အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအား လွတ်လပ်စွာတင်ပို့ခွင့် ပြုလာ

ရွှေမန်း

အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ တင်ပိုမှုအတွက် အနိမ့်ဆုံးပို့ကုန် တန်ဖိုး တစ်တန်ဈေးနှုန်း အမေရိ ကန် ဒေါ်လာ ၅၅၀ သတ်မှတ် ချက်ကိုဖယ်ရှားပြီး လွတ်လပ်စွာ တင်ပို့ခွင့်ပြုခြင်းကို စက်တင်ဘာ ၁၃ ရက်က အိန္ဒိယကုန်သွယ်ရေး အထွေထွေညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် ကြောင်း နယူးဒေလီမြို့ စီးပွားရေး သံမှူး ဦးမျိုးမြင့်အောင်၏ ပေးပို့ ချက်အရ သိရသည်။

 ကြက်သွန်နီတင်ပို့ရာတွင် တစ်တန်အနိမ့်ဆုံး ပို့ကုန်တန်ဖိုး သတ်မှတ်ချက်အားဖယ်ရှားခြင်း ကြေညာချက်သည် ချက်ချင်း အကျိုးသက်ရောက်မှုရှိမည်ဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။

 အိန္ဒိယအစိုးရသည် ယခင် နှစ်က ရာသီဥတုဖောက်ပြန်မှုများ ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံ ရေးအတွက် ကြက်သွန်နီတင်ပို့မှု တွင် အနိမ့်ဆုံးပို့တန်ချိန်ဈေးနှုန်း များသတ်မှတ်ခြင်း၊ အကောက်ခွန် နှုန်းထားကိုလည်း ၄၀ ရာခိုင်နှုန်း သို့ တိုးမြင့်ကောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၎င်းကြောင့် ကမ္ဘာ့ ကြက်သွန်ဈေးကွက်အပေါ် သက် ရောက်မှုများရှိခဲ့သည်ကို တွေရှိ ရသည်။

ယခုနှစ်၌ ကြက်သွန်နီ အသစ်များ ရိတ်သိမ်းခါနီးအချိန် တွင် အထွက်နှုန်းတိုးနိုင်မည့် အလားအလာများရှိခြင်း၊တောင်သူ လယ်သမားအကျိုးစီးပွားနှင့်ပြည်ပ   တင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် အချိန်ကိုက်မူဝါဒများ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းနှင့်  ၎င်းသည် ကမ္ဘာ့ကြက်သွန်ဈေး ကွက်အပေါ် သက်ရောက်မှုရှိလာ နိုင်ကြောင်း သုံးသပ်ထားသည်။

လက်ရှိ ၎င်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်း အိန္ဒိယ နိုင်ငံအနှံ့တွင်လည်း ရေကြီး၊ ရေလျှံဖြစ်ပေါ်မှုများကြောင့် သီးနှံ စိုက်ဧကများ ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.