မကွေးတိုင်းအတွင်း Covid-19ကပ်ရောဂါ ကူးစက်မှုမဖြစ်ပွားရန် လုပ်ဆောင်လျှက်ရှိရာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတို့ရဲ့ စီမံအုပ်ချုပ်မှုကို နာခံမှုမရှိတဲ့အတွက် နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာနေသူ ၁ဦးကို ယနေ့ ဧပြီလ ၃၀ရက်နေ့က ကူးစက်ရောဂါကာကွယ်ရေး ပုဒ်မ၁၈နဲ့ တရားစွဲဆိုခဲ့တဲ့အတွက် နတ်မောက်မြို့နယ်တရားရုံးက ထောင်၃လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
နတ်မောက်မြို့နယ်၊ဝက်ချုပ်ကျေးရွာနေ
ဦးဘိုအက် ၄၅နှစ်သည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မုတ္တမပင်လယ်ကျားဖောင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာမှ အလုပ်လုပ်ပြီး ဧပြီလ ၂၇ရက်နေ့က ဝက်ချုပ်ကျေးရွာသို့ ပြန်လာခဲ့ကြောင်း သိရပါတယ်။
ဦးဘိုအက်ကို တာဝန်ရှိသူတို့မှ Facility Quarantine နေထိုင်ရန်သွားရောက်ဆွေးနွေးခဲ့ရာ နေထိုင်မည်ဟုပြောပြီး ၎င်း၏နေအိမ်၌ ပြန်လည်နေထိုင်သဖြင့်
ကျေးရွာအုပ်ချုပ်ရေးမှူး၊ကျန်းမာရေးဆရာမတို့၏
စီမံအုပ်ချုပ်မှုကိုနာခံမှုမရှိ
သဖြင့် ကူးစက်ရောဂါကာကွယ်ရေးပုဒ်မ၁၈ဖြင့် နတ်မောက်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးတင်ဇော်ဝင်းမှ ဧပြီလ ၃၀ရက်နေ့က တရားလိုပြုလုပ် ဦးတိုက်
လျှောက် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားသူကြီး
ဒေါ်သီရိဝေမှ ထောင်၃လပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း နတ်မောက်မြို့မရဲစခန်းက သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ
16339
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်
ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
15681
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
သတင်းများ
နတ်မောက်မြို့နယ်မှာ Facility Quarantine နေထိုင်ရန် ပျက်ကွက်သူကို ထောင်၃လချမှတ
April 30, 2020June 1, 2020
Leave a Reply