Home 2025

Year: <span>2025</span>

Post
အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာ

အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာ

ရွှေမန်း အိန္ဒိယအစိုးရက ပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းစျေးကွက်တွင် စျေးမြင့်တက်၊ အဝယ်သွက်လာကြောင်း ပဲ၊နှမ်း ကုန်သည်များထံမှသိရသည်။ အိန္ဒိယအစိုးရက ပြည်ပမှပဲစင်းငုံလွတ်လပ်စွာတင်သွင်းခွင့်ကို လာမည့် ၂၀၂၆ ခုနှစ် မတ်လကုန်ထိ သက်တမ်းတိုးမြင့်ခွင့်ပြုပေးခဲ့ကြောင်း အသိပေးစာကို ဇန်နဝါရီ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၂၈၈၀၀၀၀ စျေးဖွင့်ခဲ့သော်လည်း ဇန်နဝါရီ ၂၁ ရက်နေ့စတင်ကာ တစ်တန်လျှင် ငွေကျပ် ၂၉၆၅၀၀၀ ထိစျေးမြင့်တက်လာပြီး ဆက်လက်စျေးမြင့်တက်နိုင်ကြောင်းကုန်သည်များကသုံးသပ်ထားသည်။ ပဲစင်းငုံနှင့်အတူ မတ်ပဲ၊ မြေထောက်ပဲတို့လည်း စျေးမြင့်တက်ခြင်းမရှိသေးသော်လည်း အဝယ်သွက်လာကြောင်း ပဲစင်းငုံမှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်း မန္တလေးစျေးကွက်အပိတ်ချိန်ထိ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်စျေးဖြစ်လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် ကပြောသည်။ “ပဲစင်းငုံစျေးကဒီနေ့ဆိုရင် စျေးကောင်းလာပါတယ်။...

Post
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာရာ တစ်ပိဿာငွေကျပ် ၇၂၅၅ သက်မှတ်

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာရာ တစ်ပိဿာငွေကျပ် ၇၂၅၅ သက်မှတ်

ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျဆင်းလာရာ တစ်ပိဿာ လျှင် ငွေကျပ် ၇၂၅၅ ဖြစ်​လာရာ ယခင်သီတင်ပတ်ထက် ၂၅ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

Post
ဒေါ်လာဈေးကျဆင်းမှု ကြောင့်ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေ

ဒေါ်လာဈေးကျဆင်းမှု ကြောင့်ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေ

ရွှေမန်း  ဒေါ်လာဈေးကျဆင်းမှု ကြောင့် ပြည်တွင်းပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။    ဇန်နဝါရီလလယ်တွင် ပဲ၊ နှမ်းဈေးကွက်အတွင်း ပဲသစ်များ စတင်ဝင်ရောက်လာကြောင်း ပဲစင်းငုံအသစ်များ ပမာဏများများ ဝင်ရောက်လာသော်လည်း  သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ သာ ပေါက်ဈေးရှိနေ ကြောင်း၊ မြေပဲလုံးဆန်များ ဈေး ကောင်းသော်လည်း မြေပဲဆီဆန် များ ဆီစက်ပိုင်များ အဝယ်အေး နေကြောင်း၊ ကျွန်းစားတော်ပဲသစ် များ ဈေးကောင်းရရှိလာကြောင်း  ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ပိုင်ရှင်က ပြောသည်။   “ ပဲ၊ နှမ်း ဈေးကွက်မှာ အသစ်ဝင်ရောက်တဲ့ ပဲသစ်တွေရှိ လာပေမယ့် ဈေးကွက်တစ်ခုလုံး ကဈေးတွေကျဆင်းနေပါတယ်။ ဒေါ်လာဈေး အတက်အကျ ရှိနေ တော့ ပို့ကုန်ပဲတွေ...

Post
ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ

ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ

ရွှေမန်း ဧရာ၀တီမြစ်အတွင်းရှိ ကျွန်း စိုက်ခင်းများတွင် စိုက်ပျိုးသည့် ကန်စွန်းဥများ ဈေးကောင်းရရှိလာ ရာ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း ကန်စွန်းစိုက်တောင်သူများထံက သိရသည်။ အဆိုပါကျွန်းစိုက်ခင်းများ တွင် မြေပဲကို အများဆုံးစိုက်ပျိုး ကြကာ ပဲထောပတ်၊ ချဉ်ပေါင် တို့ကို အဓိကထား စိုက်ပျိုးကြ ခြင်းဖြစ်ပြီး ကန်စွန်းဥကို အပို ဝင်ငွေရရှိအောင် ကျွန်းစိုက်ခင်း များတွင် စိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုနှစ်ကန်စွန်းဥ ပေါ်ကာစ ရာသီတွင် တစ်ပိဿာလျှင် ငွေ ကျပ် ၁၉၀၀ ခန့်သာ ပေါက်ဈေးရှိ ခဲ့သော်လည်း နယ်စုံမှ ကန်စွန်းဥ အဝင်နည်းခြင်း ကန်စွန်းဥအထွက် နှုန်းကျဆင်းခြင်းကြောင်း ဇန်နဝါရီ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ဈေးကောင်း ရရှိလာကြောင်း၊...

Post
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်

၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်

ရွှေမန်း မန္တလေးဈေးကွက် အတွင်း ပဲစင်းငုံအသစ်များ ဝင်ရောက်လာ သော်လည်း သုံးတင်းဝင်တစ်အိတ်  လျှင် ငွေကျပ် ၃၀၀၀၀၀ အောက် သာပေါက်ဈေးရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။   ၂၀၂၅ ခုနှစ် ကျွန်းစားတော် ပဲအသစ်များ ဇန်နဝါရီ ၁၂ ရက် ခန့်တွင် စတင်ဝင်ရောက်လာမည် ဖြစ်ပြီး လက်ကျန်ပစ္စည်းမရှိတော့ တာကြောင့် သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၅၀၀၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။ ၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ် များ စတင်ဝင်ရောက်လာရာ တစ် အိတ်လျှင်  ငွေကျပ် ၃၀၀၀၀၀ အောက်သာ ပေါက်ဈေးရှိနေ ကြောင်း၊ အလားတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာလည်း တစ် အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ရောက်နေကြောင်း...

Post
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်

၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်

ရွှေမန်း ၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ ဇန်နဝါရီလ ဆန်း ပိုင်းရက်များမှ စတင်ကာ လည်ပတ်ထုတ်လုပ်နေကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်ထုတ် ပြည်တွင်းသကြားများ ဈေးနှုန်း တည်ငြိမ်နေပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀-၅၁၀၀ ပေါက် ဈေးရှိနေသည်။ ယခုနှစ် ကြံတစ် တန်ပေါက်ဈေးမှာ ငွေကျပ် ၁၈၀၀၀၀-၂၀၀၀၀၀ ပေါက်ဈေး ကို စက်ရုံအသီးသီးမှ ဝယ်ယူ လျက်ရှိပြီး ဇန်နဝါရီလဆန်းပိုင်း ရက်များတွင် စတင်လည်ပတ် နေခြင်းဖြစ်သည်။“ စစ်ကိုင်းတိုင်းအထက်ပိုင်း မောင်းကုန်း သကြားစက်၊ MEC သကြားစက်၊ Ever Green  သကြားစက်၊ ရှမ်းမြောက် ဒေသ ငွေရည်ပုလဲ သကြားစက်၊ ရှမ်း တောင်ဒေသ မြဘုရင် သကြား စက်များ အပြည့်အဝ လည်ပတ် ကြိတ်ဝါးမည်ဖြစ်ပါတယ်။...

Post
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ

ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျလာရာ တစ်ပိဿာ (၇၂၈၀ ကျပ်)ဖြစ်​လာပြီး ယခင်အတိုင်းပြောင်းလဲမရှိရည်ညွှန်းစျေးဆက်လက်တည်ငြိမ်နေခြင်းဖြစ်သည်။

Post
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ

ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ

ရွှေမန်း  ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒကြောင့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ  ပြည်တွင်း ပြောင်းဈေးကျဆင်း လာကြောင်း ပြောင်းကုန်သည် များထံက သိရသည်။ ယခင်က ပို့ကုန်ပြောင်း အပေါ် တစ်တန်လျှင် ငွေကျပ် ၃၀၀၀၀ ကျော်သာ ပေးဆောင် ရပြီး ယခုမူဝါဒအပြောင်းအလဲ ကြောင့် ငွေကျပ် ၅၀၀၀၀ ကျော် ပေးဆောင်ရကြောင်း၊ ယခင်က တစ်ဒေါ်လာလျှင် ငွေဈေး ငွေကျပ် ၂၁၀၀ ကျော်ပေါ်မှာ တွက်ချက်ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ငွေ ဈေး ငွေကျပ် ၃၅၈၀ ပေါ်မှာ တွက်ချက်ကောက်ခံတာ ဖြစ် သောကြောင့် ပြောင်းတစ်ပိဿာ လျှင် ငွေကျပ် ၃၅ ခန့် ဈေးကျ ဆင်းသွားမည်။ ပို့ကုန် ပြောင်းကုန်သည်များ အနေဖြင့်...

Post
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ

တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ

ရွှေမန်း  တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေသော်လည်း အခြားပို့ကုန်ပဲများ ဈေးကျဆင်း နေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံမှ သိရသည်။   ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း အစတွင် နှမ်းနက်(ထိပ်စ) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထား သည်။ တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်လိုင်းအဝယ်များသည့် ပဲ တီစိမ်း၊ နှမ်းနက်၊ မြေပဲဆန်များ သာ ဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ရှိနေပြီး အခြားပဲမာလိုင်း များနှင့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးပြောင်းလဲမှု မရှိ၊ ဈေးငြိမ်နေကြောင်း၊ နှမ်းနက် (ထိပ်စ)တစ်မျိုးသာ ဈေးကောင်း ရနေသော်လည်း အခြားနှမ်းများ ဈေးအနည်းငယ် ကျဆင်းနေ ကြောင်း နှစ်ကုန်ပိုင်းဖြစ်သော...

  • 1
  • 2