ပို့ကုန်ကုလားပဲဈေးမြင့်တက်သော်လည်းပို့ကုန်ပဲများနှင့် အခြား ပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေ


ရွှေမန်း

ပို့ကုန်ကုလားပဲ  ဈေးမြင့် တက်သော်လည်း ပို့ကုန်ပဲများ နှင့် အခြားပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေကြောင်း ပဲကုန်သည်များထံက သိရသည်။

မန္တလေးကုန်စည်ဒိုင်မှ ပွဲစား ကုန်သည်များ ရေဘေးသင့်ဒေသ များသို့ သွားရောက်ကူညီနေမှု များကြောင့် ပဲ၊နှမ်းဈေးကွက် တွင် အရောင်းအဝယ်အနည်း ငယ်အေးနေခြင်း ဖြစ်သည်။
လာမည့်ဆောင်းစိုက်ရာသီ အတွက် ပွဲရုံများက တောင်သူ များအတွက် မြေပဲနှင့် ပဲမျိုးစုံ မျိုးစေ့အဝယ်ရှိလာသည်။
 
ပို့ကုန်ကုလားပဲ V7 တစ်မျိုး သာ ဈေးဆက်လက်မြင့်တက် လာသော်လည်း ကျန်ပို့ကုန်ပဲများ နှင့် ပဲမာလိုင်းများမှာ  ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းသမား ကလည်း ပုံမှန်သာရှိနေသလို အဝယ်သမားကလည်းအတင်း လိုက်ဝယ်တာမျိုးမရှိ  လိုရောင်း လိုဝယ်ဈေးကွက်နဲ့သာ ငွေပေး ချေမှုပေါ်မူတည်ပြီး အရောင်း အဝယ်ပုံမှန်တန်းသာရှိနေကြောင်း  လက်ရှိအချိန်တွင် ဆောင်းစိုက် ရာသီအတွက် မြေပဲအပါအဝင် ပဲမျိုးစုံ မျိုးဈေးကွက် အရောင်း အဝယ်ရှိလာကြောင်း မန္တလေး တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ  ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က  ပြော သည်။

“ ပဲမျိုးစုံဈေးကွက်က   ရေ ဘေးကူညီရေးတွေ ကူကြသွား ကြနဲ့  မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်ပုံမှန်သာ ရှိပါ တယ်။ ပြည်တွင်းသုံးကုလားပဲ တွေကတော့ လိုရောင်းလိုဝယ် လောက်နဲ့ အရောင်းအဝယ်ဖြစ် နေပါတယ်။  လက်ရှိဈေးကွက် မှာက အဝယ်သမားကလည်း ပုံမှန်ဝယ်သလို အရောင်းသမား ကလည်း အတင်းလိုက်ရောင်း တာမျိုးမရှိဘူး။ ဈေးကွက်တစ်ခု လုံး  ခပ်ငြိမ်ငြိမ်လေး  ရှိနေပါ တယ်။  ငွေပေးချေမှုအပေါ်မှာ မူတည်ပြီး အရောင်းအဝယ် ဖြစ် နေတဲ့ပုံစံမျိုးပါ။ ဒီရက်ပိုင်းမှာ ပွဲရုံတွေက တောင်သူတွေအတွက်  ပဲမျိုးစုံ မျိုးဝယ်ယူပေးနေတာ တွေရှိလာပါပြီ။ မျိုးဈေးတန်း ကတော့ အမြင့်ဈေးတန်း ဖြစ်လာ ပါတယ်။ ပို့ကုန်ပဲတွေရော ပဲမာ လိုင်းတွေရော ဈေးတန်းက ငြိမ် နေပါတယ် ´´ ဟု  ၎င်းက ပြော သည်။

စက်တင်ဘာ ၂၆ ရက်တွင်  ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ်  ၃၈၀၀၀၀၊ မတ်ပဲ(ရေသွင်း)တစ် အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၀၀၀၀-၄၆၀၀၀၀ ပေါက် ဈေး ဖြစ်လာသည်။ ပဲတီစိမ်း အညာတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေးရှိနေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ  ဆက်လက်ဈေးမြင့် တက်လာရာ စက်တင်ဘာ ၂၆ရက်  တွင် ကုလားပဲ V2  တစ်အိတ် လျှင် ငွေကျပ်  ၃၁၃၀၀၀၊  ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀ ၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၃၀၀၀၊ ၉၂၉ ကုလား  ပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀  အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး  ပဲမာလိုင်း များမှာ အရောင်းအဝယ်ပုံမှန်သာ ရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊  ပဲထော   ပတ်တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀-၄၀၀၀၀၀၊  မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် လျှင် ငွေကျပ် ၅၅၅၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀- ၈၂၀၀၊  မျိုးမြေပဲ(၈၄၀၀-၈၅၀၀) ပေါက်ဈေး ရှိနေသည်။

ပြည်တွင်းမြေပဲဆန်ဈေးကွက် မှာ အထက်အောက် မြေပဲဆန် များ မန္တလေးဈေးကွက်တွင် အဝင် ဆုံနေသောကြောင့် အနည်းငယ် ဈေးကျဆင်းသလို ပြည်တွင်း ပဲဆီဈေးနှုန်းလည်း လိုက်ပါ ကျဆင်းနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၆ ရက်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ပုံမှန် သာရှိနေရာ နှမ်းဖြူ(ရိုးရိုး)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညို ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ နှမ်းနက်(စမုန်) ၄၅ပိဿာတစ် အိတ်လျှင် ငွေကျပ် ၅၉၀၀၀၀- ၆၀၀၀၀၀၊ အက်စစ်လွတ် တစ် အိတ်လျှင်  ငွေကျပ် ၆၅၀၀၀၀-၆၈၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.