ရွှေမန်း
ကမ္ဘာ့ရွှေဈေးကွက်တွင် နိုဝင်ဘာ ၁ ရက်နေ့က တစ် ထရွိုင်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၆၃၃ နှင့် ဈေးကွက် ဖွင့်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်ဝန်းကျင်ထက် ဈေးကျဆင်း ခဲ့၍ ပြည်တွင်း၌ တစ်ကျပ်သား လျှင် ငွေကျပ် ၂၀၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကြောင်း သိရသည်။
“ရွှေဈေးကွက်မှာ အမေရိကန် ရဲ့ ဘဏ်တိုးနှုန်းနဲ့ သူတို့မူဝါဒ အပြောင်းအလဲတွေကြောင့် ဒေါ်လာ ဈေးအတက်အကျရှိတယ်။ ရွှေ ကလည်း ကမ္ဘာမှာ ဝယ်လိုအား ကျဆင်းလာတဲ့ အနေအထားမှာ ဖြစ်ပြီး ပြည်တွင်းမှာတော့ အရင် နေ့ထက် အနည်းငယ်ပြန် တက် လာတာပါ။ရွှေဈေးက၂၆၀၀၀၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိနေတယ်´´ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။
ပြည်တွင်းရွှေဈေးကွက်မှ အခေါက်ရွှေတစ်ကျပ်သားနှုန်း ထားများမှာ အောက်တိုဘာ ၂၆ ရက်က ၂၆၅၅၀၀၀ ကျပ်၊ ၂၇ ရက်က ၂၆၈၀၀၀၀ ကျပ်၊၂၈ ရက်က ၂၆၉၀၀၀၀ ကျပ်၊၂၉ ရက်က ၂၆၇၀၀၀၀ ကျပ်နဲ့ ၃၁ ရက်က ၂၆၄၃၀၀၀ ကျပ်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က ၂၆၄၅၀၀၀ ကျပ်ရှိရာက ၂ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ၂၆၆၅၀၀၀ ကျပ်ဖြစ်ရာ တစ်ကျပ်သားအပေါ် ငွေကျပ် ၂၀၀၀၀ ဈေးမြှင့်ခဲ့သည်။
ပြင်ပ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားမှာလည်း အောက် တိုဘာ၂၆ရက်က ၂၉၇၀ ဒေါ်လာ ဝန်းကျင်ရှိပြီး ၂၈ ရက်က ၃၀၂၀ ဒေါ်လာရှိခဲ့ရာက နိုဝင်ဘာ ၁ ရက်တွင် ၂၉၅၀ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိသဖြင့် ရက်ပိုင်း အတွင်း ဒေါ်လာ ၇၀ ခန့်ကျဆင်း ခဲ့ကြောင်းသိရသည်။
Leave a Reply