Month: <span>May 2024</span>

Post
 ပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများ ဈေးမြင့်တက်လာ  

 ပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများ ဈေးမြင့်တက်လာ  

ရွှေမန်းပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်လာတတာနှင့်အတူ ပို့ ကုန်ပဲများ ဈေးမြင့်တက်လာ ကြောင်း  ပဲကုန်သည်များထံက သိရသည်။ လက်ရှိပြည်တွင်းရွှေဈေးမှာ မေ ၃၀ ရက်တွင် တစ်ကျပ်သား လျှင် ငွေကျပ် ၅၇၅၀၀၀၀ သိန်း ကျော်ပေါက်ဈေးဖြစ်လာပြီး သီတင်းပတ်အတွင်း ငွေကျပ်  သုံးသိန်းကျော် ဈေးမြင့်တက်လာ သလို ဒေါ်လာဈေးမှာလည်း တစ် ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတည်ငြိမ်နေတာကြောင့် ငွေ မကိုင်လိုသည့် ပဲကုန်သည်များ အဝယ်သွက်နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေး၊ ဒေါ်လာ ဈေးများ မြင့်တက်လာတာနှင့် အတူ ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးပဲမာလိုင်းများ လိုက်ပါ ဈေး မြင့်တက်လာကြောင်း ပို့ကုန်မတ် ပဲနှင့်ပဲစင်းငုံဒေါ်လာဈေး မြင့် တက်လာတာကြောင့် ယခင် သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ်...

Post

စိန်တလုံးသရက်သီးဈေးကောင်းရသော်လည်း ပြည်ပသို့ တင်ပို့နိုင်မှု လျော့ကျနေ

ရွှေမန်း ယခုနှစ်သရက်သီးရာသီတွင် အရည်အသွေးကောင်းသရက်သီး ထွက်ရှိမှုလျော့ကျတာကြောင့် ဈေးကောင်းရရှိသော်လည်း ပြည်ပ သို့တင်ပို့နိုင်မှုလျော့ကျကြောင်း သရက်သီး တင်ပို့သူများထံက သိရသည်။ ယခုနှစ်သရက်ရာသီတွင် ပြည်တွင်းသရက်သီးထွက်ရှိမှု လျော့ကျသလို ရာသီဥတုပူပြင်း တာကြောင့်လည်း အသီးအရွယ် ကြီးထွားမှုနည်းတာကြောင့်လည်း ပို့ကုန်အရည်အသွေးကောင်း သရက်သီးတင်ပို့နိုင်မှုလျော့ကျ နေခြင်းဖြစ်ကြောင်း၊ ယခင်နှစ် က ပြည်ပသို့ စိန်တလုံးသရက် သီး တန်ချိန် ၅၀ ကျော် တင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၂၀ ကျော်သာ တင်ပို့ နိုင်ကြောင်း ပြည်တွင်းဈေးကွက် မှာလည်း တန်ချိန် ၁၅ တန်ခန့် သာရောင်းချနိုင်ခဲ့ကြောင်း သဇင် နွယ်သရက်ခြံမှ ခြံမန်နေဂျာ ဦးဌေးအောင်က ပြောသည်။ “ ဒီနှစ်က အသီးကောင်းရှား တာရယ်ပြည်ပတင်တော့သင်္ဘော နောက်ကျတာတွေရှိတော့ မနှစ် ကထက် တင်ပို့မှုလျော့ကျပါတယ်။...

Post
တိမ်ညိုတွေထဲက အနာဂတ်အဆင်

တိမ်ညိုတွေထဲက အနာဂတ်အဆင်

ကောင်းဇော် အညာဒေသအတွက် အနောက်တောင်က လာတဲ့မိုးရိပ်လေရိပ်ကြည့်ကာ စိုက်ရေးပျိုးရေးပြင်ရတာဖြစ်ပါတယ်။ တခါတခါ အရှေ့ဘက်ဆီက မုန်တိုင်းအဖျားကနေရလာမယ့် မိုးရိပ်လေရိပ်ကနေလည်း မိုးကို အားပြုနိုင်ပါတယ်။မကွေးအရှေ့ဘက် ရွာတရွာက တောင်သူကြီးတဦးက မိုးမရွာသေးပေမယ့် အခြောက်ကျဲ ကျဲထားတဲ့ သူ့ယာ ၇ ဧကလောက်ကို ဂျောင်းကြားလိုက်ပြီး နှမ်းပက်ကျဲ လိုက်ထားတယ်။ ၁၅ကြောင်းကြားမှာ ပဲစဉ်းငုံကို အတန်းလိုက်ချထားပြီး အဲ့တာတွေအပေါ်မှာ တုန်းကြမ်းလိုက်ထားတယ်လို့ ဆိုရင်း “မိုးရွာရင်တော့ အပင် ပေါက်လာမယ်။ မနှစ်က ပဲ၊ နှမ်းရထားတော့ မျိုးပေါလို့ စွန့်ရဲတာ”လို့ ပြောပါတယ်။ သူက မိုးရွာရင် အပြိုင်အဆိုင် ထွန်ကြမှာဆိုတော့ ထွန်စက်က ရဖို့မလွယ်ဘူး။ အများစုကတော့ အပင်ရှင်နိုင်တဲ့ မိုးရွာချိန်ကျမှ စိုက်ကြသူများတယ်လို့ သိရတယ်။သူက “ရာသီဥတုကြည့်ပြီးပြီ။ မုန်တိုင်းက ခုလကုန် ဝင်လာဖို့များတယ်။ မုတ်သုန်ကလည်း ခုလနောက်ဆုံးပတ် ဝင်မယ်တဲ့။...

  • 1
  • 2
  • 5