ရိုးရာထုတ်ကုန် ဆေးပေါ့လိပ်သောက်သုံးမှုမြင့်တက်ခြင်းနှင့် ကျန်းမာရေးအန္တရာယ်

မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ်လုပ်ငန်းသည် တစ်ပိုင်တစ်နိုင် ရိုးရာလုပ်ငန်းများအဖြစ် တည်ရှိပြီး  ဆေးပေါ့ လိပ်သည် မြန်မာ့ရိုးရာဖြစ်သည်ဟုယုံကြည်ပြီး ရှေးယခင်ကတည်းက ဆေးပေါ့လိပ်ကို အိမ်ကို လာသော ဧည့်သည်များအား ဧည့်ခံရန် အသုံးပြုခဲ့ကြသည်။ ယခုအခါ ဆေးပေါ့လိပ်ကို အခြေခံလူတန်းစား အများအပြားနှင့် နယ်မြို့များ၊ ကျေးလက်ဒေသများတွင် စီးကရက်ထက် ပိုမိုနှစ်ခြိုက်စွာ သောက်သုံးနေ ကြကြောင်းကို တွေ့မြင် ရပါသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဗာဂျီးနီးယားနှင့် မြန်မာဆေးရွက်ကြီးနှစ်မျိုးကိုစိုက်ပျိုးကြပြီး ကွမ်းစားဆေးနှင့် ဆေးပေါ့လိပ်အဖြစ်အသုံးပြုမှုများရာ မြန်မာဆေးရွက်ကြီးသည် ဗာဂျီးနီးယားထက် လူ့ခန္ဓာကိုယ် အဓိကအန္တရာယ် ဖြစ်စေသော နီကိုတင်းဓာတ်ပိုမိုပါဝင်သည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက်နှလုံးသွေးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း၊ ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်ခြင်း စသော ဆိုးကျိုးများ ဖြစ်ပွား လျက်ရှိသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကြောင့်သေဆုံးမှုမှာ နှစ်စဥ် ၆၄,၀၀၀ခန့်ရှိကြောင်း FCTC ၏ သုတေသန ရလာဒ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
အစိုးရအနေ နှင့် ပြည်သူများ ကျန်းမာရေးကိုဆိုးကျိုးများဖြစ်ပေါ်စေသည့် ဆေးရွက်ကြီးထုတ်ကုန် များကိုသုံးစွဲမှု လျော့ချနိုင်ရန် ထိရောက်သည့် မူဝါဒချမှတ်ရေးကြောင့် ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းများကို အထူးကုန်စည်ဟု သတ်မှတ်၍အခွန်တိုးမြှင့်ကောက်ခံခြင်းဖြင့် စီးကရက်များ ဈေးမြင့်တက်ပြီး သောက်သုံးသူ လျော့ကျလာရန်ရည်ရွယ်ခဲ့ သည်။ သို့သော် ဆေးပေါ့လိပ် သည် ဆေးရွက်ကြီး ထုတ်ကုန် ဈေးကွက်တွင် ၄၃ရာခိုင်နှုန်းခန့်ရှိပြီး ခိုင်မာသည့် ဈေးကွက်တစ်ခု အဖြစ် ရပ်တည်နေသော်လည်း အခွန်နှုန်းထား လျော့ချသတ်မှတ်ထားသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများကိုအခွန်ကောက်ခံရာတွင်၂၀၂၀ ခုနှစ် အခွန်အကောက် ဉပဒေ ကြမ်း အရ ဆေးပေါ့လိပ်ကို အခွန်နှုန်း ၁ ကျပ်သာ ကောက်ခံစေရန် အဆိုပြုထားသည်ကို တွေ့ရပြီး စီးကရက် များကို အခွန်ကောက်ခံရာတွင် အလွှာ ၄ လွှာဖြင့် သတ်မှတ်ထားပြီး အနိမ့်ဆုံးအလွှာဖြစ်သည့် အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး ၆၀၀ ကျပ်အထိ အဆင့်ကိုမူ တစ်လိပ်လျှင် ၁၀ ကျပ်ထိ ကောက်ခံရန် ဆိုထား ပါသည်။ ဆိုလိုသည်မှာ ဈေးအနိမ့်ဆုံး စီးကရက်အလိပ် ၂၀ သည် အခွန် ၂၀၀ ကျပ်ပေးရမည် ဖြစ်ပြီး ဆေးပေါ့ လိပ် အလိပ် ၂၀ အတွက်မှာမူ အခွန် ၂၀ ကျပ်သာ ပေးရမည် ကိုတွေ့ရှိရသည်။
ဆေးလိပ်သောက်ခြင်းဟုဆိုရာတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့ကို သောက်သုံးခြင်း အားလုံး အကျုံး ဝင်ပါသည်။ ဆေးလိပ်သောက်သူတို့သည် ၎င်းတို့တစ်ဉီးချင်းစီ၏ နေ့စဥ်ဝင်ငွေအလိုက် သောက်သုံးသော ဆေးလိပ် အမျိုးအစားများ ကွဲပြားသွားပါသည်။ ဆေးပေါ့လိပ်သည် ဈေးနည်းသည့်အတွက် သာမန်အခြေခံ လူတန်းစားတို့ လက်လှမ်းမီက အများအပြားသောက်ကြခြင်းလည်း ဖြစ်သည်။ ကျေးလက်ဒေသများတွင် အမျိုးသမီးများ၏ အိမ်တွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော လုပ်ငန်းအဖြစ် ထုတ်လုပ် မှုအား တင်းကြပ်စွာ ထိန်းချုပ်မှုမရှိခြင်း၊ ကျန်းမာရေးသတိပေးရုပ်ပုံနှင့်စာသားမပါသည့် ဆေးပေါ့လိပ်များအား လွယ်ကူစွာ ဝယ်နိုင်ခြင်းတို့ကြောင့် ကျေး လက်ဒေသများ အတွင်း အသောက်များကြခြင်း လည်း ဖြစ်သည်။
ကျန်းမာရေးထိခိုက်မှုကို ထိန်းကျောင်းရန် ဆေးလိပ်များ သောက်သုံးမှုကို ထိန်းကျောင်းနေသူများအဖို့ သောက်သုံးမှုများသည့်အပြင် အခြေခံလူတန်းစား အလုပ်သမားများ သောက်သုံးသည့် ဆေးပေါ့လိပ်ကို အလေးထား ထိန်းသိမ်းနိုင်မှသာ ကျန်းမာရေး ရည်မှန်းချက်များ အောင်မြင်မည် ဖြစ်သည်။
ဆေးပေါ့လိပ်တွင် ပါဝင်သည့် ပစ္စည်းများကို ကျန်းမာရေးအန္တရာယ်ကင်းရှင်းစေရန် စစ်ဆေးသင့်သည်။ ထို့အပြင် ကင်ဆာအတွက် အန္တရာယ်ရှိသည့် ဆေးချေးပါဝင်မှုကိုလည်း ဖော်ပြစေသင့်သည်။ ဆေးပေါ့လိပ်များအား ဆိုရှယ်မီဒီယာမျာပေါ်တွင် ကြော်ငြာနေမှုများကိုလည်း ဥပဒေအရ တားမြစ်ကာ အဆိုပါ အန္တရာယ်များအား သောက်သုံးသူများကို ပွင့်လင်းမြင်သာစွာ အသိပေးသင့်သည်။ သို့မှသာ ဆေးရွက်ကြီးသုံးစွဲမှုကို ထိန်းကျောင်း နိုင်မည် ဖြစ်ပေသည်။
မယ်ခ

Leave a Reply

Your email address will not be published.