ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲတီစိမ်း မှာ ဈေးကွက် ပြန်လာကောင်းမွန် လာ ၊ပြည်တွင်းသုံးကုလာပဲအူပ်စုနှင့်မြေပဲဆံ များ ဈေးကျဆင်းလာ

ရွှေမန်း

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲတီစိမ်း မှာ ဈေးကွက် ပြန်လာကောင်းမွန် လာပြီး ပြည်တွင်းသုံး ကုလားပဲ အုပ်စုနှင့် မြေပဲလုံးဆံမှာ ဈေးကျဆင်းလာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

ပို့ကုန်ပဲတွေ မှာ မတ်ပဲနှင့် ပဲတီစိမ်းမှာ ဈေးကွက်ကျဆင်းနေရာမှ ဇွန် ၂ ရက်နေ့ ဈေးကွက်မှာ မှာ ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇၀၀၀ ခန့်ဖြင့် ဈေးငြိမ်နေကြောင်း ၊ တရုတ်လမ်းကြောင်းတင်ပို့နေသည့် မြေထောက်ပဲ ၊မြေပဲလုံဆံတို့ မှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ဈေးကျဆင်းသွားကြောင်း နှင့်ပြည်တွင်းသုံးကုလားပဲများ တစ်အိတ်ကျပ် ၂၀၀၀ ဝန်းကျင်ခန့်ဈေးဆင်းလာကြောင်းနှင့် ပဲမာလိုင်းများမှာ ယခင်သီးတင်းပတ်ကဲ့သို့ ဆက်လက် အရောင်းအဝယ် အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ ပို့ကုန်ပဲတွေ မှာ မတ်ပဲ ၊ပဲတီစိမ်း ဈေးတေကွ အနည်းငယ်မြင့်တက်လာပါတယ်။ ပဲစင်းငုံဈေးကတော့ ငြိမ်နေဆဲပါ။မတ်ပဲဈေး တစ်အိတ် ၁၄၃၀၀၀ ပေါက်ဈေး၊ပဲတီစိမ်းကတော့ ရွှေဝါတွေ ဈေးကျဆင်းနေရာကနေ ပြန်တက်လာတာ ထိပ်စ ၁၄၅၀၀၀-၁၄၇၀၀၀ ပေါက်ဈေးနဲ့ အဝယ်ပြန်သွတ်လာတယ်။ ငွေပေးချေမှုပေါ်မှုတည်ပြီး ဈေးနှုန်းကွာခြားမှုရှိပါတယ်။ တရုတ်ပို့ကုန်ပဲ တဲ့ မြေထောက်ပဲ က အရောင်းအဝယ်ငြိမ်နေတယ်။ မြေပဲလုံးဆံ ပေါက်ဈေးကလည်း တစ်ပိသာ ကျပ် ၂၀၀ လောက် ဈေးကျဆင်းလာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုက ဈေးုမြင့်တက်နေမှုရပ်သွားပြီး တစ်အိတ် ကျပ် ၂၀၀၀ ခန့် ဈေးကျဆင်းသွားတယ်။ ပဲမာလိုင်းများမှာ ဆက်လက်ဈေးအေးနေဆဲပါ။ပဲဈေးကွက်တစ်ခုလုံး ဈေးကွက်နေပါတယ် ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း

မတ်ပဲနှင့် ပဲတီစိမ်းမှာ ဇွန် ၂ ရက်နေ့ ဈေးကွက်မှာ မှာ ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၂၇၀၀၀ ခန့်ဖြင့်ဈေးတည်ငြိမ်နေသည်။ ဇွန်၂ရက်တွင် မတ်ပဲ တစ်အိတ် ကျပ်၁၄၃၀၀၀ ပဲတီစိမ်းရွှေဝါ မှာ ဈေးကျဆင်းရာမှာ ဈေးပြန်တက်လာပြီး လက်ရှိပေါက်ဈေး တစ်အိတ်ကျပ် ၁၄၅၀၀၀-၁၄၇၀၀၀ ဖြင့် အရောင်းအဝယ် သွက်နေသည်။ပို့ကုန်ပဲများရောင်းဝယ်ရာတွင် ငွေပေးချေမှုပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၃၀၀၀-၅၀၀၀ ခန့်ကွာခြားမှုရှိကြောင်းသိရသည်။

မြေပဲ

တရုတ်နိုင်ငံသို့ မြေပဲလုံးဆံ တင်ပို့မှု လုံးဝရပ်ဆိုင်းသွားပြီး နောက် ပြည်တွင်း ဆီစက်ပိုင်များသာ အဝယ်ရှိတော့တာကြောင့် အရောင်းအဝယ် ဈေးသွားပြီး အမျိုးအစားအလိုက် တစ်ပိသာ ကျပ် ၂၀၀ ခန့်ဈေးကျဆင်းသွားသည်။ ဇွန် ၂ ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ်၄၀၀ ပေါက်ဈေးဖြစ်သွားသည်။ သည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ နှမ်းဆီတစ်ပိဿာ ၊စားအုန်းဆီပေါက်ဈေးမှာ တစ်ပိသာ ကျပ် ၈၀၀၀ခန့် ပေါက်ဈေးရှိသော်လည်း ပစ္စည်းအဝင်နည်းပါးကြောင်းသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ကျပ် ၁၄၃၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၃၀၀၀ကျပ် ဈေးကျဆင်းလာ ပြီး၊ပဲယင်းတစ်အိတ်ကျပ် ၁၄၅၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၂၀၀၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၀၀၀၀ ၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၂၅၀၀၀၊မြေထောက်ပဲ တစ်အိတ် ကျပ် ၁၆၅၀၀၀ ၊ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၇၈၅၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.