ပို့ကုန်ပဲများဈေးမြင့်တက်၊ပဲမာလိုင်းများ ဈေးငြိမ်နေသောကြောင့် အဝယ်သွက်နေ

ရွှေမန်း

 ပို့ကုန်ပဲများဈေးမြင့်တက်လာ သော်လည်း ပြည်တွင်းသုံးပဲမာ လိုင်းများဈေးတည်ငြိမ်နေသော ကြောင့် အရောင်းအဝယ်သွက်နေ သည်။
ပြည်တွင်းရွှေဈေး၊ ဒေါ်လာ ဈေးမြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများဈေးကောင်း လာ ကြောင်း ပဲကုန်သည်များထံက သိရသည်။

ပြည်တွင်းသုံးကုလားပဲများ လည်း ယခုသီတင်းပတ်မှာ ပို့ ကုန်ပဲဈေးတက်လာတာကြောင့် တစ်အိတ်လျှင်ငွေကျပ် ၂၀၀၀ ခန့် ဈေးမြင့်တက်လာခြင်းဖြစ်သည်။  

မေလ ဒုတိယသီတင်းပတ်က တည်းက တဖြည်းဖြည်းမြင့်တက် လာသည့် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်းမြင့်လာတာနှင့် အတူ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံက ဦးဆောင်ဈေးမြင့်တက်သလို ပြည်တွင်းသုံး ကုလားပဲ အုပ်စု လိုက်ဈေးတက်ကြောင်း၊ပြည်တွင်း သုံး ပဲမာလိုင်းများ ဈေးမြင့်တက် ခြင်းမရှိတာကြောင့် အရောင်း အဝယ်သွက်လာကြောင်း၊ တရုတ် ဝယ်လက်များ အဝယ်သွက်နေ တာကြောင့်လည်း အညာမြေပဲဆန် အသစ်များမှာ အရောင်းအဝယ် ကောင်းခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။

“ ပို့ကုန်ပဲတွေက ဦးဆောင် ပြီး ဈေးပြန်မြင့်တက်လာပေမယ့် ကုန်စည်ဒိုင် အတွင်းမှာတော့ အရောင်းအဝယ် သိပ်မရှိတော့ ပါဘူး။ လှောင်လက်သမားတွေ ဆီမှာပဲ လက်ကျန်ရှိတော့တာပါ။ ဒီတော့ ပြည်တွင်း ကုလားပဲ တွေကတော့  ဈေးလိုက်တက် လာပါတယ်။ ပို့ကုန်ထွက်တဲ့ ပဲဈေးတက်ပေမယ့် ပဲမာလိုင်း တွေက ဈေးမတက်ဘဲ  အောက် ဈေးဖြစ်နေတော့ အရောင်းအဝယ် ကတော့သွတ်နေပါတယ်။ အညာ မြေပဲဆန်တွေကတော့ တရုတ် လိုင်းသမားနဲ့ ဆီစက်ပိုင်တွေ အဝယ်ဆုံနေပါတယ်။ တရုတ် လိုင်းက အဝယ်မကြိုက်တာကို ပြည်တွင်းစက်ပိုင်တွေက အဝယ် ကောင်းနေပါတယ်။ မေ ၁၄-၁၅ ရက်တည်းက ရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်လာတော့ ပို့ကုန်ပဲတွေလည်း ဈေးကောင်း လာ တာပါ´´ဟု ၎င်းက ပြောသည်။

မေ ၁၆ ရက်တွင် ပို့ကုန်ပဲ များ ဈေးမြင့်တက်လာရာ ပို့ကုန် မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၄၀၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀ ပေါက်ဈေးဖြင့် ဈေး မြင့်တက်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်ပဲများ နှင့် အတူ ဈေးပြန်မြင့်တက်လာရာ မေ  ၁၆  ရက်တွင် ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင်   ငွေကျပ် ၂၄၇၀၀၀၊  ထိုင်ဝမ်      ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၂၇၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၄၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာ ဈေးတက်နိုင်ခြင်းမရှိဘဲ ဈေးတန့်ငြိမ်နေတာကြောင့်  အရောင်းအဝယ်သွတ်နေရာ  ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် လျှင် ငွေကျပ် ၂၈၀၀၀၀ ပေါက် ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇၃၀၀ ပေါက်ဈေး ရှိနေသည်။

မေ ၁၆ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.