Home 2024 December

Month: <span>December 2024</span>

Post
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်​လာ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်​လာ

ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာ ရာ တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်​လာပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၅ ကျဆင်းလာကြောင်းသိရသည်။

Post
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ

ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ

ရွှေမန်း ပြည်တွင်းပြောင်းစိုက်တောင် သူများအနေဖြင့် ပြောင်းသစ်များ ပေါ်လာချိန်တွင် ပြောင်းဈေးကောင်း လာရာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ ခန့် ရရှိလာ ကြောင်း တောင်သူများထံက သိ ရသည်။ ပြည်ပသို့ ပြောင်းတင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေ ရရှိမှုပေါ် မူတည်ပြီး ပြည်တွင်းပြောင်းဈေး မှာ အတက်အကျ အနည်းငယ် ဖြင့် အရောင်းအဝယ်ဖြစ်လာ ကြောင်း၊ လက်ရှိ FOB ပေါက် ဈေးအတိုင်းတွက်ချက်ကာ ယခင် လို အမြတ်မချန်ဘဲ အရင်းမရှုံးဈေး ဖြင့် ပို့ကုန်သမားများ ဈေးကောင်း ပေးဝယ်လာခြင်းဖြစ်ကြောင်း  ပို့ကုန်သမားတစ်ဦးထံက သိရ သည်။ “ ယခု လက်ရှိ ပြောင်းဈေး မြင့်တက်နေခြင်းက ပို့ကုန်သမား တွေ အရင်းအတိုင်း အမြတ်မယူ ဘဲ တင်ပို့နေပါတယ်။...

Post
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ

တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ

ရွှေမန်း  တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသောကြောင့် ဈေးမြင့် တက်လာကြောင်း ပဲ၊ နှမ်းကုန် သည်များထံမှ သိရသည်။   လက်ကျန်နည်းလာသည့် ကျွန်းစားတော်ပဲမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၄၈၅၀၀၀  ပေါက်ဈေးဖြစ်လာပြီး စားသုံးမှု မြင့်တက်နေချိန် ဖြစ်သည်။ ပဲနှမ်းဈေးကွက်အတွင်း နှမ်း နက်နှင့် ပဲတီစိမ်းမှာ တရုတ်ကုန် သည်များ ဝယ်လိုအားကောင်းလာ သောကြောင့် ဈေးမြင့်တက်လာ ကြောင်း၊ နှမ်းနက်မှာ တရုတ်ပွဲ တော်များအတွက် ဝယ်လိုအား ကောင်းနေခြင်းဖြစ်ပြီး ပဲတီစိမ်း မှာ ဈေးတန်းကြောင့် ဝယ်လိုအား ကောင်းနေခြင်းဖြစ်ကြောင်း၊ ပြည် တွင်းသုံး ကုလားပဲအုပ်စု အနည်း ငယ် ပြန်လည်ဈေးမြင့်တက်လာ သလို မြေပဲဆန်မှာလည်း နယ်စုံမှ အသစ်ဝင်ရောက်မှုများ ရှိနေသလို...

Post
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်​လာ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်​လာ

ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာ ရာ တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်​လာပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၅၀ ကျဆင်းလာကြောင်းသိရသည်။

Post
20404

ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ရွှေမန်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်သည် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ နှင့်အသင်းဝင်အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ နှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ဥက္ကဋ္ဌနှင့် လိုင်းခေါင်းဆောင်ကော်မတီဝင်များ၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင် ကော်မတီဝင်များ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့်Super Market ၊ Mini Market နှင့် Shopping Mall တို့မှ တာဝန်ခံများနှင့် တွေ့ဆုံ၍ပြည်တွင်းဆန်ဈေး ကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးနှင့်စပ်လျဉ်း ၍ညှိနှိုင်းဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြည်တွင်း ဆန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်ရေးနှင့်...

Post
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး

ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး

ရွှေမန်း  မြန်မာနိုင်ငံမှ ဆောင်းဖရဲ သီးများ တရုတ်နိုင်ငံသို့ တင်ပို့နေ သော်လည်း ဈေးကောင်းမရှိ သေး ကြောင်း ပွဲရုံများထံမှ သိရသည်။ ပြည်တွင်းဖရဲသီးများ တရုတ် နိုင်ငံသို့ တင်ပို့ရာတွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်ကာ တစ်စီး၊ နှစ်စီး စတင်ဝင်ရောက်တင်ပို့ နေရာ ဖရဲတစ်တန်လျှင် ယွမ်ငွေ ၂၅၀၀ ခန့်သာ ဈေးရရှိနေကြောင်း၊ ဖရဲသီးတင်ပို့မှုမှာလည်း ကားတစ် စီးစာ စိုက်ခင်းကုန်ကျငွေနှင့် တင် ပို့စရိတ်မှာ ငွေကျပ် သိန်း၂၆၀ နီးပါးကုန်ကျကြောင်း၊ လက်ရှိ တင်ပို့မှုမှာ နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ရှမ်းဖရဲသီးများသာ တင်ပို့လျက်ရှိကြောင်း ခွာညိုပွဲရုံ ထံမှ သိရသည်။ “ လက်ရှိမှာတော့ နယ်စပ်က စိုက်ပျိုးတဲ့ ရှမ်းဖရဲသီးတွေ စတင် ဝင်ရောက်နေပါတယ်။ အသီး ပေါက်ဈေးနဲ့ တင်ပို့စိုက်ပျိုးစရိတ်...

Post
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ  

ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ  

ရွှေမန်း  ပြည်တွင်းသုံးကျွန်းစားတော် ပဲဈေးမြင့်တက်လာသော်လည်း ကုလားပဲစားသုံးမှုလျော့ကျနေ ကြောင်း ပဲ၊ နှမ်းကုန်သည်များ ထံမှ သိရသည်။   ဒီဇင်ဘာတွင် ဆောင်းသီးနှံ ရာသီစာများပေါ်ချိန်တွင် ပြည်တွင်း သုံးကုလားပဲများ စားသုံးမှုလျော့ ကျလေ့ရှိသည်။  ပဲနှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ကနေဒါစားတော်ပဲ အဝင်မရှိ တော့သောကြောင့် ပြည်တွင်း ကျွန်းစားတော်ပဲ ဈေးဆက်တိုက် မြင့်တက်လာရာ သုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၄၈၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း၊ကုလားပဲ အုပ်စုမှာလည်း စားသုံးမှုလျော့ကျ လာရာ ဈေးနှုန်းအတက်အကျ အနည်းငယ်ရှိနေကြောင်း၊ ပို့ကုန် ပဲတွေကတော့ ဈေးကျဆင်းနေပြီး လာမည့် ပဲသစ်ရာသီမှာသာ အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။   “ ဒီရက်ပိုင်း ဈေးကျဆင်း သွားတဲ့ကုလားပဲအုပ်စု အနည်း ငယ်ပြန်ဈေးတက်လာပါတယ်။...

Post
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်

ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်

ရွှေမန်း ပြည်တွင်းစားသုံးများသည့် ဆန်အမျိုးအစားများဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ် ဆန်းတို့ကို စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်ညွှန်းဈေးများ  အတိုင်းရောင်းဝယ်ရန်နှင့် ဆန် ဈေးကွက် ဈေးနှုန်းများသင့်တင့် မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော် ချက်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ဆန်ဈေးကွက်ဈေးနှုန်းထုတ်ပြန် ချက်(ဆန် ရည်ညွှန်းဈေးနှုန်း) များကို လစဉ် ထုတ်ပြန်ပေး လျက်ရှိသည်။ အဆိုပါ လစဉ်ထုတ်ပြန် သည့် ဆန်ရည်ညွှန်းဈေးနှုန်း များနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်းများမပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ဆန်စက်များ၊ ဆန်လက်လီ လက်ကား အရောင်းဆိုင်များ၊ ပွဲရုံများ၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအား ထပ်ဆင့် နှိုးဆော်သတိပေးလျက်ရှိသည်။  သို့ရာတွင် ယခုကာလ အတွင်း လူမှုကွန်ရက်စာမျက်နှာ များတွင် ဆန်ဈေးနှုန်းများကို...

Post
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

ရွှေမန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ၈ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ထားသည်။ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၆၉၇၁၆၅ ဒသမ ၈၉ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင်ဖော်ပြထားသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီးဆန်၊ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃၃၄၅၃၅ ဒသမ ၀၄ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅၆ သန်း ထပ်မံ ရရှိခဲ့ခြင်းဖြစ်ဖြစ်ပြီးအောက်တိုဘာလက ၁၈၉ သန်းဖြင့် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ အတွင်း ဆန်တန်ချိန် ၂၈၄၉၇...

Post
မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

ရွှေမန်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံး မျိုးကို တစ်နှစ်သုံးသီး စိုက်ပျိုး လျက်ရှိကြောင်း တောင်သူများ ထံက သိရသည်။ ထိုသို့ စိုက်ပျိုးခြင်းဖြင့် စိုက် ပျိုးမြေကိုသဘာ၀အတိုင်း ပြုပြင် ပြီးသားဖြစ်သလို စိုက်ပျိုးသည့် သီးနှံအတွက် သုံးစွဲရသည့် သွင်း အားစုဓာတ်မြေ ဩဇာသုံးစွဲမှုလည်း သက်သာကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မိုးစပါး စိုက်ပျိုးချိန်က ဆည်ရေ မရရှိမှုကြောင့် ရေတင် ရေသွင်းပြီး စိုက်ပျိုးရသဖြင့် တစ် ဧက စိုက်ပျိုးစရိတ် ပိုမိုကုန်ကျ ထားကြောင်း ပုသိမ်ကြီးမြို့နယ် မှ တောင်သူဦးမျိုးသန့်က ပြော သည်။ “ ဒီနှစ်မိုးစပါးစတင်စိုက်ပျိုး ချိန်မှာ ဆည်ရေအခက်အခဲရှိခဲ့ တော့ ရေသွင်းရေတင်ပြီး ခက် ခက်ခဲခဲ ဖြစ်အောင်စိုက်ပျိုးခဲ့ရ...