သင်ကြားရေးပိုင်းတာဝန်ယူမည့်သူများမှာ နိုင်ငံတကာတက္ကသိုလ်များမှ ဘာသာရပ်အလိုက် အထူးပြုဘွဲ့ရထားသူများအပြင် စာသင်သက် နှစ် (၄၀) ကျော် ရှိသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သင်္ချာဘာသာရပ်အတွက် ConceptX ဦးဆောင်သူ ဆရာဦးစိုးထက်မှ ဦးဆောင်မှာဖြစ်ကာ ၎င်းသည် အမေရိကန်ပြည်ထောင်စု University of Minnesota မှ Bachelor ဘွဲ့နှင့် Southeast Missouri State University မှ Master ဘွဲ့ကိုသင်္ချာဘာသာအထူးပြုဖြင့် ရရှိထားသူ ဖြစ်သည်။
ဦးစိုးထက်မှာ တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်၌ပင် ပါမောက္ခများ၏ လက်ထောက်ဆရာအဖြစ် ကူညီကာ ပထမနှစ်ကျောင်းသားကျောင်းသူများကို ၂ နှစ်ကြာ ပြန်လည်သင်ကြားပို့ချပေးခဲ့ရသူ ဖြစ်သည်။ မြန်မာနိုင်ငံရှိ International နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၁၀၀ ခန့်နှင့် မွန်ပြည်နယ်ရှိ အစိုးရကျောင်းများမှ ဆရာ/ဆရာမ ၅၀ ခန့်ကိုလည်း သင်္ချာဘာသာ ရပ်နှင့် ပတ်သက်သည့် စွမ်းဆောင်ရည်မြင့်သင်တန်းများ ပို့ချပေးထားသူလည်း ဖြစ်သည်။
ထို့ပြင် လက်ထောက်ဆရာများအဖြစ် ၂၀၁၇ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ Honorable Mention ဆုရပြီး လက်ရှိ ရန်ကုန်တက္ကသိုလ် သင်္ချာမေဂျာတွင် ဂုဏ်ထူးတန်းတက်နေသူနှင့် ကမ္ဘာ့အဆင့် (၁၀) စာရင်းဝင်တက္ကသိုလ် UC Berkeley တွင် Electrical Engineering and Computer Science ကို လေ့လာသင် ယူနေသည့် သင်္ချာဘာသာရပ်ကျွမ်းကျင်သူတို့က အားဖြည့်သင်ကြားပေးမည် ဖြစ်သည်။
ConceptX ၏ ရူပဗေဒသာသာရပ်အတွက် စာသင်သက် ၄၇ နှစ်ကျော်ရှိသူ ဆရာ ဦးအောင်မြင့် ဖြစ်ပြီး အခြေခံပညာအဆင့်မှ အဆင့်မြင့်ပညာတန်းများ၊ Ph.D တန်းများအတွက်ပါ စာသင်ကြားပေးခဲ့သည့် အတွေ့အကြုံရှိသူ ဖြစ်သည်။
ဇီဝဗေဒဘာသာရပ် သင်ကြားမည့် ဆရာ ဒေါက်တာသီဟမှာ ဆေးတက္ကသိုလ်ဘွဲ့ရ ဒေါက်တာတစ်ဦးဖြစ်ပြီး စာသင်သက် နှစ် (၂၀) ကျော်ရှိကာ ဓာတုဗေဒဘာသာရပ် သင်ကြားမည့် ဆရာဦးဘသိန်းမှာ ယင်းဘာ သာရပ်တစ်ခုတည်းတွင်ပင် စာသင်သက် နှစ် (၄၀) ကျော် ရှိသူ ဖြစ်သည်။
အင်္ဂလိပ်ဘာသာရပ်အတွက် ဆရာ ဦးနေအုပ် (စိန်ပေါလ်) ၏ ဟောပြောပို့ချချက် သင်ခန်းစာများအား အခမဲ့ လေ့လာသင်ယူနိုင်ရန်အတွက်လည်း စီစဉ်ထားသည်။
သင်ကြားရာတွင် လိုအပ်သော အင်တာနက်ချိတ်ဆက်မှု အဆင်မပြေသည့် ဒေသများမှ ကျောင်းသား ကျောင်းသူများအတွက် အထူးဝန်ဆောင်မှုအဖြစ် ConceptX Tablet ကိုလည်း စီစဉ်ပေးထားပါသည်။ Tablet တွင် ဒဿမတန်းသင်ရိုးဟောင်းနှင့် Grade-10 သင်ရိုးသစ် ဘာသာရပ်သင်ခန်းစာများကို ရုပ်သံဖိုင်အနေဖြင့် အသင့်ထည့်သွင်းပေးထားပြီး မျက်နှာပြင်အကျယ် ၁၀ လက်မရှိသည့်အတွက် မျက်စိထိခိုက်နိုင်မှုကိုလည်း လျော့ကျစေမည် ဖြစ်သည်။ သင်ကြားရေးအထောက်အကူပြု ConceptX Tablet ကို ကျပ် ၁၃၉၉၀၀ ကျပ်ဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်များရှိ ကျောင်းသားကျောင်းသူများအတွက် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပြီး နယ်မှ ဝယ်ယူလိုသူများအတွက် ဝယ်ယူရာဒေသအလိုက် ကျသင့်သောပစ္စည်းပို့ဆောင်ခသာ ထပ်မံကုန်ကျခံရမည်ဖြစ်ကာ ကားဂိတ်အရောက်ပို့ဆောင်ခြင်းအား ConceptX ၏ ဝန်ဆောင်မှုအဖြစ် တာဝန်ယူပေးသွားမည် ဖြစ်သည်။
သင်ခန်းစာများအား အမှတ်ပေးစည်းမျဉ်းနှင့်အညီ ရေးဆွဲထားကာ ရုပ်သံဖိုင် (Video) များဖြင့်လည်း အဆင့်တစ်ခုချင်းစီအလိုက် အသေးစိတ် ရှင်းလင်းပို့ချ သင်ကြားထားသည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် ရှင်းလင်းလွယ်ကူစွာ လေ့လာသင်ယူနိုင်မည် ဖြစ်သည်။
ConceptX Application ၏ ထူးခြားကွဲပြားတဲ့ အစီအစဉ်သစ်တစ်ခု ရှိနေသေးပြီး “မျှဝေရယူ” ဆိုသည့် အစီအစဉ်ပါ။ ယင်းအစီအစဉ်တွင် ပါဝင်မည်ဆိုပါက ConceptX Application တွင် အကောင့်ဖွင့်ကာ မျှဝေခြင်းခေါင်းစဉ်အောက်တွင် “မျှဝေမည်” ဆိုသည်ကို ကလစ်နှိပ် ဝင်ရောက်ရမည် ဖြစ်သည်။ ထို့နောက် “ကူးယူမည်” ကို နှိပ်ကာ မိမိ၏ ကုတ်နံပါတ်အား လူမှုကွန်ရက်များဖြစ်သည့် Facebook, Viber နှင့် ဖုန်း SMS တို့မှတစ်ဆင့် မျှဝေရမည် ဖြစ်သည်။ မျှဝေပေးလိုက်သည့် ကုတ်နံပါတ်ကို အသုံးပြု၍ ConceptX Application ဝယ်ယူသူ တစ်ယောက်စီတိုင်းအတွက် မျှဝေပေးသူ မိမိနှင့် ဝယ်ယူသူတို့မှာ ငွေကျပ် ၅၀၀၀ စီ ခံစားခွင့်ရမည် ဖြစ်သည်။ ခံစားခွင့်ပမာဏအား ကျပ် ၂၅၀၀၀၀ (ကျပ် နှစ်သိန်း ငါးသောင်း) အထိ သတ်မှတ်ပေးထားကာ မျှဝေခဲ့သော လူစာရင်းအလိုက် ဆုကြေးငွေကို “ငွေထုတ်ယူမည်” မှ တစ်ဆင့် ထုတ်ယူနိုင်မည် ဖြစ်သည်။ ခံစားခွင့်ရသည့် ဆုကြေးကို ConceptX Team မှ တိကျသေချာအောင် အတည်ပြုပြီး (၂) ရက်အတွင်း ထုတ်ပေးသွားမည် ဖြစ်သည်။
ConceptX သည် ကောင်းမွန်သောပညာရေးကို ငွေကြေးအကုန်အကျနည်းနည်းဖြင့် လူတိုင်းလက်လှမ်း မီရေးအတွက် အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီမှုများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ConceptX Application အသုံးပြုမှုကို ချိုသာသည့်ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေသည့်အပြင် ကျောင်းသားကျောင်းသူများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုစေနိုင်ရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရ အခြေခံအထက်တန်းကျောင်းများတွင် မိတ်ဆက်ပေးခြင်းနှင့် သုံးစွဲခွင့် လှူဒါန်းခြင်းများ ကိုလည်း လုပ်ဆောင်ထားသည်။
Leave a Reply