Home 2024 October

Month: <span>October 2024</span>

Post
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ

ရွှေမန်း  မကွေးတိုင်းဒေသကြီး အတွင်းရှိ  Gဗဏ စနစ်ဖြင့် စိုက်ပျိုးထားသည့် နှမ်းများ စုပေါင်းရောင်းချပွဲတော်ကို  စက်တင်ဘာ ၃၀ ရက်မှ အောက် တိုဘာ ၁၂ ရက်အထိ  မကွေးမြို့ သင်ကြားရေး ဆေးရုံလမ်းရှိ မြင့်မြတ်တော်ဝင်ကုမ္ပဏီဂိုထောင် တွင် ရောင်းချနေကြောင်း မကွေး တိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံ မှ သိရသည်။ အောက်တိုဘာလဆန်းပိုင်း တွင် စမုန်နှမ်းနက် တစ်တင်းလျှင် ငွေကျပ် ၂၂၅၀၀၀ ဝန်းကျင်နှင့် နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၁၄၅၀၀၀ ပေါက်ဈေးများနှင့် ရောင်းချနေခြင်းဖြစ်သည်။ GAP စနစ်ဖြင့် စိုက်ပျိုး ထားသည့် နှမ်းများကို စုပေါင်း ရောင်းချခြင်းမှာ တောင်သူများ အတွက် အဆင်ပြေမှုရှိသော ကြောင့် ၂၀၁၇ ခုနှစ်ကတည်း က စုပေါင်းရောင်းချလာခြင်း ဖြစ်ကြောင်း၊ GAP...

Post
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ

အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ

ရွှေမန်း အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ရှိနေသော်လည်း ပဲစင်းငုံဈေးကွက် ကျဆင်းနေရာ တစ်တန်လျှင် ငွေကျပ် ၅၀၀၀၀၀ ခန့် ကျဆင်းခဲ့ ကြောင်း ပဲကုန်သည်များထံက သိရသည်။  ပြည်ပပို့ကုန်များထဲမှ ပဲစင်း ငုံနီက အောက်တိုဘာလဆန်းပိုင်း ကတည်းက ပဲစင်းငုံနီတစ်တန် လျှင် ငွေကျပ် ၄၆သိန်း အောက် ရောက်ရှိလာခြင်း ဖြစ်သည်။  စက်တင်ဘာလဆန်းပိုင်း က ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲစင်းငုံနီတစ်တန်လျှင်ငွေကျပ်  ၅၁သိန်းအထိ ပေါက်ဈေးရှိသလို FOB ဈေးနှုန်းမှာလည်း တစ်တန် လျှင် ၁၁၂၀-၁၁၃၀ ဒေါ်လာရှိခဲ့ရာ အောက်တိုဘာ ပထမသီတင်းပတ် အတွင်းမှာ တစ်တန်လျှင် ငွေကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးကျ နေခြင်း ဖြစ်သည်။ “ ပဲစင်းငုံ ပြည်တွင်းလက်ကျန် မရှိသလောက်နည်းပါးနေပြီး ဈေးကွက်အတွင်း အဝင်မရှိတော့ ပါဘူး။...

Post
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန် 

၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန် 

ရွှေမန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ ၆ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ချက် ထားသည်။ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၃၇၈၄၆.၅၈ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF တာဝန်ရှိသူတစ်ဦးက ပြောသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် စက်တင်ဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တန်ချိန် ၂၁၉၅၆၅.၁၃ တန် တင်ပို့မှုမှ ဒေါ်လာ ၁၀၄ သန်းအထိ စံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။ ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ ၉၇ သန်းအထိ...

Post
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့်  မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အ‌ရောင်းအဝယ်သွက် လက်ကောင်းမွန်နေ

တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့်  မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အ‌ရောင်းအဝယ်သွက် လက်ကောင်းမွန်နေ

ရွှေမန်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့်  မန္တလေးဈေးကွက်အတွင်း၌ ဝဥများ မနှစ်ကထက်ဈေးကောင်းရရှိကာ အ‌ရောင်းအဝယ်သွက် လက်ကောင်းမွန်နေကြောင်း မန္တလေးမြို့ ကုန်သည်များထံမှ သိရ သည်။ အဆိုပါ ဝဥများကို ယခုအချိန်တွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းဒေသများမှ ဝဥများလှိုင်လှိုင်ထွက်ပေါ်လာပြီး မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နှစ်စဉ်ဝယ်ယူနေသည့်အ တွက် ယခုနှစ်တွင် ဝဥ(အဝါခြောက်)တစ်ပိဿာလျင်ငွေကျပ် ၁၅၀၀၀ နှင့် ဝဥ(အနီ)အခြောက်တစ်ပိဿာလျင်ငွေကျပ် ၈၅၀၀ ဈေးတို့ရရှိကာ မနှစ်ကထက်ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ ” ယခုအချိန်ဟာ ဝဥတွေလှိုင်လှိုင်ထွက်တဲ့ ရာသီဖြစ်တယ်။ ဝဥက သမ ပိုင်းရာသီဥတုနေရာတွေမှာ ပေါက်ပါတယ်။ မြန်မာနိုင်ငံမှာ အလေ့ ကျပေါက်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ ဝဥအနီ၊ ဝဥအဝါဆိုပြီး နှစ်မျိုး ရှိတယ်။ ဝဥကဥအတိုင်းမဟုတ်ပဲ...

Post
ပြည်တွင်းရည်ညွှန်းဆန်ဈေးနှုန်းယခင်လထက် အနည်းငယ်မြင့်တက်လာ

ပြည်တွင်းရည်ညွှန်းဆန်ဈေးနှုန်းယခင်လထက် အနည်းငယ်မြင့်တက်လာ

ရွှေမန်း ပြည်တွင်း ရည်ညွှန်းဆန် ဈေးနှုန်း ယခင်လထက် အနည်း ငယ် ဈေးမြင့်တက်လာရာ ဆန် အမျိုးအစားလိုက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့် မြင့်တက် လာသည်။  အောက်တိုဘာလအတွက် သတ်မှတ်ထားသော ဆန်ရည် ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ် မှတ်ထုတ်ပြန်ခဲ့ရာ စက်တင်ဘာ လထက် အနည်းငယ် မြင့်တက် လာသည်။ စက်တင်ဘာလ ဆန်ဈေးနှုန်း သတ်မှတ်ထုတ်ပြန်ရာတွင် ဆန် အမျိုးအစားအပေါ်မူတည်ပြီး ဆန် တစ်အိတ်လျှင် အနည်းဆုံး ငွေ ကျပ် ၇၃၀၀၀ မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထားပြီး စက်တင်ဘာ လက အနည်းဆုံး ဆန်တစ်အိတ် လျှင်ငွေကျပ် ၇၁၀၀၀မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထုတ်ပြန်ခဲ့သော ကြောင့် ဆန်အမျိုးအစားအလိုက်...

Post
သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်  

သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်  

  ရွှေမန်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များ အသင်းမှကြီးမှူး၍ ပြည် တွင်း ဆီဖူလုံမှုကို ဖော်ဆောင် သည့်အနေဖြင့်ဆီစက်များ၏ မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ များ ကို သီတင်းကျွတ်ဈေးရောင်းပွဲ တော် အဖြစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ်၊မင်းရဲကျော် စွာလမ်းရှိ  (UMFCCI)  ရှေ့တွင် ဈေးနှုန်းသက်သာစွာ ၃ ရက်တိုင်တိုင် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ဈေးရောင်းပွဲ ရောင်းချရေးကော်မတီ ထံမှ သိရသည်။ သီတင်းကျွတ်ဈေးရောင်းပွဲ တော်တွင်ပါဝင်ရောင်းချမည့် ဆီများမှာ FDA လက်မှတ်ရပြီး ဆီအရည်အသွေးစံချိန်စံညွှန်း ကိုက်ညီမှုရှိရမည့် အပြင် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန် ထားသော် အမှတ်တံဆိပ် ၊ ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်လည်းကိုက်ညီသည့် အရည်အသွေးကောင်းပဲဆီသန့် ပိဿာချိန် ၉၀၀၀၀...

Post
ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ

ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ

ရွှေမန်း ပြည်တွင်းသို့ နိုင်ငံခြားမျိုးစေ့ များ တရားဝင်တင်သွင်းနိုင်ခြင်းမရှိသဖြင့်ဝတောင်သူများအနေဖြင့် မျိုးစေ့ ဈေးကြီးမြင့်ခြင်းနှင့် ပြည်တွင်းမျိုးစေ့များသာကို သုံးစွဲနေရ ကြောင်း တောင်သူများထံက သိရသည်။ ပြည်တွင်း၌ စပါး၊ ပဲ၊ နှမ်း၊   မြေပဲနှင့် ကြက်သွန်၊ ပဲမျိုးစုံတို့မှာ ပြည်တွင်းမျိုးများဖြင့် လည်ပတ် အဆင်ပြေနေသော်လည်း ပြောင်း၊ ငရုတ်၊  ခါကျက်ဥ၊ ဖရဲ၊ သခွား နှင့်  စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်များမှာ နိုင်ငံခြားမျိုးများ ကို ဝယ်ယူစိုက်ပျိုးခြင်းဖြစ်ရာ လက်ရှိအချိန်တွင် အသစ်ဝင်ရောက် သည့် မျိုးစေ့မရှိသဖြင့် မျိုးဈေး ကွက်တွင် ဈေးကြီးမြင့်မှုများနှင့် ဝယ်ယူရရှိရန် အခက်ခဲရှိကြောင်း  ဖရဲ၊ သခွားစိုက်တောင်သူတစ်ဦး က ပြောသည်။ “ လက်ရှိပြည်တွင်းကို မျိုးစေ့  တင်သွင်းဖို့ အခက်ခဲရှိနေပါတယ်။ တချို့လည်း ထိုင်းနိုင်ငံမှတစ်ဆင့်  တင်သွင်းပြီး...

Post
ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် သကြားဖြူဈေး မြင့်တက်လာ

ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် သကြားဖြူဈေး မြင့်တက်လာ

ရွှေမန်း ပြည်တွင်းသကြားစက်အချို့ မလည်ပတ်နိုင်သည့်အခြေအနေ များကြောင့် ပို့ကုန်တန်းဝင် သကြားဖြူဈေး အနည်းငယ်မြင့် တက်လာကြောင်း သကြားကုန် သည်များထံက သိရသည်။ မြန်မာနိုင်ငံ၏ ကြံရာသီမှာ ဒီဇင်ဘာလတွင် စတင် ကြိတ်ဝါး ပြီး မတ်လကုန်တွင် ကြံရာသီကုန် မည်ဖြစ်ကာ ယခုအချိန်တွင် ကြံရာသီစတင်ရန် နှစ်လခန့်သာလိုတော့သည့် အချိန်တွင် ပြည်တွင်းသကြားစက် ကြီးနှစ်လုံးမှာ မလည်ပတ်နိုင်သည့် အခြေအနေများကြောင့် ပြည်တွင်း သကြားဈေး အနည်းငယ်မြင့်တက် လာခြင်း ဖြစ်သည်။ “ ကြံရာသီရောက်ဖို့က နှစ်လ လောက်ပဲ လိုတော့တာပါ။ ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ်သကြား စက်တို့မှာ အခြေအနေအကြောင်း ကြောင်းကြောင့် စက်ရုံမလည် ပတ်နိုင်ခြင်းမှာ စိုးရိမ်သော ကြောင့် ပြည်တွင်းမှာ ပို့ကုန်တန်းဝင် သကြားဖြူဈေးက အနည်းငယ်မြင့်တက်လာတာပါ။ ပြည်တွင်းသုံး...

Post
ဧရာ၀တီမြစ်မြေနုကျွန်းကျေးရွာများတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ဧရာ၀တီမြစ်မြေနုကျွန်းကျေးရွာများတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ရွှေမန်း ဧရာ၀တီမြစ်မြေနုကျွန်း ကျေးရွာများတွင် စက်တင်ဘာ လကုန်တွင် မြစ်ရေကျဆင်းမှုနှင့် အတူ  အောက်တိုဘာလဆန်း ပိုင်းတွင် ဆောင်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိသည်။ ဆောင်းစိုက်သီးနှံများကို စက်တင်ဘာလနောက်ဆုံးသီတင်း ပတ်တွင် ရေထပ်မံမြင့်တက်လာ ခြင်းမရှိတော့သဖြင့် မြေပြုပြင်ကာ တောင်သူများ စတင်စိုက်ပျိုး လျက်ရှိကြောင်း၊ ထိုသို့စိုက်ပျိုး ရာတွင် ဈေးကွက်ဈေးကောင်းရရှိ ပြီး ဒေသနှင့်ကိုက်ညီဖြစ်ထွန်း သည့် မြေပဲနှင့် ကန်စွန်းဥကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင်  စက်သုံးဆီဈေးများ ဈေးမြင့်တက်သောကြောင့် မြေပြု ပြင်စရိတ်နှင့် စိုက်ပျိုးခများ ယခင် နှစ်ထက် ပိုမိုကုန်ကျနေကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်း ကျေးရွာမှ တောင်သူ ဦးခင်မောင်ရင်က ပြော သည်။ “ တော်သလင်းလမှာ ဧရာ ၀တီမြစ်ရေ ထပ်မံမတက်တော့ ဘဲ ရေကျဆင်းသွားတာနဲ့ မြေပြင် ထွန်ရေးထယ်ရေးဝင်ပြီး...

Post
ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်းအသစ်ဝင်မိုးမြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ

ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်းအသစ်ဝင်မိုးမြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကျဆင်းနေ

  ရွှေမန်း ပို့ကုန်ပဲများဈေးငြိမ်နေသော် လည်း အသစ်ဝင်မိုးမြေပဲနှင့် နှမ်း မျိုးစုံဈေးကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရ သည်။   ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စု ဈေးတက် ဈေးကျ အနည်းငယ်နှင့်သာ အရောင်းအဝယ် အနည်းငယ် အေးနေသည်။  အောက်တိုဘာလဆန်းပိုင်း မှာ ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာ ဈေးများကျဆင်းလာသော်လည်း  ပဲ၊ နှမ်းဈေးကွက်မှာ ပို့ကုန်ပဲ များနှင့် ပြည်တွင်း သုံး ကုလားပဲ များမှာ ဈေးတည်ငြိမ်နေကြောင်း၊  ပြည်တွင်းသုံး ပဲမာလိုင်းများမှာ လည်း လက်ကျန်နည်းလာကာ ပဲသစ်စိုက်ပျိုးချိန်ဖြစ်သော ကြောင့် ဈေးကျဆင်းမှုမရှိသော် လည်း အရောင်းအဝယ်အေးနေ ကြောင်း မန္တလေးအောက်ပိုင်း ဒေသများမှာ မိုးမြေပဲ အသစ်ဝင် ရောက်မှုများလာသဖြင့် မြေပဲ လုံးဆန်ဈေးများ ကျဆင်းသလို မြေပဲဆီဈေးများလည်း...