်လည်း နီးစပ်ရာမိတ်ဆွေများမှတဆင့် ရောဂါနှင့် သေဆုံးသည့်သတင်းများကို ကြားရသည်။ ရေနံချောင်းနှင့်မကွေးတို့တွင် ရောဂါဖြင့်‌သေဆုံးသူများရှိကြောင်းသိရသည်။ သတင်းသမားတဦးက “ရေနံချောင်းမှာ ကျွန်တော့ အမေအရွယ် အသက် (၆၀)ကျော်တွေ ကိုဗစ်နဲ့သေတာ သုံး၊လေးယောက်လောက်ရှိတယ်”ဟု ပြောသည်။ မကွေးမှာလည်း သေဆုံးသူအနည်းငယ်ရှိသည်ဟုကြားရသည်။...

Post
ဟူကျင်တောင်ကို  ​လတ်တလောအတွက် လေ့လာခြင်း

ဟူကျင်တောင်ကို ​လတ်တလောအတွက် လေ့လာခြင်း

ဟူကျင်တောင်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားမှုကို မလိုလားတဲ့ နိုင်ငံရေးသမား ဆိုတဲ့ စာအုပ်ကို ကျော်ထက်ထွန်း ဘာသာပြန်တာ ဖတ်ဖြစ်တယ်။ဟူကျင်တောင်ကို တရုတ်ပြည်ရဲ့ သမ္မတရာထူး၊ အထွေထွေအတွင်းရေးမှူးမတိုင်မီကလည်း လူသိနည်းတယ်။ အာဏာတွေရပြီးနောက်လည်း ထင်ထင်ပေါ်ပေါ် မနေ။သူ ၂၀၀၂နှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ယူပြီးနောက် ပါတီသမိုင်းမှာ အရင်းရှင်တွေကို ပါတီဝင်ခွင့် ပြုခဲ့တာ်။ အခုတော့ ဂျက်မာတို့ပါ ပါတီဝင်လို့ သိလာရတယ်။နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့ သိချင်စရာ ပြောချင်စရာတွေ အများကြီးရှိမှာပါ။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်လာဖို့ အခက်အခဲတွေ ကျော်ဖြတ်ရတာအများကြီးပါ။ အရင်းရှင်နိုင်ငံဖြစ်ဖြစ်၊ ဖွံဖြိုးဆဲ့​ဖြစ် ဖြစ်၊ ကွန်မြူနစ်လိုလို ဖြစ်ဖြစ် သဘောသဘာဝတွေက အတူတူပါပဲ။ခေါင်းဆောင်တယောက် စတင်တာဝန်ယူခါစ ဒါမှမဟုတ် ရွေးကောက်ပွဲ နဲ့ ကြုံရတဲ့အခါမှာ သဘာဝဘေးတို့၊ ကပ်ရောဂါဘေးတို့နဲ့ ရင်ဆိုင်ရတဲ့အခါရှိတယ်။ မြန်မာပြည်မှာဆို ၂၀၁၅ တုန်းက...

Post
ရွေးကောက်ပွဲ အရှုပ်တော်ပုံများ

ရွေးကောက်ပွဲ အရှုပ်တော်ပုံများ

မန်မာနိုင်ငံအတွက် ပထမအကြိမ် ပါလီမာန်လွှတ်တော် အထွေထွေရွေးကောက်ပွဲကို၁၉၅၁-၁၉၅၂ မှာ  (၃)ကြိမ်ခွဲပြီး လုပ်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရ တစ်ပြိုင်တည်းမကျင်းပနိုင်ခြင်းဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေကတော့ အာဏာရ ဖဆပလအဖွဲ့ချုပ်ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ရဲ့  (ဆိုရှယ်ဦး) ဗမာပြည်အလုပ်သမားလယ်သမားပါတီ၊ ဗိုလ်ချုပ် အစ်ကိုဦးအောင်သန်းရဲ့ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ၊ဗိုလ်ထွန်းစိန်ရဲ့ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊၊ သခင်မစိန် ရဲ့ ဗမာပြည် ဒီမိုကရက် တစ်ပါတီ၊ဒေါက်တာဘမောင်ရဲ့ မဟာဗမာအဖွဲ့၊ ဘကြီး ဘဘေရဲ့ပြည်ချစ်မဟာမိတ် အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့၊ရှမ်း၊ မွန်၊ ကချင်ဒေသခံများပါတီ၊ မဟာမူဆလင်ကွန်ကရာဇ်၊ ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့၊ အောင်ပါတီ၊အင်ဒီပင်းဒင့်ပါတီစတဲ့ပါတီများ ယှဉ်ပြိုင်ကြရတယ်။ လွှတ်တော်အမတ်(၂၃၃)နေရာမျာ အာဏာရ ဖဆပလ (၁၈၀)နေရာ အတိုက်အခံတွေက(၅၃)နေရာ ရတယ်လို့ စာနယ်ဇင်မှတ်တမ်းများအရ သိရပါတယ်။ ဘားအံအမတ်လောင်း ဦးဘဆက်၊ရွှေဘိုက ကိုယ်စားလှယ်၊ ပခုက္ကူအတိုက်အခံ ကိုယ်စားလှယ် (၂)ယောက်၊ မိတ္ထီလာအတိုက်အခံ (၇)ယောက်၊ အင်းစိန် အမတ်လောင်း ဦးထွန်းမြင့်၊ ရခိုင်အမတ်...

Post
အပြစ်ကင်းအောင်နေထိုင်ကြပါစို့

အပြစ်ကင်းအောင်နေထိုင်ကြပါစို့

ဟင်္သာ (တောင်တွင်းကြီး) အပြစ်ဖြစ်တယ်ဆိုတာ လူတဦးနဲ့တဦးဆက်ဆံကြတဲ့ အခါမှာ လွန်ကျူးမှုတွေဖြစ်တယ်ဆိုရင်ကံမြောက်ပါ တယ်။ကံမြောက်တယ်ဆိုတာ၊ကာယကံ၊ဝစီကံ၊မနော ကံ၊အမှားတွေပြုလုပ်မိကြတာကိုပြောတာပါ။ အဲဒီလိုလွန်ကျူးမှုကံတွေမြောက်ပြီဆိုရင် လူတဦးနဲ့ တဦး၊မပြောသင့်တဲ့စကားတွေကိုပြောမိတတ်ကြတယ်၊ မလုပ်သင့်တဲ့အလုပ်တွေကိုလည်းလုပ်မိတတ်ကြတယ်၊ မကောင်းတဲ့စိတ်နေစိတ်ထားတွေ၊မျက်နှာထေ၊မျက်နှာ ထားတွေနဲ့လဲဆက်ဆံမိကြပါတယ်၊အဲဒီလိုပြုမူလာပြီ ဆိုရင်၊အဲဒီလိုဆက်ဆံတဲ့လူဟာ၊မတရားမှုတွေ၊လွန်ကျူး မှုတွေ၊ကံမြောက်တဲ့သဘောတရားတွေဖြစ်ပေါ်လာပြီး တော့၊လူလောကကြီးဟာလဲ၊အဲဒီလိုလူမျိုးတွေများလာ ရတဲ့အတွက် ပျက်စီးရာပျက်စီးကြောင်းကိုဆိုက်ရောက် နိူင်ပါတယ်။လူလူခြင်းဆက်ဆံကြတဲ့အခါ၊လောဘဆိုတဲ့တောင်တ ခြင်းတွေ၊ဒေါသဆိုတဲ့ကြောင့်ကျခြင်းတွေ၊မောဟဆိုတဲ့ တွေဝေခြင်းတွေ(ဝါ)ကြောင်းကျိုးမသိခြင်းတွေပါသွား ပြီဆိုရင်တော့ အဲ့ဒါဟာ၊လွန်ကျူးမှုကံတွေမြောက်နေပါ ပြီ။နောက်တခုက၊ဆန္ဒ၊ဒေါသ၊ဘယာ၊မောဟ၊ဆိုတဲ့အဂ တိတရားလေးပါးနဲ့ဆက်ဆံမိကြတဲ့အခါမှာလဲ၊လွန်ကျူး မှုအမှားတရားတွေပါလာတဲ့အတွက်၊အပြစ်ဖြစ်တတ်ပါ တယ်။ဆန္ဒဆိုတာ၊ဆန္ဒရာဂကိုပြောတာပါ၊ဒေါသဆိုတာက မေတ္တာတရားတွေပျက်ပြားပြီးအပြစ်မြင်ပြီးဆက်ဆံ မိကြတာပါ။ဘယာဆိုတာက၊လူတဦးနဲ့တဦးဆက်ဆံ ကြတဲ့အခါ၊ဘေးဒုက္ခရောက်မှာကိုကြောက်လို့အမှား ကိုပြုလုပ်တတ်တဲ့သဘောတွေကိုပြောတာပါ။မောဟ ဆိုတာကကြောင်းကျိုးဆက်အမှန်တွေကိုလဲနားမလည်၊ အကောင်းအဆိုတွေကိုလဲမဝေခွဲနိုင်ဘဲ၊အမှန်တရားဘက် ကိုမရောက်ပဲ၊အမှားတရားတွေကိုသာရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတာဟာ၊အပြစ်ကိုကျူးလွန် ကြတဲ့၊ကံတွေကိုလုပ်နေတာပါ၊အပြစ်ဆိုတာ၊လူလူခြင်း ဆက်ဆံမှုကဖြစ်ပေါ်လာရတဲ့၊အကျိုးဆက်ဖြစ်ပါတယ်။ လူနဲ့ပါတ်ဝန်းကျဉ်တို့ရဲ့ အည မည သဘောတရားအရ အပြန်အလှန်အကျိုးပြုနေကြရတဲ့အပိုင်းရှိပါတယ်။ အညမညသဘောအရ၊အမှန်တရားတွေနဲ့မဆက်ဆံနိူင် ကြဘဲ၊အမှားတရားတွေကိုကျူးလွန်ဆက်ဆံမိကြရင်၊ အပြစ်ဖြစ်ပါပြီ။လူတဦးနဲ့တဦးဆက်ဆံကြတဲ့အခါမှာ၊နေ့တိုင်းအချိန် တိုင်းမှာ၊တဏှာသဘောတရားတွေ၊ရာဂသဘောတရား တွေ၊ဒေါသသဘောတရားတွေ၊မေတ္တာသဘောတရား တွေစတဲ့၊စိတ်ထားလေးမျိုးနဲ့ဆက်ဆံနေကြရတာပါ၊ တဏှာသဘောတရားဆိုတာက၊တဦးနဲ့တဦး ကိုယ်၊ နှုတ်၊နှစ်လုံးတွေနဲ့ဆက်ဆံကြတဲ့အခါ၊ကိုယ့်အလိုတခု ထဲကိုသာမကြည့်ဘဲ၊သူ့အလိုကိုလဲထည့်တွက်ပြီး၊ သူ့အလို၊ကိုယ့်အလိုဆိုတဲ့အလိုနှစ်ခုနဲ့ဆက်ဆံကြတာ ပါ၊ဥပမာ။ကိုယ့်အိမ်ထောင်နဲ့ကိုနေကြရတဲ့အခါ၊အဲဒီ...

Post
“ဤ ခရီးနီးပြီလား”

“ဤ ခရီးနီးပြီလား”

ဦးမင်း(မကွေး)             ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေအပေါ် အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင် တို့အကြား  မကျေလည်မှုတွေ ရှိခဲ့တာကြောင့် (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကနေ တဆင့်  ပြည်ထောင်စု သဘောတူစာချုပ်မှာတော့ အဲ့ဒီအချက် ပါ၀င်မချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ညီလာခံ တက်ရောက်လာသူ အများစုက ဆိုပါ တယ်။             ထိုမကျေလည်မှုဟာ တစ်ဦးနဲ့တစ်ဦး ၊တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု မရှိှတာကြောင့် ဖြစ်တယ်လို့  အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အများစုက မှတ်ချက်ပြုကြပါတယ်။ပိုမိုခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့လိုနေသေးတယ်ဆိုတာ ဒီအကျေလည်မှုကနေ ပြသလိုက်တာဖြစ်တယ်လို့ ဆိုသူထဲမှာ ‌စောမြရာဇာလင်းလည်း အပါအ၀င်ဖြစ်ပါတယ်။             စောမြရာဇာလင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်‌ေရးမှုရပ်စဲရေးစာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ၈ဖွဲ့မှာ တစ်ဖွဲ့ဖြစ်တဲ့...