Home 2024 December

Month: <span>December 2024</span>

Post
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ  

ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ  

ရွှေမန်း  ပြည်တွင်းသုံးကျွန်းစားတော် ပဲဈေးမြင့်တက်လာသော်လည်း ကုလားပဲစားသုံးမှုလျော့ကျနေ ကြောင်း ပဲ၊ နှမ်းကုန်သည်များ ထံမှ သိရသည်။   ဒီဇင်ဘာတွင် ဆောင်းသီးနှံ ရာသီစာများပေါ်ချိန်တွင် ပြည်တွင်း သုံးကုလားပဲများ စားသုံးမှုလျော့ ကျလေ့ရှိသည်။  ပဲနှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ကနေဒါစားတော်ပဲ အဝင်မရှိ တော့သောကြောင့် ပြည်တွင်း ကျွန်းစားတော်ပဲ ဈေးဆက်တိုက် မြင့်တက်လာရာ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း၊ကုလားပဲ အုပ်စုမှာလည်း စားသုံးမှုလျော့ကျ လာရာ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိနေကြောင်း၊ ပို့ကုန် ပဲတွေကတော့ ဈေးကျဆင်းနေပြီး လာမည့် ပဲသစ်ရာသီမှာသာ အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။   “ ဒီရက်ပိုင်း ဈေးကျဆင်း သွားတဲ့ကုလားပဲအုပ်စု အနည်း ငယ်ပြန်ဈေးတက်လာပါတယ်။...

Post
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်

ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်

ရွှေမန်း ပြည်တွင်းစားသုံးများသည့် ဆန်အမျိုးအစားများဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ် ဆန်းတို့ကို စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်ညွှန်းဈေးများ  အတိုင်းရောင်းဝယ်ရန်နှင့် ဆန် ဈေးကွက် ဈေးနှုန်းများသင့်တင့် မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော် ချက်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဆန်ဈေးကွက်ဈေးနှုန်းထုတ်ပြန် ချက်(ဆန် ရည်ညွှန်းဈေးနှုန်း) များကို လစဉ် ထုတ်ပြန်ပေး လျက်ရှိသည်။ အဆိုပါ လစဉ်ထုတ်ပြန် သည့် ဆန်ရည်ညွှန်းဈေးနှုန်း များနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ဆန်စက်များ၊ ဆန်လက်လီ လက်ကား အရောင်းဆိုင်များ၊ ပွဲရုံများ၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအား ထပ်ဆင့် နှိုးဆော်သတိပေးလျက်ရှိသည်။  သို့ရာတွင် ယခုကာလ အတွင်း လူမှုကွန်ရက်စာမျက်နှာ များတွင် ဆန်ဈေးနှုန်းများကို...

Post
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

ရွှေမန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ၈ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ထားသည်။ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၆၉၇၁၆၅ ဒသမ ၈၉ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင်ဖော်ပြထားသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီးဆန်၊ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃၃၄၅၃၅ ဒသမ ၀၄ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅၆ သန်း ထပ်မံ ရရှိခဲ့ခြင်းဖြစ်ဖြစ်ပြီးအောက်တိုဘာလက ၁၈၉ သန်းဖြင့် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ အတွင်း ဆန်တန်ချိန် ၂၈၄၉၇...

Post
မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

ရွှေမန်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံး မျိုးကို တစ်နှစ်သုံးသီး စိုက်ပျိုး လျက်ရှိကြောင်း တောင်သူများ ထံက သိရသည်။ ထိုသို့ စိုက်ပျိုးခြင်းဖြင့် စိုက် ပျိုးမြေကိုသဘာ၀အတိုင်း ပြုပြင် ပြီးသားဖြစ်သလို စိုက်ပျိုးသည့် သီးနှံအတွက် သုံးစွဲရသည့် သွင်း အားစုဓာတ်မြေ ဩဇာသုံးစွဲမှုလည်း သက်သာကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မိုးစပါး စိုက်ပျိုးချိန်က ဆည်ရေ မရရှိမှုကြောင့် ရေတင် ရေသွင်းပြီး စိုက်ပျိုးရသဖြင့် တစ် ဧက စိုက်ပျိုးစရိတ် ပိုမိုကုန်ကျ ထားကြောင်း ပုသိမ်ကြီးမြို့နယ် မှ တောင်သူဦးမျိုးသန့်က ပြော သည်။ “ ဒီနှစ်မိုးစပါးစတင်စိုက်ပျိုး ချိန်မှာ ဆည်ရေအခက်အခဲရှိခဲ့ တော့ ရေသွင်းရေတင်ပြီး ခက် ခက်ခဲခဲ ဖြစ်အောင်စိုက်ပျိုးခဲ့ရ...

  • 1
  • 2