ရွှေမန်း ဧရာ၀တီမြစ်အတွင်းရှိ ကျွန်း စိုက်ခင်းများတွင် စိုက်ပျိုးသည့် ကန်စွန်းဥများ ဈေးကောင်းရရှိလာ ရာ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း ကန်စွန်းစိုက်တောင်သူများထံက သိရသည်။ အဆိုပါကျွန်းစိုက်ခင်းများ တွင် မြေပဲကို အများဆုံးစိုက်ပျိုး ကြကာ ပဲထောပတ်၊ ချဉ်ပေါင် တို့ကို အဓိကထား စိုက်ပျိုးကြ ခြင်းဖြစ်ပြီး ကန်စွန်းဥကို အပို ဝင်ငွေရရှိအောင် ကျွန်းစိုက်ခင်း များတွင် စိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုနှစ်ကန်စွန်းဥ ပေါ်ကာစ ရာသီတွင် တစ်ပိဿာလျှင် ငွေ ကျပ် ၁၉၀၀ ခန့်သာ ပေါက်ဈေးရှိ ခဲ့သော်လည်း နယ်စုံမှ ကန်စွန်းဥ အဝင်နည်းခြင်း ကန်စွန်းဥအထွက် နှုန်းကျဆင်းခြင်းကြောင်း ဇန်နဝါရီ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ဈေးကောင်း ရရှိလာကြောင်း၊...
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
ခါကျက်ဥများ ဈေးကောင်းရသော ကြောင့် တစ်ဧက ငွေကျပ် သိန်း ၁၂၀ ခန့် အကျိုးအမြတ်ရနေ
သူနဲ့ အနုပညာသူ့ရဲ့ ပန်းချီပြခန်း
၁၀ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၁၀၄၉ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
ရွှေမန်း မန္တလေးဈေးကွက် အတွင်း ပဲစင်းငုံအသစ်များ ဝင်ရောက်လာ သော်လည်း သုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀ အောက် သာပေါက်ဈေးရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ ၂၀၂၅ ခုနှစ် ကျွန်းစားတော် ပဲအသစ်များ ဇန်နဝါရီ ၁၂ ရက် ခန့်တွင် စတင်ဝင်ရောက်လာမည် ဖြစ်ပြီး လက်ကျန်ပစ္စည်းမရှိတော့ တာကြောင့် သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၅၀၀၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။ ၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ် များ စတင်ဝင်ရောက်လာရာ တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အောက်သာ ပေါက်ဈေးရှိနေ ကြောင်း၊ အလားတူ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာလည်း တစ် အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ရောက်နေကြောင်း...
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
ရွှေမန်း ၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ ဇန်နဝါရီလ ဆန်း ပိုင်းရက်များမှ စတင်ကာ လည်ပတ်ထုတ်လုပ်နေကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်ထုတ် ပြည်တွင်းသကြားများ ဈေးနှုန်း တည်ငြိမ်နေပြီး တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀-၅၁၀၀ ပေါက် ဈေးရှိနေသည်။ ယခုနှစ် ကြံတစ် တန်ပေါက်ဈေးမှာ ငွေကျပ် ၁၈၀၀၀၀-၂၀၀၀၀၀ ပေါက်ဈေး ကို စက်ရုံအသီးသီးမှ ဝယ်ယူ လျက်ရှိပြီး ဇန်နဝါရီလဆန်းပိုင်း ရက်များတွင် စတင်လည်ပတ် နေခြင်းဖြစ်သည်။“ စစ်ကိုင်းတိုင်းအထက်ပိုင်း မောင်းကုန်း သကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက် ဒေသ ငွေရည်ပုလဲ သကြားစက်၊ ရှမ်း တောင်ဒေသ မြဘုရင် သကြား စက်များ အပြည့်အဝ လည်ပတ် ကြိတ်ဝါးမည်ဖြစ်ပါတယ်။...
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာ စျေးအနည်းငယ်ပြန်ကျလာရာ တစ်ပိဿာ (၇၂၈၀ ကျပ်)ဖြစ်လာပြီး ယခင်အတိုင်းပြောင်းလဲမရှိရည်ညွှန်းစျေးဆက်လက်တည်ငြိမ်နေခြင်းဖြစ်သည်။
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
ရွှေမန်း ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒကြောင့် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ပြည်တွင်း ပြောင်းဈေးကျဆင်း လာကြောင်း ပြောင်းကုန်သည် များထံက သိရသည်။ ယခင်က ပို့ကုန်ပြောင်း အပေါ် တစ်တန်လျှင် ငွေကျပ် ၃၀၀၀၀ ကျော်သာ ပေးဆောင် ရပြီး ယခုမူဝါဒအပြောင်းအလဲ ကြောင့် ငွေကျပ် ၅၀၀၀၀ ကျော် ပေးဆောင်ရကြောင်း၊ ယခင်က တစ်ဒေါ်လာလျှင် ငွေဈေး ငွေကျပ် ၂၁၀၀ ကျော်ပေါ်မှာ တွက်ချက်ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ငွေ ဈေး ငွေကျပ် ၃၅၈၀ ပေါ်မှာ တွက်ချက်ကောက်ခံတာ ဖြစ် သောကြောင့် ပြောင်းတစ်ပိဿာ လျှင် ငွေကျပ် ၃၅ ခန့် ဈေးကျ ဆင်းသွားမည်။ ပို့ကုန် ပြောင်းကုန်သည်များ အနေဖြင့်...
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
ရွှေမန်း တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေသော်လည်း အခြားပို့ကုန်ပဲများ ဈေးကျဆင်း နေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း အစတွင် နှမ်းနက်(ထိပ်စ) သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထား သည်။ တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်လိုင်းအဝယ်များသည့် ပဲ တီစိမ်း၊ နှမ်းနက်၊ မြေပဲဆန်များ သာ ဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ရှိနေပြီး အခြားပဲမာလိုင်း များနှင့် ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးပြောင်းလဲမှု မရှိ၊ ဈေးငြိမ်နေကြောင်း၊ နှမ်းနက် (ထိပ်စ)တစ်မျိုးသာ ဈေးကောင်း ရနေသော်လည်း အခြားနှမ်းများ ဈေးအနည်းငယ် ကျဆင်းနေ ကြောင်း နှစ်ကုန်ပိုင်းဖြစ်သော...
- 1
- 2