ပို့ကုန်မတ်ပဲနှင့်ပဲစင်းငုံများ ဈေးကျဆင်းမှုရပ်သွားပြီး အရောင်းအဝယ်ပြန်ကောင်းလာ

ရွှေမန်း

 ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဈေးကျဆင်းမှုရပ်သွားပြီး ဈေး အနည်းငယ် ပြန်လည်မြင့် တက် လာကြာင်း ပဲ၊ နှမ်းကုန်သည် များထံက သိရသည်။

ယခင်ရက်များက ပို့ကုန်ပဲ ဈေးများ ကျဆင်းမှုရပ် တန့်သွား ပြီး အတက်ဈေးတန်းကို ပြန်ဖြစ် လာကြောင်း လက်ရှိမှာ ဈေးကျ ဆင်းမှုများကြောင့် တောင်သူက လည်းစောင့်ရောင်း၊လှောင်လက် သမားကလည်း စောင့်ဝယ်နေ သည့် အခြေအနေဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထား သည်။
 
 ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်းမှုများကြောင့် အရောင်း အဝယ် အေးသွားပြီး ဖေဖော် ဝါရီ ၆ရက် နံနက်ဈေးကွက် အဖွင့်မှာတော့ ဈေးကျဆင်းမှု ရပ်တန့်သွားပြီး ဈေးအနည်းငယ် ပြန်တတ်လာကြောင်း၊ စားသုံး ဆီဈေးကွက်အတွင်း စားအုန်းဆီ များပြားနေသောကြောင့် မြေပဲ ဆန်များ ဝယ်ယူကြိတ်ခွဲနိုင်မှု နည်းပါးကြောင်း မြေပဲလုံး ဆန်များ အနည်းငယ် ဈေးကျ ဆင်းနေကြောင်း ပဲကုန်သည် ဦးဆန်းထွန်းလွင်က ပြောသည်။  

“ မတ်ပဲ၊ပဲစင်းငုံ FOB ဈေး တစ်တန် အမေရိကန်ဒေါ်လာ  ၇၁၅-၇၂၀ နဲ့ အရောင်းအဝယ် ပြန်ဖြစ်ပါတယ်။FOB ပေါက် ဈေးအရ မန္တလေးပဲဈေးကွက် မှာ ဈေးကျဆင်းမှုရပ်ပြီး ဒီနေ့ နံနက်အရောင်းအဝယ် ပြန်သွက် လာပါတယ်။ သုံးတင်းတစ်အိတ် ကို ငွေကျပ် ၂၇၇၀၀၀ ဈေးပတ် လည်ကနေ မကျဆင်းနိုင်တော့ ဘူးလို့ ခန့်မှန်းပါတယ်။ မတ်ပဲ လည်း ပုံမှန်ဈေးပြန်ဖြစ်လာမှာ ပါ။ လက်ရှိဈေးက တောင်သူ အရင်းဈေးနားကပ်နေတော့ တောင်သူမကိုက်ဖြစ်နေပါတယ်။ အိန္ဒိယက ဝယ်လိုအား ရှိပေမယ့် ထိန်း ဝယ်နေတာမျိုးဖြစ်နေပါတယ် ´´ ဟု ၎င်းက ပြောသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ပစ္စည်းအဝင်နည်းသွားပြီး ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း  အက်စစ်လွတ်နှမ်းများမှာ ထိပ်စ ဈေးကောင်းရရှိနေကြောင်း ဈေး နှုန်းအတက်အကျနည်းကြောင်း နှမ်းကုန်သည်တစ်ဦးက ပြောသည်။

 ဖေဖော်ဝါရီ ၆ ရက်တွင် ပို့ကုန် မတ်ပဲ(အသစ်)တစ်အိတ် လျှင်ငွေကျပ် ၂၇၇၀၀၀၊ ပဲစင်းငုံ မှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀ ခန့် ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀  ပေါက်ဈေး ရှိနေသည်။    

အသစ်ဝင် ပဲမာလိုင်းများမှာ  ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၅၅၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၁၅၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀- ၉၇၅၀ ပေါက် ဈေးရှိနေသည်။

နှမ်းမျိုးစုံမှာ ဈေးကွက်မှာ ဖေဖော်ဝါရီ ၆ ရက်တွင် နှမ်း နက်(စမုန်)အက်စစ်လွတ်ထိပ်စ တစ်အိတ်လျှင် ငွေကျပ် ၇၁၀၀၀၀- ၇၁၅၀၀၀၊ အက်စစ်မလွတ် ၆၈၅၀၀၀-၆၉၀၀၀၀ ပေါက် ဈေးရှိနေပြီး ဈေးကွက်အတွင်း နှမ်းမျိုးစုံ ဝင်ရောက်မှု နည်းပါး သွားကြောင်း သိရသည်။        
   

Leave a Reply

Your email address will not be published.