ပြည်တွင်းမှ ပြောင်းတန်ချိန် ၁သန်းကျော်ကို သုံးလအတွင်း ပြည်ပသို့တင်ပို့ ရွှေမန်း ပြည်တွင်းမှ ထွက်ရှိသော ပြောင်းများကို ပြည်ပသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရနေပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီမှ ဇွန်လထိ ပထမသုံးလအတွင်းပြောင်းတန်ချိန် ၁ သန်းကျော်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ပြောင်းကို တရုတ်နှင့် ထိုင်းမှ အများဆုံးဝယ်ယူလျက်ရှိပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများမှ တင်ပို့နေခြင်းဖြစ်သည်ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။ “ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေက တဆင့်တင်ပို့နေသလို ထိုင်းနိုင်ငံကို တင်ပို့ရာမှာ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းကလည်း တင်ပို့တယ်။လက်ရှိမှာ အိန္ဒိယဘက်က မြန်မာ့ပြောင်းကို ဝယ်နေတော့ ဈေး ကောင်းရတဲ့ အနေအထားမှာရှိတယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်း ပြောင်းဈေးများမှာ ပြည်ပဝယ်လိုအားကောင်းသောကြောင့် ဈေးမြင့်တက်လာရာ...
FlashNews:
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ
ကောင်းဇော် ပေါင်းနှုတ်ထားပြီးကာစ နှမ်းပင်ပျိုတွေက အလှပြင်ဆိုင်က ထွက်လာတဲ့ အပျိုပေါက်တသိုက်လို ယိမ်းသွဲ့ ပျော်မြူးသံလေးတွေ တလွင်လွင်နဲ့ ယာခင်းတွေထဲမှာ လှုပ်ခတ်ဆော့ကစားနေကြတယ်။ အပင်သန်ဆေးတွေ ပက်ဖြန်းထားတော့ နံသာရည်တွေလူးထားတဲ့ ငယ်ရွယ်သူတွေကို အားမာန်ထပ်ဖြည့်ထားသလိုဖြစ်နေတယ်။“မိုးက လိုနေတယ်။ အရမ်းကို လိုနေတာ။ ငါယာတင် ငါ့ရွာတင် လိုနေတာ မဟုတ်ဘူး။ တနယ်လုံး လိုနေတာ။ နောက်တပတ်မှ မရွာရင် တနယ်လုံး အထွက်ဆုတ်ပြီး ဒုက္ခ အကုန်ရောက်ပြီ”လို့ မကွေး အရှေ့ဘက်ရွာကြီးတရွာက တောင်သူကြီး တဦးက သူ့နှမ်းပင်ပျိုတွေကို ပြရင်း မျှော်လင့်ချက် အကြီးကြီးကို စိုးရိမ်စိတ်လွန်ကဲတဲ့ လေသံနဲ့ ရှင်းပြတယ်။“မျှော်လင့်တာပေါ့”လို့ အတော်ကြာနေပြီဖြစ်တဲ့ မရွာနိုင်အားတဲ့ မိုးကို မျှော်ရင်းပြောတယ်။မိုးအများကြီး မရွာလဲ ရေပါတဲ့မိုး ရက်ရှည်ရှည် ရွာဖို့လိုတယ်။ အခုတခါတလေ ရွာတဲ့ မိုးက ကွက်ကြားမိုးသာ ရွာတာဖြစ်တယ်လို့...
ပြည်တွင်းဖရဲစိုက်တောင်သူများ အရည်အသွေးကောင်းဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုးလာ ရွှေမန်း ပြည်တွင်းဖရဲစိုက်တောင် သူများအနေဖြင့် ယခင်တရုတ် နိုင်ငံတင်သွင်းသည့် ဖရဲမျိုးများ ကို စိုက်ပျိုးခြင်းမရှိတော့ဘဲ အရည်အသွေးကောင်းကိုရီးယား ဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုး လာကြောင်း တောင်သူများထံက သိရသည်။ ယခင်က တရုတ်နိုင်ငံမှ အရည်အသွေးညံ့ ဖရဲမျိုးများကို စိုက်ပျိုးသဖြင့် စိုက်ပျိုးစရိတ်ကြီး မြင့်မှုနှင့်အထွက်နှုန်းအရည်အသွေး ကျဆင်းမှုများကြောင့် တောင်သူများ အရှုံးပေါ်ခဲ့ကြသည်။ ယခုအခါ ကိုရီးယားနိုင်ငံမှ တင်သွင်းသည့် ဖရဲမျိုးများကို ပြောင်းလဲစိုက်ပျိုးလာရာ စိုက်ပျိုး စရိတ်လျော့ချနိုင်ခြင်း အရည် အသွေးကောင်း အသီးထွက်နှုန်း မြင့်မားသည့် ကိုရီးယားဖရဲမျိုး များကို ပြည်တွင်းတောင်သူများ ပြောင်းလဲစိုက်ပျိုးလာရာ ဈေးကွက် အတွင်း ဈေးကောင်းရရှိနေကြောင့် ဖရဲစိုက်ပျိုးရောင်းဝယ်ထုတ်လုပ် နေသူ ဦးသစ္စာက ပြောသည်။ “ တရုတ်နိုင်ငံကထုတ်လုပ် တဲ့ မျိုး စေတွေ့က OP...
(၈)ကြိမ်မြောက် နိုင်ငံတကာ သကြားညီလာခံ မြန်မာနိုင်ငံသကြားအသင်း တာဝန်ရှိသူများ တက်ရောက်မည်
ရွှေမန်း (၈)ကြိမ်မြောက် နိုင်ငံတကာ သကြားညီလာခံသို့ မြန်မာနိုင်ငံ သကြားအသင်း တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။ (၈)ကြိမ်မြောက်နိုင်ငံတကာ သကြားညီလာခံကို ဗီယက်နမ် နိုင်ငံတွင် စက်တင်ဘာ ၁၆-၁၉ ရက်အတွင်း ကျင်းပမည်ဖြစ်ရာ သကြားနှင့်ပေါင်းစပ်နည်းပညာ ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင် ပညာရှင်များအသင်းနှင့် သကြား သုတေသနနှင့်မြှင့်တင်ရေးအသင်း တို့သည် ခံနိုင်ရည်ရှိ၍ ရေရှည် တည်တံ့နိုင်သော ကမ္ဘာ့သကြား နှင့်ဇီ၀စွမ်းအင် စက်မှုလုပ်ငန်း-အာဆီယံသကြားကို အသွင်ပြောင်း ခြင်း Quy Nhon-Vietnam ရှိ ကဏ္ဍ၊ ISC 2024 သည်ကမ္ဘာ တစ်ဝန်းမှ သက်ဆိုင်သူအားလုံး ကို ပေါင်းစည်းခြင်းဖြင့် ခမ်းနား သော အခွင့်အလမ်းတစ်ခုနှင့် တက်ကြွသောပလက်ဖောင်းတစ် ခုကို ပေးဆောင်မည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ပါရှိသည်။ ဆွေးနွေးပွဲသို့ သကြား၊ အီသနောနှင့်...
စပါးစိုက်တောင်သူများအတွက် ပြင်ပ ဈေးနှုန်းထက် သက်သာစွာဖြင့် ဓာတ်မြေသြဇာအိတ် ၃၁၀၀၀ ကျော် ဖြန့်ဖြူး ရောင်းချပေးထား
ရွှေမန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ဧကများအတွက် သွင်းအားစုများပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ် ၃၁၀၀၀ ကျော် ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ အဆိုပါ တောင်သူများ၏ စပါးစိုက်ဧကများအတွက် အပင်၏အဟာရ ဓာတ်များပြည့်ဝစွာသုံးစွဲနိုင်ရန် ယူရီးယားဓာတ်မြေသြဇာများကို ဈေး နှုန်းသက်သာစွာဖြင့် စိုက်ပျိုးရေးတောင်သူများကို ဖြန့်ဖြူးရောင်းချပေး သွားရန် စီစဉ်ထားရှိကြောင်း၊ ရောင်းချပေးပြီးသည့် စပါးစိုက်ဧကများ အတွက် အိတ်ပေါင်း ၃၁၀၀၀ ကျော်အိတ်တို့ကို ဖြန့်ဖြူးရောင်းချပေး ထားကြောင်း သိရသည်။ ” ပြည်ပကတင်သွင်းတဲ့ မြေသြဇာတွေ ဈေးနှုန်းတွေကြီးမြင့်တဲ့ အ တွက် ပြည်တွင်းမှာ ထုတ်တဲ့စက်ရုံတွေက ဖြန့်ဝေရောင်းချပေးတာ ကြောင့် တောင်သူတွေ သက်သာသောနှုန်းထားနဲ့ရမယ်။ အရေးကြီး နေတဲ့ ဆန်၊ စပါးထုတ်လုပ်မှုတိုးတက်ဖို့နဲ့ ဆီထွက်သီးနှံတွေ တိုး...