ရွှေမန်း
(၈)ကြိမ်မြောက် နိုင်ငံတကာ သကြားညီလာခံသို့ မြန်မာနိုင်ငံ သကြားအသင်း တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
(၈)ကြိမ်မြောက်နိုင်ငံတကာ သကြားညီလာခံကို ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာ ၁၆-၁၉ ရက်အတွင်း ကျင်းပမည်ဖြစ်ရာ သကြားနှင့်ပေါင်းစပ်နည်းပညာ ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင် ပညာရှင်များအသင်းနှင့် သကြား သုတေသနနှင့်မြှင့်တင်ရေးအသင်း တို့သည် ခံနိုင်ရည်ရှိ၍ ရေရှည် တည်တံ့နိုင်သော ကမ္ဘာ့သကြား နှင့်ဇီ၀စွမ်းအင် စက်မှုလုပ်ငန်း-အာဆီယံသကြားကို အသွင်ပြောင်း ခြင်း Quy Nhon-Vietnam ရှိ ကဏ္ဍ၊ ISC 2024 သည်ကမ္ဘာ တစ်ဝန်းမှ သက်ဆိုင်သူအားလုံး ကို ပေါင်းစည်းခြင်းဖြင့် ခမ်းနား သော အခွင့်အလမ်းတစ်ခုနှင့် တက်ကြွသောပလက်ဖောင်းတစ် ခုကို ပေးဆောင်မည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ပါရှိသည်။
ဆွေးနွေးပွဲသို့ သကြား၊ အီသနောနှင့် ဇီ၀စွမ်းအင်ဆိုင်ရာ သုတေသီများ၊ နည်းပညာ ပညာ ရှင်များ၊ မန်နေဂျာများ၊ စက်မှု အရာရှိများ၊ ထုတ်လုပ်သူများ၊ ပေးသွင်းသူများ၊ ဈေးကွက်လေ့ လာသုံးသပ်သူများနှင့်နိုင်ငံပေါင်း ၃၀ ကျော်မှ တိုးတက်သော တောင် သူလယ်သမားများ တက်ရောက် ကြမည်ဖြစ်သည်။ အထူးသဖြင့် အာဆီယံနိုင်ငံများတွင် ကမ္ဘာ တစ်ဝန်းရှိ သကြားနှင့် ပေါင်းစပ် စက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ကြီးထွားလာခဲ့သည်။ ISဃ ၂၀၂၄ သည်ခံနိုင်ရည်ရှိပြီး ရေရှည်တည် တံ့သောကမ္ဘာလုံးဆိုင်ရာ သကြား နှင့်ဇီ၀စွမ်းအင် စက်မှုလုပ်ငန်း ကိုတည်ဆောက်ရာတွင် အလေး ပေးမည်ဖြစ်ပြီး ပိုမိုကောင်းမွန် သောဈေးကွက်ရှာဖွေရေးအခွင့် အလမ်းများမှတစ်ဆင့် အာဆီယံ နိုင်ငံများရှိ သကြားကဏ္ဍကို ပြန် လည်အသက်သွင်းရန် အာရုံစိုက် ဆွေးနွေးကြမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ သကြားထုတ် လုပ်ရေးနှင့် ကြံမှ သကြားအပြင် ထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံး အပေါ်မှ ကြံတောင်သူများ ခံစား ခွင့်ရရှိနိုင်မည့် အခွင့်အလမ်းကို အထူးလေ့လာဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားအသင်းတာဝန်ရှိသူက ပြောသည်။
လက်ရှိပြည်တွင်း သကြား စက်ရုံအများစုမှာ ကြံမှ သကြား သာထုတ်လုပ်နေပြီး အီသနောပါ ထုတ်လုပ်နိုင်သည့် စက်ရုံ အနည်း ငယ်သာရှိကြောင်း သိရသည်။
Leave a Reply