ရွှေမန်း

 ထိုင်းနိုင်ငံဈေးကွက်နှင့် ပြည်တွင်းဈေးကွက်ကို တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးနေကြောင်း ဖရဲစိုက်တောင် သူများထံက သိရသည်။

ယခင်က တရုတ်နိုင်ငံသို့ တင်ပို့ရန် စိုက်ပျိုးကြသော်လည်း ဆုံးရှုံးမှုများနှင့် တင်ပို့မှုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ယခုအခါ ထိုင်းစျေးကွက်နှင့် ပြည်တွင်း စျေးကွက် အတွက် စိုက်ပျိုးနေခြင်းဖြစ်သည်။

ယခင်ကထက် ဖရဲစိုက်ဧကများလျော့ကျစိုက်ပျိုးနေခြင်းဖြစ်ရာ ပြည်တွင်းစျေးကွက် တွင်လည်း စားသုံးမှုအားကောင်းသည့်စျေးကွက် ဖြစ်နေတာကြောင့် စျေးကောင်းရရှိနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မိုးဖရဲ စိုက်ပျိုးရာသီချိန်ဖြစ်တာကြောင့် တောင်သူများ စတင်စိုက်ပျိုးလျက် ရှိသလို ဆောင်းရာသီတွင် စိုက် ပျိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ ဖရဲစိုက်တောင် သူများအနေဖြင့် တရုတ်ဈေးကွက် သို့ မတင်ပို့တော့ဘဲ ပြည်တွင်း ဈေးကွက်နှင့် ထိုင်းဈေးကွက်သို့ တင်ပို့ရန် စိုက်ပျိုးလျက်ရှိကြောင်း၊ ထို့သို့ စိုက်ပျိုးရာတွင် ယခင် စိုက်ပျိုးလေ့ရှိသည့် အလုံးကြီး ၈၅၅ မျိုးတွေကို မစိုက်ပျိုးကြ တော့ဘဲ ကိုရီးယားမျိုးများကိုသာ ပြောင်းလဲစိုက်ပျိုးကြကြောင်း ဖရဲ စိုက်ပျိုးရောင်းဝယ်နေသူ ဦးသစ္စာ က ပြောသည်။

“ လက်ရှိ ဖရဲစိုက်တောင်  သူတွေက ထိုင်းနိုင်ငံဈေးကွက်   နဲ့ ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်စိုက်ပျိုးနေကြတာပါ။ အရင်လိုပွဲရုံတွေဆီကနေ မျိုး၊ မြေဆီတွေယူပြီး စိုက်ပျိုးတာမျိုး မဟုတ်တော့ဘဲ ကိုယ်ပိုင် တစ် ပိုင်တစ်နိုင် စိုက်ပျိုးလာကြသလို မျိုးဆိုရင်လည်း ကိုရီးယားမျိုးတွေ ကို ပြောင်းလဲစိုက်ပျိုးလာကြပါ တယ်။ ထိုင်းဈေးကွက်မှာရော၊ ပြည်တွင်းဈေးကွက်မှာရော တင်ပို့ ဖို့က အလုံးကြီး 855 ဖရဲအသီး တွေကို မကြိုက်ကြတော့ဘူး ´´ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မိုးဖရဲစိုက် ပျိုးခြင်းကို ဇူလိုင်လ၊ ဩဂုတ်လ များတွင် စတင်စိုက်ပျိုးပြီး စက် တင်ဘာလ၊ နိုဝင်ဘာလတွင် အသီးထွက်ရှိသည်။ ဆောင်းဖရဲ ကို နိုဝင်ဘာလတွင် စတင်စိုက် ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီ လများတွင် အသီးထွက်ရှိသည်။

ပြည်တွင်းမှာ ဖရဲစိုက်ပျိုးခြင်း ကို နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့လေ့ရှိသော် လည်း ယခုအခါ ဖရဲစိုက်တောင် သူများလျော့ကျလာကာ ထိုင်းနိုင်ငံ ဈေးကွက်သို့ မြ၀တီ၊တာချီလိတ် လမ်းကြောင်းများမှ တင်ပို့လျက်  ရှိရာ တစ်ဧက အကျိုးအမြတ် အနည်းဆုံးငွေကျပ် သိန်း ၃၀- သိန်း ၅၀ ခန့်ထိ အကျိုးအမြတ် ရရှိနေကြောင်း သိရသည်။  

“ ပြည်တွင်းဈေးကွက်မှာ အခြားသီးနှံ စိုက်ပျိုးထုတ်လုပ်တာ ထက် မိုးဖရဲစိုက်ပျိုးမှုက ပိုမို အကျိုးအမြတ်များပါတယ်။  မိုးဖရဲစိုက်တောင်သူတွေ တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၁၀ သိန်း ခန့်ကုန်ကျပြီး ပြန်ရောင်းချရတာ က တစ်ဧက ငွေကျပ်သိန်း ၄၀ ကနေ သိန်း ၆၀ ထိ ပြန်ရပါ တယ်။ မိုးဖရဲအထွက်နှုန်းက ၁၀ တန် အနည်းဆုံးကနေ ၁၃ တန် ထိ ထွက်ရှိပါတယ်။ ပြည်တွင်း ဈေးကွက်မှာ အရည်အသွေးကောင်း အသီးတစ်တန်ကို ငွေကျပ် ၅-၆ သိန်း ရောင်းချရပါတယ်။ ထိုင်းနိုင်ငံကို တင်ပို့တာက ဘတ် ငွေဈေးပေါ်မူတည်ပြီး ဈေးရပါ တယ်။ ထိုင်းနိုင်ငံကို တင်ပို့ရင် တော့ အကောင်းဆုံး ထိပ်စအသီး တွေပဲ တင်ပို့ပါတယ်။ လက်ရှိ ပြည်တွင်းမှာလည်း စားသုံးမှု အားကောင်းနေတော့ ဖရဲစိုက် တောင်သူတွေ အကျိုးအမြတ် ကောင်းကောင်း ရရှိနေပါတယ် ´´ ဟု ၎င်းက ပြောသည်။

ပြည်တွင်း မိုးဖရဲစိုက်ပျိုးမှု ကို  တောင်သူများ ပြောင်းလဲ စိုက်ပျိုးလာရာ ဈေးကွက် ဈေး ကောင်းရရှိသည့်  ကိုရီးယား၁မျိုး များ ဖြစ်သည့် Mekong 709 ၊ Black Jade 115 မျိုးတွေ တောင်သူအခေါ် (ဒုံးကျည်) မျိုး တွေကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။  

Leave a Reply

Your email address will not be published.