Month: <span>May 2024</span>

Post
ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး အသစ်ဝင်အညာမြေပဲဆန် အရောင်းအဝယ်ကောင်းနေ  

ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး အသစ်ဝင်အညာမြေပဲဆန် အရောင်းအဝယ်ကောင်းနေ  

ရွှေမန်း  ပြည်တွင်းသုံး ကုလားပဲ အုပ်စု ဈေးကျဆင်းနေပြီး အသစ် ဝင် အညာမြေပဲဆန်များသာ အရောင်းအဝယ်ကောင်းနေကြောင်း ပဲ ကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးကုလာပဲအုပ်စု မှာ ပို့ကုန်တင်ပို့နိုင်ခြင်းရှိမှသာ ဈေးပြန်ကောင်းလာနိုင်ကြောင်း ပဲကုန်သည်များ သုံးသပ်ထား သည်။  ပြည်တွင်းစက်ပိုင်များက အညာဒေသထွက် အသစ်ဝင် မြေပဲဆန်များကို ဆီထွက်နှုန်း မြင့်မားတာကြောင်း အဝယ်ကောင်း နေသော်လည်း ဈေးမြင့်တက်  ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေ သည်။ လက်ရှိအချိန်တွင် ပို့ကုန်ပဲ များ သင်္ဘောတင်ပို့မှု အခြေအနေ ကိုမူတည်ကာ ဈေးနှုန်း အတက် အကျဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လက်ရှိ မှာ ပို့ကုန်သွားရင် ဈေးနှုန်း တက်နိုင်ပေမယ့် ဒီရက်ပိုင်း ဈေး ကျဆင်းနေကြောင်း အလားတူ ပို့ကုန်မသွားနိုင်ရင် ကုလားပဲ အုပ်စုလည်း ဈေးကျဆင်းမှာမည်။ပို့ကုန်ကလည်း ဒီနေ့ မသွားသေး...

Post
8202

မြန်မာနိုင်ငံမှ ပြောင်းများ ကို အိန္ဒိယနိုင်ငံသို့ ဈေးကွက် အသစ်အဖြစ် ပထမဦးဆုံး တင်ပို့ လျက်ရှိ ရွှေမန်း  ယခုနှစ် ၂၀၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ ပြောင်းများ ကို အိန္ဒိယနိုင်ငံသို့ ဈေးကွက် အသစ်အဖြစ် ပထမဦးဆုံး တင်ပို့ လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာဖြိုး ကိုကိုနိုင်က ပြောသည်။ “ အများဆုံးက ရှမ်းပြည် ပြောင်းကို တင်ပို့ပြီး ဧရာ၀တီ ပြောင်းထွက်ချိန်ဆိုရင် ဧရာ၀တီ ပြောင်းတွေကိုလည်း တင်ပို့ပါ တယ်။  အခုဆိုရင် ဝယ်လက် အသစ်ဖြစ်တဲ့ အိန္ဒိယကလည်း ဝယ်ယူလာပါတယ်။၂ လအတွင်း မှာ သင်္ဘော ၁၀ စီးစာ တန်ချိန် တစ်သိန်းနီးပါးလောက် ဝယ်ယူ ထားပါတယ်။...

Post
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဓိကထား အသုံးပြု၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဓိကထား အသုံးပြု၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်

ရွှေမန်း မြန်မာ့ကော်ဖီကို လက်ရှိ ဈေးကွက်အပြင် ဈေးကွက်အသစ် သို့ တင်ပို့ရောင်းနိုင်ရန် အဆိုပြု ဖိတ်ခေါ်လာတာကြောင့် ပြည်တွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို မြှင့် တင်နိုင်ရန် ဆောင်ရွက်သွားမည်  ဖြစ်သည်။   လက်ရှိမှာ Arabica ကော်ဖီ ဧက ၄၀၀၀၀ ခန့်နှင့် Robusta ကော်ဖီဧက ၁၀၀၀၀ ခန့် စိုက်ပျိုး လျက်ရှိရာ နှစ်စဉ်ကော်ဖီတန်ချိန်  ၅၀၀၀ ကျော်ကို ပြည်ပသို့တင်ပို့ နေသည်။ ကမ္ဘာပေါ်မှာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ မှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံ တင်ပို့လျက်ရှိရာ မြန်မာ့ ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်းမှာ ထိပ်တန်း အဆင့်မြင့်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ နာမည်ကောင်းရရှိ နေတာဖြစ်သည်။ကော်ဖီသည် ကမ္ဘာ့ဈေးကွက် မှာ ရောင်းသူပမာဏ ဒုတိယ...

Post
ပဲနှမ်းဈေးကွက်တည်ငြိမ်နေပြီး လိုအပ်သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေ  

ပဲနှမ်းဈေးကွက်တည်ငြိမ်နေပြီး လိုအပ်သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေ  

ရွှေမန်း  ဈေးကွက် အပြောင်းအလဲ  မရှိဘဲ ဈေးငြိမ်ငြိမ်ဖြင့် လိုအပ် သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေကြောင်း ပဲ ကုန်သည်များထံက သိရသည်။ပို့ကုန်ပဲများ ဈေးအနည်းငယ် ကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲများလည်း ဈေးတည်ငြိမ် နေသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးငြိမ်ငြိမ်လေးနှင့် လိုသလောက် သာဝယ်ယူနေသည့် ဈေးကွက် ဖြစ်နေတာကြောင်းလည်း ဈေး အတက်အကျ အပြောင်းအလဲ သိပ်မရှိဘဲ အရောင်းအဝယ်ဖြစ်နေ သည့် ဈေးကွက်ဖြစ်ကြောင်း  ပို့ကုန်ပဲများ အိန္ဒိယ၏အဝယ်နှင့် သင်္ဘောတင်အခြေအနေများ ကြောင့် အရောင်းအဝယ် အေးနေ ခြင်းဖြစ် ကြောင်းရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်ကပြောသည်။ “ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ကတော့ ခပ်ငြိမ်ငြိမ်နဲ့ လိုရောင်း လိုဝယ်ဈေးကွက်အနေအထားပဲ ရှိနေပါတယ်။ ကုလားပဲဈေးကွက် ကလည်း ဈေးအနယ်ငယ်ကျဆင်း နေပါတယ်။  ပို့ကုန်ပဲတွေလည်း ဈေးကျဆင်းနေပါတယ်။...

  • 1
  • 4
  • 5