Home ဆောင်းပါး

Category: <span>ဆောင်းပါး</span>

Post
စစ်ကြိုခေတ်ကပြေးထွက်ချင်

စစ်ကြိုခေတ်ကပြေးထွက်ချင်

ယခုလက်ရှိသတင်းစာအချို့သည် မိမိတို့၏ချို့ယွင်းချက်များကို ပြုပြင်နိူင်သလောက်ပြုပြင်ကြပြီးလျင် သတင်းစာဖတ်သူတို့အကျိုး၊ တိုင်းပြည်၏အကျိုးအတွက် ရဲရဲဝံ့ဝံ့ရေးသားကြရန် အချိန်တန်ပြီ။ ဤသို့ရေးသားကြမည်ဆိုသော် တိုင်းပြည်၏ကျေးဇူးတင်ခြင်းကိုကောင်းကောင်း ခံစားရမည်သာတည်း။တဲ့။သိပ္ပံမောင်ဝရေးတဲ့စာပါ။၁၉၃၉ခုနှစ်၊သြဂုတ်လထုတ်ဂန္ဓလောကမှာပါတဲ့ သတင်းစာကောင်းအလိုရှိသည်ဆိုတဲ့ဆောင်းပါးမှာရေးထားတာပါ။အဲ့ဒီဆောင်းပါမှာဆက်ရေးထားပါတယ်။ သတင်းစာနဲ့သတင်းသမားဆိုတာ အပြန်အလှန်အထောက်အကူပြုတဲ့သဘောဖြစ်ကြောင်းဆက်ရေးထားပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီကရေးခဲ့တာပါ။သတင်းစာနဲ့သတင်းသမားတချို့ရဲ့အခြေအနေကအခုလည်းသိပ်မကွာပါဘူး။ဆိုးမွေတွေအဆက်ဆက်ပေးပြီး၊ဆိုးမွေတွေဆက်ခံနေသလိုပါပဲ။ဆရာကသတင်းစာတွေအကြောင်းကိုို”၁(ပြား)၊ ၂(ပြား)၊၃(ပြား)တန်သတင်းစာများကို ထားလိုက်ပါဦး၊ ၅(ပြား)တန်အတန်းသတင်းစာအချို့ပင်လျင် ပါတီပရောဂများနှင့်မကင်းကြသည်မှာ သနားစရာကောင်းလှတော့သည်။”လို့ရေးထားပါတယ်။ဆက်ပြီးလည်း “သတင်းစာဖတ်သူတို့ကား နှစ်ဦးနှစ်ဖက်စကားကိုမကြားရဘဲတဖက်သတ်စကားကိုယုံပြီးလျင် မမှန်သောဆုံးဖြတ်ချက်ကိုချကြရလေသည်။ မည်သူ၏အပြစ်ပါနည်း။ ထိုတဖက်သတ်သမား သတင်းစာဆရာများ၏ အပြစ်ပင်ဖြစ်တော့၏။ ထိုပြင်နယ်များမှ သတင်းမှန်၊သတင်းကောင်းတို့ကိုပေးနိုင်သောပုဂ္ဂိုလ်များအားကြေးငွေခပ်များများပေး၍ သတင်းထောက်ခန့်ထားခြင်းမပြုပါဘဲ အများအားဖြင့် အပေါစားသတင်းထောက်တို့ကိုခန့်ထားလေ့ရှိကြလေသည်။ခြောက်ပြားတန်သတင်းသတင်းထောက်မျိုးကိုခန့်ထားလျှင်ခြောက်ပြားတန်သတင်းမျိုးကိုသာရပေလိမ့်မည်။တကျပ်တန်သတင်းမျိုးကို အဘယ်နည်းနှင့်မျှရနိုင်မည်မဟုတ်ပေ။”သူစာထဲမှာပြားတွေပါတော့ အဲ့ဒီခေတ်ရဲ့ကုန်စျေးနှုန်းကိုသူ့ဆောင်းပါးတွေထဲမှာလိုက်ရှာရပါတယ်။အခြားတပုဒ်မှာဟင်းတခွက်နဲ့ထမင်းတခါပြင်(၄)ပဲ။လက်ဖက်ရည်တခွက်(၆)ပြားလို့ရေးထားတာတွေ့ပါတယ်။စစ်ကြိုခေတ် သတင်းသမားတွေသတင်းလိုက်ပုံ၊သတင်းရေးပုံကိုဘယ်လိုဆက်ရေးထားသလဲဆိုတော့”ထိုခြောက်ပြားတန်သတင်းထောက်တို့သည် လက်ဖက်ရည်ဆိုင်၊ကာဖီဆိုင်တို့မှရသော သတင်းတို့ကိုဟုတ်၏၊၊ မဟုတ်၏ထောက်လှမ်းစုံစမ်းခြင်းမပြုပါပဲ ထိုရသမျှသတင်းကိုမိမိတို့၏သတင်းစာတိုက်သို့ပို့လိုက်သည်သာများ၏။ထိုသတင်းများကိုဟုတ်၏၊မဟုတ်၏ဆင်ခြင်ခြင်းမပြုပါဘဲအဟုတ်ကြီးလုပ်ကာသတင်းစာထဲတွင်ထည့်သွင်းလေ့ရှိသည်။”တဲ့။ပါတီတခုခုနဲ့မသက်ဆိုင်တဲ့သတင်းစာတွေရဲ့အခြေအနေကလည်း”ပါတီမရှိသော်လည်းလူအများ၏အလိုသို့သာလိုက်ကာရေးသားနေကြသောသတင်းစာတို့ကိုလည်းအားထားရန်ခက်လှပေ၏။ထိုသတင်းသမားတို့ကားတိုင်းပြည်အားခေါင်းမဆောင်၊လူအများခေါင်းဆောင်ရာသို့သာလျင်ကောက်ကောက်ပါအောင်လိုက်နေကြလေတော့သည်။”တဲ့။သိပ္ပံမောင်၀ရဲ့သက်ပြင်းမှုတ်ထုတ်သံကခေတ်တွေစနစ်တွေတခုပြီးတခုကျော်ဖြတ်ပြီးကိုယ့်ဘေးနားထိရောက်လာသလိုပါပဲ။၆.၈.၂၀၂၀ဇမဇမဇမ See Less

Post
ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်

ရှစ်ဆယ့်ရှစ်အိမ်မက်ဆိုးက လှန့်နိုးနေသည်

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အခြားအခြားသောကိစ္စရပ်များတွင်မဝေဖန်လိုသော်လည်းရှေ့ရေးကို ကြိုတင်မှန်းဆနိုင်ငံရေးလမ်း အခင်းအကျင်းတွင်မချီးကျူးပဲမနေနိုင် ၊ အံ့သြဘွယ်ချီးကျူးထိုက်သူဖြစ်သည်။နေပြည်တော်ကြီးဆောက်တော့တတိုင်းပြည်လုံး မသိလိုက်။ ရုံးတွေပြောင်းဟေ့ဆိုမှ နေပြည်တော်ကြီးထီးထီးပေါ်လာသည်။ (ရန်ကုန်မှာ ကျန်နေခဲ့တဲ့ အဆောက်အဦးတွေတော့ နင့်ထိုက်နဲ. နင့်ကံ)ဒီလောက်နဲ့ချီးကျူးဖို့ မလိုသေး ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစိတ်ကြိုက်ဆယ်စုနှစ်တစ်ခု ကျော်ကျော် ရေးဆွဲသည်။ လက်လွှတ်လိုက်တော့ သူ့အတွက်ကျည်ကွယ်မျက်ကွယ်နောက်ကြောင်းပြန် အရေးယူခြင်း မပြုရ။ အန္တရာယ်ကင်းပရိတ်ရွတ်ထားပြီးသားသူလုပ်ခဲ့သမျှ ပစ်မျိုးမှဲ့မထင်၊မြူမှုံကင်း၍ လမင်းသာ ပြီးတော့နောက်လျှောက်ရမည့်လမ်းဖြောင့်ဖြူးဖို့ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးမည်တဲ့။ကြံ့ခိုင်ရေးအသင်းကြီးသည်နိုင်ငံတော်ပိုင် ၊ တပ်မတော်အခြေပြုလူမှုရေးအသင်းကြီးမှ ချက်ချင်းကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဖြစ်သွားသည်။ တမဟုတ်ချင်း ဥုံဖွ ဟဲ့ ဆိုအင်အားကြီးမား ခိုင်မာသော တပ်မတော်နောက်ခံပြု နိုင်ငံရေးအသင်းကြီးဖြစ်ခဲ့သည်။အစိုးရကျောထောက်နောက်ခံပြုတပ်မတော်နောက်ခံပြုအသင်းကြီးသည် အရှင်မွေးပြီးနေ့ချင်းကြီးထွားဖွံ့ဖြိုးခဲ့သည်။ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မဲရွေးချယ်သောနေ့၊ မဲရေတွက်စဉ်ရှုံးနိမ့်နေသော်လည်း ဥုံဖွ ၊လာပြန်ပြီ ဒီဥုံဖွ ကြိုတင်မဲများရာက်စေ၊ ပြိုင်ဘက်ပါတီတိုင်းကိုအပြတ်အသတ်နိုင်စေ၊ ဒီနည်းနဲ့စည်တီးပြီး ပြည်ကြီးဝင် လွှတ်တော်ထဲရောက်အစိုးရဖွဲ့ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖြစ်စေသတည်း။ပြည်သူတစ်ရပ်လုံးကကော သိကြရဲ့လား။ သိတာမှ သိပ်သိ အားကြီးသိ...

  • 1
  • 9
  • 10