Home 2024 August

Month: <span>August 2024</span>

Post
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ

ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ

ရွှေမန်း ဇူလိုင်လကုန်ပိုင်းကတည်း က နှမ်းမျိုးစုံဈေးတဖြည်းဖြည်း မြင့်တက်လာရာ နှမ်းနက်(စမုန်) တစ်အိတ်လျှင် ငွေကျပ် ၆၈၀၀၀၀ ကျော်ထိ စံချိန်တင်ပေါက်ဈေးဖြစ်လာသည်။ ဩဂုတ် ၁၅ ရက်တွင် နှမ်း နက်နှင့်နှမ်းဖြူတို့ကို ပြည်ပဝယ် ယူမှုများရှိနေပြီး အက်ဆစ်လွတ်  နှမ်းတွေကတော့ ဈေးကောင်းရရှိ နေကြောင်း ဆောင်းနှမ်းလက်ကျန်  ဈေးကွက်ထဲ နည်းလာပြီး နွေနှမ်း များ အရောင်းအဝယ်ကောင်းနေ ကြောင်း နှမ်းကုန်သည်တစ်ဦးက ပြောသည်။  “ နှမ်းက  ဆီလိုအပ်ချက် ကြောင့် ပြည်တွင်းဆီစက်တွေက ဝယ်ယူသလို ပို့ကုန်သမားတွေ ကလည်း ဈေးကို စောင့်ကြည့် ဝယ်ယူနေလို့ တဖြည်းဖြည်း ဈေး မြင့်တက်လာပါတယ်။ ငွေဈေးကို ကြည့်ပြီး ပစ္စည်းဝယ်ယူထားကြ တဲ့သဘောမျိုးနဲ့ ဝယ်ယူနေကြ တာပါ။ ဆောင်းနှမ်းက လက်ကျန် နည်းတော့ အသစ်ဝင်...

Post
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ

အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ

ရွှေမန်း အသစ်ဝင် မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာ ကြောင့် ဈေးအနည်းငယ်ကျဆင်း လာကြောင်း ပဲ၊ နှမ်းကုန်သည် များထံမှ သိရသည်။ ပဲ၊ နှမ်းဈေးကွက်အတွင်း ပို့ကုန်ပဲများအပါအဝင် ပြည်တွင်း သုံးကုလားပဲအုပ်စု အမြင့်ဆုံးဈေး များ ရောက်ရှိခဲ့ပြီး နိုင်ငံခြားငွေဈေး ကျဆင်းမှုနှင့်အတူ အနည်းငယ် ပြန်လည်ကျဆင်းသွားရာ ပဲအမျိုး အစားအလိုက် အနည်းငယ်ကျ ဆင်းသွားသော်လည်း လက်ကျန် မြေပဲဆံ အဟောင်းများမှာ တစ်ပိဿာ ငွေကျပ် ၁၁၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ ဩဂုတ်လတတိယသီတင်း ပတ်အစတွင် ဈေးမြင့်တက်နေ သည့် မြေပဲဆံအနည်းငယ် ကျဆင်းသွားကြောင်း တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော် ပေါက် နေသည့် မြေပဲဆံမှာ အသစ်ဝင် ရောက်မှုများရှိလာတာကြောင့် မြေပဲဆံအသစ်များမှာ ဈေး အနည်းငယ်ကျဆင်းသွားကြောင်း၊ ပြည်တွင်းနှမ်းမျိုးစုံမှာလည်း...

Post
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ

မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ

ရွှေမန်း  မန္တလေးဈေးကွက်တွင် လက်ကျန်နည်းလာသည့် မြေပဲ ဆန် ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၉၈၀၀ ထိ ပေါက်ဈေးဖြစ်လာကြောင်း ကုန် သည်များထံက သိရသည်။ ပြည်တွင်းသို့ စားအုန်းဆီ တင်သွင်းမှု လျှော့ချထားတာ ကြောင့် မြေပဲဆီသုံးစွဲမှုမြင့်မား လာသလို ဈေးကွက်အတွင်း မြေပဲလက်ကျန် နည်းလာတာ ကြောင့်လည်း တဖြည်းဖြည်း ဈေးမြင့်တက်နေသည့် မြေပဲဆန် မှာ ဩဂုတ်လဆန်းပိုင်းတွင် တစ်ပိဿာ ငွေကျပ် ၉၈၀၀ထိ ပေါက်ဈေးဖြစ်လာသလို ဆက် လက် ဈေးမြင့်တက်နိုင်ကြောင်း ပဲကုန်သည်တစ်ဦးက သုံးသပ် ထားသည်။ “ ပြည်တွင်းဆီစက်ပိုင်များ ဆီကြိတ်အားကောင်းနေတာနဲ့ လက်ကျန်မြေပဲကလည်း နည်း နေတော့ မြေပဲဆန်ဈေးက တစ် ပိဿာ ငွေကျပ် ၉၈၀၀ ထိ မြင့်တက်လာပါတယ်။ အသစ် ဝင်...

Post
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ

ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ

ရွှေမန်း ဗဟိုဘဏ်၏ ပို့ကုန်ရငွေ မူဝါဒအပြောင်းအလဲကြောင့် ပို့ ကုန်ပဲများ အနည်းငယ် ဈေးမြင့် တက်လာကြောင်း ပဲ၊နှမ်းကုန် သည်များထံမှ သိရသည်။ ဗဟိုဘဏ်၏ ပို့ကုန်မူဝါဒ ၂၅ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း သက်မှတ်ချက်ကြောင့် မတ်ပဲနှင့် ပဲစင်းငုံ အရောင်းအဝယ်မှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀၀၀၀ခန့် ဈေးမြင့်တက်လာ ကြောင်း၊ ပြည်တွင်းသုံး ကုလား ပဲ အုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးငြိမ်လျက် ရှိနေကြောင်း ပြည်တွင်းဆီစက်ပိုင်များ၏  ဝယ် လိုအား ကောင်းနေတာကြောင့် နှမ်းမျိုးစုံနှင့်မြေပဲဆန်မှာ ဝယ်လို အားကောင်း ဈေးမြင့်တက်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။  “ ပို့ကုန်ရငွေအပေါ် မူဝါဒ အပြောင်းအလဲ သတ်မှတ်ချက် ကြောင့်...

Post
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်

ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်

ရွှေမန်း ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း မှာရရှိသည့် ပို့ကုန်ရငွေမှ ယခင် ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင် နှုန်းသို့ မြန်မာငွေလဲလှယ်ရန် ဗဟိုဘဏ်က  သတ်မှတ်လိုက်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉၊ ပုဒ်မ(ခ)အရ  အပ်နှံထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာ အား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ပို့ကုန်တင်ပို့သူများ ပို့ကုန် တင်ပို့ခြင်းမှရရှိသည့်  ပို့ကုန်ရငွေ ပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့် ကြော်ငြာစာအမှတ်(၁၂/၂၀၁၂)  သတ်မှတ်ရည်ညွှန်းချက်အတိုင်း  မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင် ရွက်ရန်ဖြစ်ကြောင်း (၆-၁၂-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၂၃)ဖြင့် ပြင်ဆင် သတ်မှတ်ခဲ့သည်။ ယခုအခါ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏...

Post

ထိုင်းနိုင်ငံဈေးကွက်နှင့် ပြည်တွင်းဈေးကွက် ကိုတင်ပို့ရန် ရည်ရွယ်စိုက်ပျိုးနေ

ရွှေမန်း  ထိုင်းနိုင်ငံဈေးကွက်နှင့် ပြည်တွင်းဈေးကွက်ကို တင်ပို့ရန် ရည်ရွယ်စိုက်ပျိုးနေကြောင်း ဖရဲစိုက်တောင် သူများထံက သိရသည်။ ယခင်က တရုတ်နိုင်ငံသို့ တင်ပို့ရန် စိုက်ပျိုးကြသော်လည်း ဆုံးရှုံးမှုများနှင့် တင်ပို့မှုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ယခုအခါ ထိုင်းစျေးကွက်နှင့် ပြည်တွင်း စျေးကွက် အတွက် စိုက်ပျိုးနေခြင်းဖြစ်သည်။ ယခင်ကထက် ဖရဲစိုက်ဧကများလျော့ကျစိုက်ပျိုးနေခြင်းဖြစ်ရာ ပြည်တွင်းစျေးကွက် တွင်လည်း စားသုံးမှုအားကောင်းသည့်စျေးကွက် ဖြစ်နေတာကြောင့် စျေးကောင်းရရှိနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မိုးဖရဲ စိုက်ပျိုးရာသီချိန်ဖြစ်တာကြောင့် တောင်သူများ စတင်စိုက်ပျိုးလျက် ရှိသလို ဆောင်းရာသီတွင် စိုက် ပျိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ ဖရဲစိုက်တောင် သူများအနေဖြင့် တရုတ်ဈေးကွက် သို့ မတင်ပို့တော့ဘဲ ပြည်တွင်း ဈေးကွက်နှင့် ထိုင်းဈေးကွက်သို့ တင်ပို့ရန် စိုက်ပျိုးလျက်ရှိကြောင်း၊ ထို့သို့ စိုက်ပျိုးရာတွင် ယခင် စိုက်ပျိုးလေ့ရှိသည့် အလုံးကြီး ၈၅၅ မျိုးတွေကို...

Post
မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ

မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ

ကောင်းဇော် ပေါင်းနှုတ်ထားပြီးကာစ နှမ်းပင်ပျိုတွေက အလှပြင်ဆိုင်က ထွက်လာတဲ့ အပျိုပေါက်တသိုက်လို ယိမ်းသွဲ့ ပျော်မြူးသံလေးတွေ တလွင်လွင်နဲ့ ယာခင်းတွေထဲမှာ လှုပ်ခတ်ဆော့ကစားနေကြတယ်။ အပင်သန်ဆေးတွေ ပက်ဖြန်းထားတော့ နံသာရည်တွေလူးထားတဲ့ ငယ်ရွယ်သူတွေကို အားမာန်ထပ်ဖြည့်ထားသလိုဖြစ်နေတယ်။“မိုးက လိုနေတယ်။ အရမ်းကို လိုနေတာ။ ငါယာတင် ငါ့ရွာတင် လိုနေတာ မဟုတ်ဘူး။ တနယ်လုံး လိုနေတာ။ နောက်တပတ်မှ မရွာရင် တနယ်လုံး အထွက်ဆုတ်ပြီး ဒုက္ခ အကုန်ရောက်ပြီ”လို့ မကွေး အရှေ့ဘက်ရွာကြီးတရွာက တောင်သူကြီး တဦးက သူ့နှမ်းပင်ပျိုတွေကို ပြရင်း မျှော်လင့်ချက် အကြီးကြီးကို စိုးရိမ်စိတ်လွန်ကဲတဲ့ လေသံနဲ့ ရှင်းပြတယ်။“မျှော်လင့်တာပေါ့”လို့ အတော်ကြာနေပြီဖြစ်တဲ့ မရွာနိုင်အားတဲ့ မိုးကို မျှော်ရင်းပြောတယ်။မိုးအများကြီး မရွာလဲ ရေပါတဲ့မိုး ရက်ရှည်ရှည် ရွာဖို့လိုတယ်။ အခုတခါတလေ ရွာတဲ့ မိုးက ကွက်ကြားမိုးသာ ရွာတာဖြစ်တယ်လို့...