ရွှေမန်း
ပြည်တွင်းဆီဖူလုံစေရေးနှင့်ပြည်ပမှစားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရန်
ဆီထွက်သီးနှံတွေ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အထူးဇုန်တွေအဖြစ် တိုင်းဒေသကြီးနဲ့ပြည်နယ်(၇)ခုမှာ ဇုန်(၁၂)ဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန မှသိရသည်။
မြန်မာနိုင်ငံမှာ လူဦးရေတိုးတက်လာတာနှင့်အတူ ဆီစားသုံးမှု များပြားလာသလို တစ်လလျှင် ဆီတန်ချိန် တစ်သိန်းခန့် စားသုံးလျက်ရှိရာ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ လုံလောက်မှု မရှိသည့်အတွက် ပြည်ပက နေ စားအုန်းဆီတွေကို နှစ်စဉ်တင်သွင်းနေရသည်။
၂၀၂၄-၂၀၂၅ ခုနှစ်မှာ ဆီထွက်သီးနှံတွေ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း လျာထားဧက ၇ ဒသမ ၉၅ သန်း ၏ ၃၈ ရာခိုင်နှုန်းဖြစ်သည့် ဧက ၃ သန်းလျာထားပြီး မြေပဲသီးနှံတစ်ဧက အထွက်နှုန်း ၅၆ တင်း၊ နှမ်း သီးနှံတစ်ဧက အထွက်နှုန်း ၁၂ တင်းနဲ့ နေကြာသီးနှံတစ်ဧက အထွက်နှုန်း ၂၅ တင်းရရှိအောင် စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်သည်။
ပြည်တွင်းတောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် မြေပဲ၊နှမ်း၊နေကြာများ ထွက်ရှိချိန်တွင် ပြည်ပမှ စားအုန်းဆဆီတင်သွင်းမှုကိုလျှော့ချကာတင်သွင်းပြီး ပြည်တွင်းဆီထုတ်လုပ်မှု အားကောင်းစေရန်လုပ်ဆောင်သင့်သည်။
သို့မှသာ တောင်သူများစိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများ သင့်တင့်သည့်စျေးကွက်စျေးကောင်းရရှိပြီ ပြည်တွင်းဆီစက်များလည်ပတ်နိုင်ကာ စိုက်ပျိုးးကွင်းဆက်တစ်ခုလုံးအတွက်အကျိုးများစေမည်ဖြစ်သည်။
မြေပဲဆန်မှာ ပြည်တွင်းဆီအတွက် စားသုံးမှုများသလို ၊နှမ်းဆီကိူအနည်းငယ်သာစားသုံးပြီး နှမ်းကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ စျေးကောင်း ရသညည့်ပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။
ပြည်တွင်းဆီစက်များ၏ လည်ပတ်အားးကောင်းလာခြင်းသည် ပြည်ပမှဆီတင်သွင်းမှုကိုလျော့နည်းပါက နိုင်ငံခြားငွေသုံးစွဲမှုကိုလျော့ချနိုင်မည်။ထိုပြင် ဆီစက်များမှထွက်ရှိသည့် ပဲဖက်၊နှမ်းဖက်၊နေကြာဖက်များမှာလည်း ပြည်တွင်း တိရစ္ဆာန်အစာ အတွက်ဖြည့်ပေးနိုင်ကြောင်းသိရသည်။
Leave a Reply