Home 2024 September

Month: <span>September 2024</span>

Post
ခရမ်းချဉ်သီးအပါအဝင် စားဖိုဆောင်သီးနှံများ ဈေးကျဆင်းတောင်သူများ အရှုံးပေါ်နေ

ခရမ်းချဉ်သီးအပါအဝင် စားဖိုဆောင်သီးနှံများ ဈေးကျဆင်းတောင်သူများ အရှုံးပေါ်နေ

ရွှေမန်း ပြည်တွင်းမိုးရွာသွန်းမှုများနှင့် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့် ခရမ်းချဉ်သီး အပါအဝင် စားဖိုဆောင်သီးနှံများ ဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိ ဘဲ ဈေးကျဆင်းနေသောကြောင့်တောင်သူများ အရှုံးပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ဧရာ၀တီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ဒေသခရမ်းချဉ်သီးများ ဈေးကွက် သို့ တင်ပို့နိုင်ရန် အခက်အခဲ ရှိ သောကြောင့် ခရမ်းချဉ်သီး အပါ အဝင် စားဖိုဆောင်သီးနှံများ ဈေး  ကောင်းမရဖြစ်နေကြောင်း ခရမ်း ချဉ်သီးစိုက် တောင်သူတစ်ဦးက ပြောသည်။ “ ဒီရက်ပိုင်း မိုးရွာတာ ရက် ဆက်နေသလို ကားတင်ပို့ရန် အခက်အခဲရှိတော့ ဒေသတွင်းမှာဘဲ ဈေးလျှော့ရောင်းချနေရပါတယ်။ အဝေးတင်နိုင်ရင်တော့ ခရမ်းချဉ် သီးက ဈေးကောင်းရပါတယ်´´ ဟု ၎င်းက...

Post
တစ်ပြည်လုံးအနှံ့ မိုးရွာသွန်းနေမှုများကြောင့် ပဲ၊ နှမ်းဈေးကွက်  ဈေးကျဆင်းမှုမရှိသော်လည်း အရောင်းအဝယ် အေးလျက်ရှိ

တစ်ပြည်လုံးအနှံ့ မိုးရွာသွန်းနေမှုများကြောင့် ပဲ၊ နှမ်းဈေးကွက်  ဈေးကျဆင်းမှုမရှိသော်လည်း အရောင်းအဝယ် အေးလျက်ရှိ

ရွှေမန်း  တစ်ပြည်လုံးအနှံ့မိုးရွာသွန်း နေမှုများကြောင့် ပဲ၊နှမ်း ဈေးကွက်  ဈေးကျဆင်းမှုမရှိသော်လည်း အရောင်းအဝယ်အေးလျက်ရှိ ကြောင်း ပဲကုန်သည်များထံက သိရသည်။  ပြည်တွင်းငွေဈေးပြောင်းလဲ မှုကို စောင့်ကြည့်ဝယ်ယူမှုများ ကြောင့် မန္တလေးကုန်စည်ဒိုင်တွင် မွန်းလွဲပိုင်း နောက်ပိုင်းမှသာ အရောင်းအဝယ် ဈေးပြတ်နေသလို  မြေပဲနှင့်နှမ်းမျိုးစုံကသာ အရောင်း အဝယ်သွက်နေခြင်း ဖြစ်သည်။ စက်တင်ဘာ ဒုတိယသီတင်း ပတ်တွင် တစ်ပြည်လုံးမိုးရွာသွန်း မှုများကြောင့် မန္တလေးဈေးကွက် အတွင်း ပဲအသစ်များ ဝင်ရောက်မှု နည်းကာ လက်ကျန်ပဲများလည်း နည်းလာသောကြောင့် ကုန်စည်ဒိုင် တွင် အရောင်းအဝယ်အေးနေ ကြောင်း၊ ပြည်တွင်းငွေဈေး မတည်ငြိမ်ခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်မှာ စောင့်ကြည့် စောင့် ဝယ်ဖြင့် အနည်းငယ်သာ အရောင်း အဝယ်ဖြစ်နေကြာင်း၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှု၊...

Post
ပြည်တွင်း ပဲဖတ် ၊နှမ်းဖတ်၊နေကြာနဲ့မုန်ညှင်းဖတ်စျေးတွေ မြင့်တက်လာ

ပြည်တွင်း ပဲဖတ် ၊နှမ်းဖတ်၊နေကြာနဲ့မုန်ညှင်းဖတ်စျေးတွေ မြင့်တက်လာ

ရွှေမန်း ပြည်ပမှ ပဲပုတ်တင်သွင်းခွင့်ကန့်သတ်လိုက်ပြီးနောက် ပြည်တွင်း ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်နှင့် မုန့်ညှင်းဖတ် စျေးများမြင့်တက်လာကြောင်းသိရသည်။နိုင်ငံခြားငွေသုံးစွဲမှုများကို စိစစ်ကန့်သတ်ချက်များကြောင့် အရေးကြီးကုန်စည်များမှ အပ ကျန်သွင်းကုန်များကို နိုင်ငံခြားငွေ သုံးစွဲမှုလျော့ချနိုင်ရန် တင်သွင်းမှုများ ကို ဗဟိုဘဏ်က စိစစစ်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ ယခု စက်တင်ဘာလဆန်းပိုင်း မှာ ​ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ် စျေးနှုန်းတွေမြင့်တက်လာပြီး စျေးကောင်းရနေခြင်းဖြစ်သည်။ မြေပဲ၊နှမ်း ၊နေကြာ၊မုန်ညှင်း သီးနှံတွေကို ဆီကြိတ်ရာမှထွက်ရှိတဲ့ ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ်တွေကို မွေးမြူရေးအစာအဖြစ် ငါးမွေးမြူရေးလုပ်ကိုင်သူတွေနဲ့ မွေးမြူရေးအစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေသည့်အတွက် စျေးကွက်ကမြင့်တက်ခြင်းဖြစ်သည်။ ဇူလိုင်လကုန်ပိုင်းကဖြစ်ပေါ်ခဲ့သည့် ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်နဲ့မုန်ညှင်းဖတ်စျေးနဲ့ လက်ရှိစက်တင်ဘာလဆန်းပိုင်း စျေးကွက်ယှဉ်ပါက အမျိုးအစားတခုချင်းအလိုက် တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်ကြား မြင့်တက်လာခြင်းဖြစ်သည်။ စက်တင်ဘာ ၉...

Post
မြန်မာ့ သိုးနှင့် ဆိတ်အရှင် အကောင် ၃၀၀၀၀ မလေးရှားနိုင်ငံသို့ တင်ပို့သွားမည်

မြန်မာ့ သိုးနှင့် ဆိတ်အရှင် အကောင် ၃၀၀၀၀ မလေးရှားနိုင်ငံသို့ တင်ပို့သွားမည်

ရွှေမန်း မြန်မာနိုင်ငံကနေ သိုးနဲ့ ဆိတ်အရှင်တွေ တင်ပို့ခွင့်ကို မလေးရှားအစိုးရက ခွင့်ပြုပေးခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ တင်ပို့ရေးလုပ်ငန်းစဉ်အတွက် လိုက်နာဆောင်ရွက်ရမယ့် ကျန်းမာရေးလိုအပ်ချက် အစီအမံတွေနဲ့ မြန်မာအစိုးရက ထုတ်ပေးတဲ့ တိရစ္ဆာန်ကျန်းမာကြောင်း လက်မှတ်မူကြမ်းကို မလေးရှားအစိုးရထံ ပေးပို့ပြီး အတည်ပြုချက်ရယူခြင်းတွေကို ဇွန်နှင့် ဇူလိုင်လတွေမှာ ဆောင်ရွက်ခဲ့ရာ နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ တင်ပို့မယ့်သူတွေအနေဖြင့်သက်ဆိုင်ရာနိုင်ငံ၏ အစိုးရဌာနအဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ပြီး အချက်အလက်ပြည့်စုံသည့် ကုန်အမှာ လက်ခံရရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။ ဆိတ်အရှင် တင်သွင်းသူမှ လျှောက်ထားလာတဲ့ နေရာအပေါ် မူတည်ပြီး တိရစ္ဆာန်စုဆောင်းရပ်ကို စိစစ်သတ်မှတ်သွားမှာဖြစ်ပြီး ကျန်းမာရေးလိုအပ်ချက် အစီအမံတွေများနှင့် အညီ ရောဂါ (၈) မျိုး စစ်ဆေးခြင်း၊ ခွာနာလျှာနာရောဂါ...

Post
ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ထောပတ်သီး သုံးမျိုးအနက် ဗီယက်နမ်မျိုး ထောပတ်သီး ဈေးကောင်းရ

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ထောပတ်သီး သုံးမျိုးအနက် ဗီယက်နမ်မျိုး ထောပတ်သီး ဈေးကောင်းရ

ရွှေမန်း ပြည်တွင်း၌ ထောပတ်သီး စိုက်ပျိုးသည့် ဗီယက်နမ်မျိုးဖြစ် သော (၀၃၄) ထောပတ်သီးမှာ တစ်ကီလိုလျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်ဖြင့် ဈေးကောင်းရနေ ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း အတွင်းရေးမှူးက ပြောသည်။ စက်တင်ဘာလတွင် အမရာ ထောပတ်သီးမျိုးနှင့် ဘာဂေးနီးယား မျိုးထောပတ်သီးများ ဈေးကွက်သို့ စတင် ဝင်ရောက်လာပြီဖြစ်ပြီး Hass မျိုးထောပတ်သီးမှာ အောက်တိုဘာလကုန်လောက်တွင် ပေါ်မည်ဖြစ်သည်ဟု ဆိုသည်။ “ ၁၂ ရာသီစားသုံးနိုင်ဖို့ ထောပတ်သီးစားနိုင်အောင် အသီး ပေါ်ချိန်မတူတဲ့ ပြည်ပမျိုးတွေ ဖြစ်တဲ့ ဗီယက်နမ်မျိုး (၀၃၄) ထောပတ်နဲ့ ထိုင်းမျိုး-ဘာဂေးနီး ယားထောပတ်ပင်တွေ စိုက်ကြ တယ်။ ၀၃၄ ထောပတ်က အခုမှ စပေါ်တာဆိုတော့ ဈေးက ရှေ့...

Post
မိုးဖရဲစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရ

မိုးဖရဲစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရ

ရွှေမန်း မိုးဖရဲစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ အား ထားရောင်းချနေရကြောင်း  ဖရဲ စိုက်တောင်သူများထံမှ သိရသည်။ လက်ရှိ မိုးဖရဲစိုက်တောင်သူ များစိုက်ပျိုးထွက်ရှိသည့် ဖရဲသီး များကို ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ခြင်းမရှိသေးဘဲ ရန်ကုန်၊ နေပြည်တော်၊ ဘားအံ၊ မော်လမြိုင် ဈေးကွက်များကိုသာ တင်ပို့ ရောင်းချနေရကြောင်း၊ ထိုသို့ တင်ပို့ ရောင်းချရာတွင်လည်း သယ်ယူ ပို့ဆောင်စရိတ်များ ကြီးမြင့်နေ သောကြောင့် တောင်သူများ အကျိုးအမြတ် ရရှိသင့်သလောက် မရှိကြောင်း ဖရဲကုန်သည် ဦးသစ္စာ က ပြောသည်။ “ လက်ရှိ မိုးတွင်းကာလ ဖြစ်လို့ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်မှု မရှိသေးပါဘူး။ အသီးကားတွေ တိုက်ရိုက်မသွားနိုင်သေးတော့ ဘားအံကနေတစ်ဆင့် ကားလေး တွေနဲ့ ပြန်သယ်နေရတယ်။အသီး ကားတွေက ရက်ကြာလို့မရ တော့ ထိုင်းနိုင်ငံက...

Post
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ

ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ

 ရွှေမန်း   ပြည်တွင်းဒေါ်လာဈေး တည်ငြိမ်နေပြီး ငွေဈေးကျဆင်း နေသောကြောင့် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဆက်လက် ဈေးကျ ဆင်းနေကြောင်း ပဲ၊နှမ်းကုန်သည် များထံမှ သိရသည်။ ပြည်တွင်းဒေါ်လာဈေးမှာ သီတင်းတစ်ပတ်ခန့်ကျဈေးဖြင့် တည်ငြိမ်နေရာ စက်တင်ဘာ ၄ ရက်နေ့တွင် ဝယ်ရောင်းဈေး အမေ ရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၆၀၀ ဝန်းကျင် ပြင်ပပေါက်ဈေး ရှိနေပြီး  ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဆက် လက်ဈေးကျဆင်းလာခြင်း ဖြစ် သည်။ မန္တလေးပဲ၊ နှမ်းကုန်စည်ဒိုင် တွင် ပွဲစားကုန်သည်များ အရောင်း အဝယ် ငွေပေးချေမှု၊ တင်ပို့စရိတ် များနှင့် ရက်ကြာမြင့်မှုများကြောင့် အရောင်းအဝယ်တစ်ခုနှင့်တစ်ခု လုပ်ငန်းပြီးမြောက်မှု နှေးလာ သောကြောင့်လည်း ဈေးကွက်တစ်  ခုလုံးခပ်အေးအေး ဖြစ်နေသည်။ ဒေါ်လာငွေဈေးအကျနှင့် တည်ငြိမ်နေသလို အရောင်း...

Post
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ

ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ

ရွှေမန်း ပြည်ပမှ ဝယ်လိုအားကောင်း သောကြောင့် ပို့ကုန်ပဲများ စံတင် ဈေးကောင်းရရှိလာကြောင်း ပဲကုန်  သည်များထံက သိရသည်။ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ တို့မှာအိန္ဒိယနိုင်ငံ၏ဝယ်လိုအား ကောင်းလာခြင်းနှင့် ပြည်တွင်း လက်ကျန်ပဲနည်းလာသောကြောင့်  စက်တင်ဘာ  ၁ ရက်တွင် ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀၀ အထိ စံချိန်တင်ဈေး မြင့်တက်လာပြီး တစ်ပတ်အတွင်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ နီးပါးဈေးမြင့်လာခြင်းဖြစ်ကြောင်း၊  FOB ဈေးနှုန်းများလည်း မြင့် တက်လာတာကြောင့်လည်း ယခု လိုပို့ကုန်ပဲများ စံချိန်တင်ဈေး ကောင်းရရှိလာခြင်းဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း  ရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်က ပြောသည်။“ ပို့ကုန်ပဲတွေက အိန္ဒိယ ဝယ်လိုအားကောင်းလာသလို FOB ဈေးမြင့်တက်လာတော့ ပြည်တွင်း ပဲဈေးကွက်မှာလည်း...

Post
16339

တစ်နှစ်ပတ်လုံး ဝင်ငွေရရှိရန်ချဉ်ပေါင်ကို စီးပွားဖြစ် စိုက်ပျိုး ရွှေမန်း စားဖိုဆောင်သီးနှံ စိုက်ပျိုး ရေးတွင် တစ်နှစ်ပတ်လုံးဈေးကွက် အတွင်း ရောင်းချနိုင်အောင် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ချဉ်ပေါင်ကို စီးပွားဖြစ် စိုက်ပျိုး ကြကြောင်း တောင်သူများထံက သိရသည်။ တောင်သူများအနေဖြင့် ရာသီကောက်ပဲသီးနှံ၊ နွေစပါး၊ မိုးစပါး အပြင် နေ့စဉ်ဝင်ငွေ ရရှိ ရေးအတွက် ရာသီသီးနှံများကို ဈေးကွက်အလိုက် စဉ်ဆက်မပြတ်  စိုက်ပျိုးရောင်းချလျက်ရှိသည်။ ယခုရက်ပိုင်းများတွင် ဧရာ၀တီမြစ်အတွင်းရှိ ကျွန်းရွာ များ ရေကြီးမှုမှ ပြန်လည်ရေကျ ဆင်းချိန်ဖြစ်သောကြောင့် စိုက်ပျိုး ရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ယင်းအချိန်များတွင် ကုန်း ပေါ်၌ စိုက်ပျိုးသည့် ချဉ်ပေါင် အပါအဝင် စားဖိုဆောင်သီးနှံများ ဈေးအနည်းငယ်မြင့်တက်လေ့ရှိ သည်။ ဩဂုတ်လဆန်းပိုင်း ကတည်းက ချဉ်ပေါင်ရွက်...

Post
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်

စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်

ရွှေမန်း  စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှု များဖြစ်ပေါ်လာနိုင်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွက် လပတ်မိုးလေ၀သခန့် မှန်းချက်အနေဖြင့် ဘင်္ဂလားပင် လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။  အနောက်တောင်မုတ်သုံ လေသည် စက်တင်ဘာ ၁၅ ရက် မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှလည်း ကောင်း၊ စက်တင်ဘာ ၂၁ မှ ၂၆  ရက်အတွင်း မြန်မာနိုင်ငံအလယ် ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ ၂၇ မှ အောက်တို ဘာ ၂ ရက်အတွင်း မြစ်၀ကျွန်း ပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာနိုင်ဖွယ်ရှိသည်။ စက်တင်...