Month: <span>May 2024</span>

Post
မတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက်ဈေးမြင့်တက်လာ

မတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက်ဈေးမြင့်တက်လာ

  ရွှေမန်း အသစ်ဝင်မြေပဲဆန်များ ဈေးကျဆင်းနေမတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စု ဆက်လက် ဈေးမြင့်နေကြောင်း ပဲကုန်သည် များထံကသိရသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးပြောင်းလဲမှုမရှိဘဲ အရောင်း အဝယ်ပုံမှန်သာရှိနေသည်။ ပြည်တွင်းသုံးကုလားပဲများ ဆက်လက်ဈေးမြင့်လာပြီး   ပို့ ကုန်ပဲများ  ဈေးအနည်းငယ်သာ မြင့်တက်နေကြောင်း၊ အသစ်ဝင် မြေပဲဆန်များ   အဝင်များ သလောက် အဝယ်ကောင်းနေရာ မိုးမိအရည်အသွေးကျလျှင် ဈေး ကျဆင်းသော်လည်း  ထိပ်စ အရည်အသွေးကောင်း မြေပဲဆန် များကို တရုတ်လိုင်း အဝယ် ကောင်းနေကြောင်း၊ တရုတ်နိုင်ငံ မှတင်သွင်းသည့် ကနေဒါ စား တော်ပဲမှာအဝင် မရှိတာကြောင့် ဈေးမြင့်လာကြောင်း  မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။...

Post
တိမ်ညိုတွေထဲက အနာဂတ်အဆင်

တိမ်ညိုတွေထဲက အနာဂတ်အဆင်

ကောင်းဇော် အညာဒေသအတွက် အနောက်တောင်က လာတဲ့မိုးရိပ်လေရိပ်ကြည့်ကာ စိုက်ရေးပျိုးရေးပြင်ရတာဖြစ်ပါတယ်။ တခါတခါ အရှေ့ဘက်ဆီက မုန်တိုင်းအဖျားကနေရလာမယ့် မိုးရိပ်လေရိပ်ကနေလည်း မိုးကို အားပြုနိုင်ပါတယ်။မကွေးအရှေ့ဘက် ရွာတရွာက တောင်သူကြီးတဦးက မိုးမရွာသေးပေမယ့် အခြောက်ကျဲ ကျဲထားတဲ့ သူ့ယာ ၇ ဧကလောက်ကို ဂျောင်းကြားလိုက်ပြီး နှမ်းပက်ကျဲ လိုက်ထားတယ်။ ၁၅ကြောင်းကြားမှာ ပဲစဉ်းငုံကို အတန်းလိုက်ချထားပြီး အဲ့တာတွေအပေါ်မှာ တုန်းကြမ်းလိုက်ထားတယ်လို့ ဆိုရင်း “မိုးရွာရင်တော့ အပင် ပေါက်လာမယ်။ မနှစ်က ပဲ၊ နှမ်းရထားတော့ မျိုးပေါလို့ စွန့်ရဲတာ”လို့ ပြောပါတယ်။ သူက မိုးရွာရင် အပြိုင်အဆိုင် ထွန်ကြမှာဆိုတော့ ထွန်စက်က ရဖို့မလွယ်ဘူး။ အများစုကတော့ အပင်ရှင်နိုင်တဲ့ မိုးရွာချိန်ကျမှ စိုက်ကြသူများတယ်လို့ သိရတယ်။သူက “ရာသီဥတုကြည့်ပြီးပြီ။ မုန်တိုင်းက ခုလကုန် ဝင်လာဖို့များတယ်။ မုတ်သုန်ကလည်း ခုလနောက်ဆုံးပတ် ဝင်မယ်တဲ့။...