ရွှေမန်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ ၇ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန် ထားသည်။
ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၃၆၂၆၃၀ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင်ဖော်ပြထားသည်။
လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီးဆန်၊ဆန်ကွဲ တန်ချိန်စုစုပေါင်း ၄၂၄၇၈၄.၂၇ တန် တင်ပို့မှုမှ ဒေါ်လာ ၁၈၉ သန်းအထိ စံချိန်တင် ထပ်မံ ရရှိခဲ့ခြင်းဖြစ်ဖြစ်ပြီးစက်တင်ဘာလက ၁၀၄ သန်းဖြင့် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ အတွင်း ဆန်တန်ချိန် ၂၃၀၈၀၃.၂၇ တန်၊ဆန်ကွဲတန်ချိန် ၁၉၃၉၈၁ တန်ချိန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန် ၄၂၄၅၃၄.၂၇ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် ၂၅၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ နယ်စပ်ကုန်သွယ်မှုမှတဆင့်တင်ပို့နိုင်ခြင်းသိသိသာသာလျော့ကျလာတာကိုတွေ့ရသည်။
ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ ၉၇ သန်း စက်တင်ဘာလမှာ ၁၀၄သန်း ၊အောက်တိုဘာလ မှာ၁၈၉သန်း အထိ ရရှိထားတာကိုလည်း MRF ၏အချက်အလက်တွေအရ သိရသည်။
ဆန်နှင့် ဆန်ကွဲ အမျိုးအစားနှစ်ခုထဲက ဆန်တင်ပို့မှုကိုကြည့်ရင် ပြည်ပနိုင်ငံ ၁၅ နိုင်ငံက အဓိကဝယ်လိုအားရှိပြီး အဲဒီအထဲမှာ အင်ဒိုနီးရှား က အများဆုံးဝယ်ယူထားပြီး ဒုတိယအများဆုံးမှာ ဖီလစ်ပိုင် နှင့်တတိယအများဆုံးမှာ တရုတ်တို့က အများဆုံး ဝယ်ယူသူတွေအဖြစ် ရှိနေသည်။
ဆန်ကွဲကိုတော့ ပြည်ပနိုင်ငံ ၁၃ ခုကနေ အများအပြားဝယ်ယူလျက်ရှိပြီး ဘယ်လ်ဂျီယံ၊ ဆီနီဂေါ၊တရုတ်၊အင်ဒိုနီးရှား နိုင်ငံတွေကနေ အများဆုံး ဝယ်ယူလျက်ရှိတာကို စာရင်းတွေမှာ ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်အထိ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၂.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပို့ကုန်ရငွေကို များကို အမြန်ဆုံးပြန်လည်ဝင်ရောက်ရေးကိုအသိပေးနိုးဆော်ထားကြောင်းသိရသည်။
Leave a Reply