Home 2024 July

Month: <span>July 2024</span>

Post
ပြည်တွင်း မြေပဲနှင့်  မြေပဲဆီဈေး အမြင့်ဈေးတွင် ရှိနေ

ပြည်တွင်း မြေပဲနှင့်  မြေပဲဆီဈေး အမြင့်ဈေးတွင် ရှိနေ

ရွှေမန်း ပြည်တွင်းမြေပဲနှင့် မြေပဲဆီ ဈေးကွက်သည် အမြင့်ဈေးတွင် ရှိနေပြီး မန္တလေးဈေးကွက်တွင် သာ  လက်ကျန်ပစ္စည်းရှိတော့ ရာ တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ အထိ ပေါက်ဈေး ရှိလာ သည်။ အဓိက မြေပဲလက်ကျန် နည်းပါးလာခြင်း ပြည်တွင်းဆီ စက်ပိုင်များ၏ ဝယ်လိုအားကောင်း နေခြင်းကြောင့် မြေပဲဆန်မှာ အမြင့် ဈေးတွင်ရှိနေခြင်း ဖြစ်သည်။ “ ဧပြီလဆန်းပိုင်းက ထွက်ရှိ ထားသည့် မြေပဲများနှင့် ကျွန်း မြေပဲများ လက်ကျန်နည်းပါးလာ ပါပြီ။ တချို့လည်း မရောင်းသေး ဘဲ မြေပဲအတောင့်လိုက် လှောင် ထားသူတွေကတော့ အခုချိန် အကျိုးအမြတ်များပါတယ်။ မြေပဲ ပေါ်ပေါ်ချင်းရောင်းတဲ့ တောင်သူ တွေကလည်း ဈေးကောင်းရခဲ့ ပါတယ်´´ ဟု မြေပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။...

Post
မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ

မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ

ကောင်းဇော် ပေါင်းနှုတ်ထားပြီးကာစ နှမ်းပင်ပျိုတွေက အလှပြင်ဆိုင်က ထွက်လာတဲ့ အပျိုပေါက်တသိုက်လို ယိမ်းသွဲ့ ပျော်မြူးသံလေးတွေ တလွင်လွင်နဲ့ ယာခင်းတွေထဲမှာ လှုပ်ခတ်ဆော့ကစားနေကြတယ်။ အပင်သန်ဆေးတွေ ပက်ဖြန်းထားတော့ နံသာရည်တွေလူးထားတဲ့ ငယ်ရွယ်သူတွေကို အားမာန်ထပ်ဖြည့်ထားသလိုဖြစ်နေတယ်။“မိုးက လိုနေတယ်။ အရမ်းကို လိုနေတာ။ ငါယာတင် ငါ့ရွာတင် လိုနေတာ မဟုတ်ဘူး။ တနယ်လုံး လိုနေတာ။ နောက်တပတ်မှ မရွာရင် တနယ်လုံး အထွက်ဆုတ်ပြီး ဒုက္ခ အကုန်ရောက်ပြီ”လို့ မကွေး အရှေ့ဘက်ရွာကြီးတရွာက တောင်သူကြီး တဦးက သူ့နှမ်းပင်ပျိုတွေကို ပြရင်း မျှော်လင့်ချက် အကြီးကြီးကို စိုးရိမ်စိတ်လွန်ကဲတဲ့ လေသံနဲ့ ရှင်းပြတယ်။“မျှော်လင့်တာပေါ့”လို့ အတော်ကြာနေပြီဖြစ်တဲ့ မရွာနိုင်အားတဲ့ မိုးကို မျှော်ရင်းပြောတယ်။မိုးအများကြီး မရွာလဲ ရေပါတဲ့မိုး ရက်ရှည်ရှည် ရွာဖို့လိုတယ်။ အခုတခါတလေ ရွာတဲ့ မိုးက ကွက်ကြားမိုးသာ ရွာတာဖြစ်တယ်လို့...

  • 1
  • 2
  • 5